October 18, 2012

အနက်ရောင်ရှိတဲ့ အာဖရိက မမ်ဗာမြွေဆိပ်မှ နာကျင်ကိုက်ခဲမှုကိုသက်သာစေတဲ့ ဆေးအဖြစ် ထုတ်ယူအသုံးပြုနိုင်


အာဖရိကတိုက်အတွင်းရှိ လူကိုသေစေနိုင်တဲ့ အနက်ရောင် မမ်ဗာမြွေဆိပ်မှ ဇီဝဓာတုဒြပ်ပေါင်းတစ်မျိုးကိုကြွက်များနဲ့ စမ်းသပ်ခဲ့ရာမှာ ဘေးထွက်ဆိုးကျိုး မဖြစ်စေဘဲ နာကျင်မှုဝေဒနာကို သက်သာစေကြောင်း  တွေ့ရှိရတဲ့အတွက် လူတို့တွင် အသုံးပြုလို့ရနိုင်မယ်လို့ မျှော်လင့်ထားကြောင်း သိပ္ပံပညာရှင်များရဲ့ ပြောကြားချက်ကို အောက်တိုဘာလ ၄ ရက် ကြာသာပတေးနေ့က ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။ အောက်တိုဘာလ ၃ ရက် ဗုဒ္ဓဟူးနေ့ထုတ် ဂျာနယ်နေးချားမှာ ပြင်သစ်သုတေသန ပညာရှင်များရဲ့ ရေးသားဖော်ပြချက်အရ အနက်ရောင်မမ်ဗာမြွေရဲ့ အဆိပ်မှ ထုတ်ယူရရှိတဲ့ ဘိန်း ကဲ့သို့သော မူးမေ့စေတဲ့ ဇီဝဓာတုဒြပ်ပေါင်းဟာ နာကျင်ကိုက်ခဲမှုကို သက်သာစေတဲ့ မော်ဖင်း (Moephine) ဆေးထက် ပိုမိုကောင်းမွန်တဲ့ ဆေးဝါးဖြစ်လာနိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။ လူတို့အတွက် အသုံးပြုနေတဲ့ မော်ဖင်းနဲ့ ဘိန်းအနွယ်ဝင် နာကျင်ကိုက်ခဲမှု သက်သာစေတဲ့ ဆေးဝါးများဟာ တခါတရံမှာ အသက်ရှူခက်ခဲမှု ဒါမှမဟုတ် အော့အန်မှုအစရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုပါတယ်။ အခုတွေ့ရှိခဲ့တဲ့ မမ်ဗာမြွေဆိပ်က ထုတ်လုပ်ရရှိတဲ့ နာကျင်ကိုက်ခဲမှု သက်သာစေတဲ့ ဆေးဝါးက ဘေးထွက်ဆိုးကျိုး မဖြစ်ပေါ်စေနိုင်ကြောင်း ပြင်သစ် သုတေသနပညာရှင် စာရေးဆရာ အန်းဘာရော်န်က အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။        

ခရမ်းချဉ်သီးက လေသင်တုန်းဖြတ်မည့် အန္တရာယ်ကို လျော့ချပေးနိုင်


ခရမ်းချဉ်သီး စားသုံးခြင်းက လေသင်တုန်းဖြတ်မည့် အန္တရာယ်ကို  ထူးထူးခြားခြား လျော့ချပေးနိုင်တဲ့အပြင် ဟင်းသီး ဟင်းရွက်နှင့် သီးနှံများက စွမ်းဆောင်ပေးတဲ့ အစာချေဖျက်နိုင်စွမ်း ပမာဏထက်လည်း ပိုမို လုပ်ဆောင်ပေးနိုင်စွမ်း ရှိတယ်လို့ အောက်တိုဘာလ ၈ ရက် တနင်္လာနေ့မှာ ထုတ်ပြန်လိုက်တဲ့ သုတေသန စာတမ်းတစ်စောင်အရ သိရှိရကြောင်း ဘန်ကောက်ပို့စ် သတင်းက ဖေါ်ပြထားပါတယ်။

ခရမ်းချဉ်သီးထဲမှာ အဓိကတွေ့ရှိရတဲ့ အချက်က ဓာတ်တိုးမှုကို ဆန့်ကျင်တဲ့ အရောင်ခြယ် ဓာတ်ပစ္စည်းများ ဖြစ်တယ်လို့ နူရိုလော်ဂျီဂျာနယ်မှာ ဖေါ်ပြထားပါတယ်။ သက်လတ်အရွယ် အမျိုးသား ၁၀၀၀ ကျော်ကို ပျမ်းမျှအားဖြင့် ၁၂ နှစ်တာ ကာလခန့် စောင့်ကြည့် လေ့လာခဲ့ရာမှာ ၎င်းတို့ရဲ့ သွေးအတွင်း ခရမမ်းချဉ်သီးထဲမှာ ပါဝင်တဲ့ ဓာတ်တိုးမှုကို ဆန့်ကျင်တဲ့ အနီရောင်ခြယ် ဓာတ်ပစ္စည်းများ မြင့်မားစွာ ပါဝင်နေသူတွေဟာ လေသင်တုန်းဖြတ်မယ့် အန္တရာယ်ကို ၅၅ ရာခိုင်နှုန်း လျော့ချပေးနိုင်တာကို သုတေသနပြုချက်အရ သိရှိရတယ်လို့ ဆိုပါတယ်။ သွေးခဲမှုကြောင့် သွေးလှည့်ပတ်မှု ပိတ်ဆို့ရာက ဖြစ်ပေါ်တဲ့ လေသင်တုန်း ဖြတ်ခြင်းအပေါ်မှာ သွေးအတွင်းရှိ ဓာတ်တိုးမှုကို ဆန့်ကျင်တဲ့ အနီရောင်ခြယ်ပေးတဲ့ ဓာတ်ပါဝင်မှုအဆင့်နဲ့ လေသင်တုန်း ဖြတ်ခြင်းတို့အကြား ဆက်နွယ်မှုရှိတယ်လို့ သုတေသန တွေ့ရှိချက် ဆိုထားပါတယ်။

ခြေစစ်ပွဲမှရသော မြန်မာအသင်းအတွက် သင်ခန်းစာများ


မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းမှာ ဆူဇူကီးဖလား ခြေစစ်ပွဲတွင် ရှုံးပွဲမရှိဘဲ အုပ်စုဗိုလ်ဖြင့်  ခြေစစ် ပွဲ အောင်ခဲ့သည်။ လေးပွဲကစားရာတွင် သုံးပွဲနိုင် တစ်ပွဲသရေဖြင့်  ရလဒ်ကောင်းခဲ့သော်လည်း ထိုခြေစစ်ပွဲမှ မြန်မာအသင်းအတွက် သင်ခန်းစာများလည်း ရခဲ့သည်။ ထိုသင်ခန်းစာများကို အချိန်မီ ဖြေရှင်းနိုင်ပါက ဒေသတွင်း  အဓိကပြိုင်ဘက်များနှင့် ယှဉ်ရမည့် ဆူဇူကီးဖလား နောက်ဆုံးအဆင့်တွင် အခြေအနေကောင်းမည် ဖြစ်သည်။ ခြေစစ်ပွဲအဆင့်တွင် ဒေသတွင်း အဆင့်နိမ့်သည့် အသင်းများနှင့် ယှဉ်ပြိုင်ခဲ့ရသော်လည်း လက်ရှိ မြန်မာအသင်းတွင် ခြေစွမ်း၊ ကျွမ်းကျင်မှုနှင့်  စိတ်လှုပ်ရှားဖွယ် ကစားကွက်မရှိဘဲ ယခင်ကထက် အနည်းငယ် တိုးတက်လာသည့် ကြံ့ခိုင်မှုအားကိုသာ အဓိက အားပြု ကစားသွားခြင်းဖြစ်ကြောင်း အားကစား လေ့လာသူများနှင့် ပရိသတ်များက ပြောသည်။ ပြိုင်ပွဲတစ်ခုအတွက် အသင်း၏ စုစည်းလေ့ကျင့်ချိန် နည်းပါးမှုက အခက်အခဲဖြစ်ကြောင်း မြန်မာအသင်း နည်းပြ ပတ်ဆောင်ဟွာ ဆိုခဲ့သည့်အတိုင်း    လာမည့် နိုင်ငံတကာ ပြိုင်ပွဲများ အတွက် မြန် မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သတိပြုရမည့်အချက် ဖြစ်သည်။ ခြေစစ်ပွဲ ပြီးဆုံးချိန်တွင် ပြည်တွင်း ရှုံးထွက်ဖလား ပြိုင်ပွဲရှိနေပြီး အဆိုပါပြိုင်ပွဲ ပြီးဆုံးမှသာ လက်ရွေးစင်အသင်းကို ပြန်လည် စခန်းသွင်း လေ့ကျင့်မှု ပြုရမည် ဖြစ်သည့်အတွက် ပတ်ဆောင်ဟွာအတွက် ခေါင်းခဲရဦးမည်သာ ဖြစ်သည်။ ထို့ကြောင့်  မြန်မာအသင်းနည်းပြ အနေဖြင့်လည်း ရရှိသည့် အချိန်ကာလတိုအတွင်း၌ အသင်းလိုက် စုစည်းမှု၊ ကြံ့ခိုင်မှုအပိုင်း၊ နည်းဗျူဟာ ပိုင်းလောက်သာ လေ့ကျင့်ပြင် ဆင်သွားမည် ဖြစ်ကြောင်း ခြေစစ်ပွဲများ အပြီးတွင် ပြောကြားခဲ့သည်။ ခြေစစ်ပွဲတွင် ဒဏ်ရာ အခြေအနေကြောင့်  အဓိကတိုက်စစ်မှူးများဖြစ်သည့် ကျော်ကိုကို နှင့် ရန်ပိုင်တို့ မပါဝင်နိုင်ချိန်တွင် နည်းပြအနေဖြင့်  ကွင်းလယ်က စားသမားများကို အားကိုးကာ တောင်ပံနှစ်ဖက်မှ အဓိက တိုက်စစ်ဆင်ကာ  ဂိုးရရှိရန် ကြိုးစားသွားခဲ့သည်။

"လက်ရှိ မြန်မာအသင်းမှာ ဘယ်သူက ဂိုးသွင်းနိုင်မလဲဆိုတာ အားနည်းပါတယ်။ နည်းပြကြီး အနေနဲ့ တောင်ပံကနေ ဂိုးရရှိဖို့ လုပ်တယ်ဆိုပေမယ့် ပိုပြီးလျင်မြန်တဲ့ အသင်းနဲ့ တွေ့ဆုံရင်  အဆင်ပြေနိုင်ပါ့မလားပေါ့။ လက်ရှိအနေအထားမှာလည်း ကွင်းလယ်နဲ့ တိုက်စစ်ပိုင်း ချိတ်ဆက်မှုက အားနည်းနေပါတယ်" ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ ဦးဝင်းသူမိုးက ပြောသည်။ ပတ်ဆောင်ဟွာ အနေဖြင့် မြန်မာယူ-၂၂  အသင်းကို ကိုင်တွယ်စဉ်ကပင်  ၄း၂း၃း၁ ကစားကွက်ကိုသာ အသုံးပြုခဲ့ပြီး လက်ရွေးစင် အသင်းကို ဆက်လက် ကိုင်တွယ်ချိန်တွင်လည်း အဆိုပါ ကစားကွက်ဖြင့်သာ ဆက်လက် အသုံးပြုခဲ့သည်။  “ဒီကစားကွက်ပုံစံက ဂိုးရနည်းနိုင်တယ်။ အလယ်တန်း အားပြုကစားတဲ့ပုံစံပေါ့။ အထောင် တိုက်စစ်မှူး ကောင်းကောင်းရှိရင် အဆင်ပြေနိုင်တယ်။ နောက် အလယ်တန်း ကစားသမားတွေရဲ့ ကျွမ်းကျင်မှုအပိုင်း အများကြီး လိုအပ်ပါတယ်။  လက်ရှိကစားသမားတွေရဲ့ အနေအထားအရ မရပါဘူး။ လက်ရှိ မြန်မာအသင်းမှာ  တစ်ဦးချင်း ကျွမ်းကျင်ပြီး ထူးချွန်တဲ့ တိုက်စစ်မှူး ရှိမနေဘူး။ ခြေစစ်ပွဲစဉ်တွေမှာ ကိုယ့်ထက် ပါဝါအားနည်းတဲ့ အသင်းနဲ့ တွေ့ရင် အဆင်ပြေနိုင်ပေမယ့် ပိုအားကောင်းတဲ့ အသင်းတွေနဲ့ဆို မလွယ်ပါဘူး။ လာအိုလို ဘောလုံးကိုင်ကစားတတ်တဲ့ အသင်းနဲ့တောင်မှ သိသာပါတယ်” ဟု အားကစား လေ့လာသူတစ်ဦးက သုံးသပ်သည်။

မြန်မာကစားသမားများနှင့် ရင်းနှီးသည့် ၄း၎း၂ ကစားကွက်မျိုးကို နည်းပြအနေဖြင့် ပြောင်းလဲရန် သင့်တော်နိုင်ကြောင်း ဦးဝင်းသူမိုးက အကြံပြုခဲ့ပြီး ပတ်ဆောင်ဟွာ အနေဖြင့်      ရှိသည့် ကစားသမားများပေါ် မူတည်ကာ ချိန်ဆနေရသည့်အတွက် ကစားကွက် အနေအထား ပြောင်းလဲ၊ မပြောင်းလဲကိုမူ ဖြေကြားခြင်း မရှိခဲ့ပေ။  မြန်မာအသင်း နောက်တန်း အနေအထား မှာ ခြေစစ်ပွဲစဉ်တစ်လျှောက်တွင် ပေးဂိုးတစ်ဂိုးသာ ရရှိခဲ့သော်လည်း ဒေသတွင်း အားနည်းသည့် ကစားသမားများကိုပင် ခက်ခဲစွာ ထိန်းသိမ်းခဲ့ရသည်။ ပတ်ဆောင်ဟွာကိုယ်တိုင် အားအနည်းဆုံးနေရာဟု ဝန်ခံထား သည့်  မြန်မာနောက်တန်း အနေဖြင့် အုပ်စုအဆင့်တွင် တွေ့ဆုံရမည့် ထိုင်း၊ ဗီယက်နမ် တိုက်စစ်မှူးများကို မည်ကဲ့သို့  ထိန်းသိမ်းမလဲဆိုသည့် ပုစ္ဆာမှာ အရေးကြီးသည်။ လက်ရွေးစင် ကစားသမားများ အနေဖြင့် ၎င်း၏ အခြေခံ လေ့ကျင့်ခန်းများကိုပင် လိုက်လုပ်နိုင်ရန် အားနည်းချက်များ ရှိသည်ဟု ဝန်ခံထားသော ပတ်ဆောင်ဟွာ၏ မြန်မာအသင်း အနေဖြင့် တစ်ပွဲချင်း နည်းဗျူဟာပိုင်းသာ အားကိုးရဖွယ်ရှိနေပြီး လာမည့်ပွဲစဉ်များတွင် နည်းပြ၏ အရည်အချင်းကို စောင့်ကြည့်ရမည် ဖြစ်သည်။ ပတ်ဆောင်ဟွာ အနေဖြင့်လည်း ရရှိသည့် အချိန်အနည်းငယ်အတွင်း အကောင်းဆုံး လုပ်ဆောင်သွားမည်ဟု နည်းပြတစ်ဦး၏ ဝတ္တရားအတိုင်း ပြောကြားခဲ့သော် လည်း ပြိုင်ဘက်အသင်းများ၏ အခြေအနေအကြောင်းအရာများကို မသိရှိရခြင်းက အခက်အခဲရှိနေကြောင်း ဆိုသည်။ ခြေစစ်ပွဲစဉ်များတွင်လည်း  ပြိုင်ဘက် မည်သည့် အသင်းအကြောင်းကိုမှ  မသိရှိရကြောင်းနှင့်  ဆက်လက်ရင်ဆိုင်ရမည့်  ပြိုင်ဘက် အသင်းများနှင့် ပတ်သက်၍ အချက်အလက်များ သိရှိလိုကြောင်း ဆိုထားသဖြင့် တာဝန်ရှိသူများ အနေဖြင့် ဖြည့်ဆည်းပေးနိုင်ရန် မျှော်လင့်ရသည်။ 

မြန်မာအသင်းသည် ဆူဇူကီးဖလား ခြေစစ်ပွဲတွင် အုပ်စုပထမ နေရာမှ အောင်မြင်ခဲ့သောကြောင့် ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင် အသင်းများ ပါဝင်သည့် အုပ်စု (က) တွင် သွားရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်ဖြစ်သည့် မြန်မာ-လာအို ပွဲစဉ်တွင် ထိုင်းအသင်းနည်းပြက သုဝဏ္ဏကွင်း အတွင်းသို့ လာရောက်ကြည့်ရှုခဲ့သည်။ ကစားသမားအချို့၏ ဒဏ်ရာရရှိမှု အခြေအနေ၊ အသင်းလိုက် စုစည်းချိန် အားနည်းမှု၊ ကျွမ်းကျင်မှု အားနည်းချက်များက ဆူဇူကီးဖလား ဝင်မည့် မြန်မာ အသင်းအတွက်  ဖိအားများ ဖြစ်ပေါ်လျက်ရှိပြီး အသင်းလိုက် စိတ်ဓာတ်၊ ကစားသမား ကြံ့ခိုင်မှုအားနှင့် နည်းပြဆရာ၏ တစ်ပွဲချင်း နည်းဗျူဟာပိုင်းများကသာ လာမည့် ပွဲစဉ်ရလဒ်များအတွက် အဆုံးအဖြတ် ဖြစ်လာတော့ မည်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်သည်။ ၂၀၁၂ ဆူဇူကီးဖလား နောက်ဆုံးအဆင့် ပွဲစဉ်များကို လာမည့် နိုဝင်ဘာ ၂၄ ရက်မှ ဒီဇင်ဘာ ၂၂ ရက်အထိ ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံများက လက်ခံကျင်းပသွားမည် ဖြစ်သည်။ ခြေစစ်ပွဲမှ အုပ်စု ဒုတိယ ရရှိခဲ့သည့် လာအိုအသင်းသည် မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူအသင်းများ  ပါဝင်သည့် အုပ်စု (ခ) တွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း မြှုပ်နှံထားခဲ့တဲ့ ဒုတိယ ကမ္ဘာစစ်အတွင်းက လေယာဉ်များကို ပြန်လည်ထူးဖေါ်မည်ဟုဆို


အောက်တိုဘာလ ၁၆ ရက်နေ့က နေပြည်တော်မှာရှိတဲ့ ရွိုင်ရယ်ကုမုဒြာ ဟိုတယ်မှာ  လေကြောင်း ပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာန၊ ရွှေတောင်ပေါ် ကုမ္ပဏီလီမိတက်နဲ့ ဗြိတိန်နိုင်ငံ DJC ကုမ္ပဏီမှ Mr.David J Cundall တို့ဟာ ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ မှာ မြှုပ်နှံထား ခဲ့တဲ့ လေယာဉ်များ လေယာဉ်နဲ့ ဆက်စပ်တဲ့ ပစ္စည်းကိရိယာ တန်ဆာပလာ များ ပြန်လည်တူးဖော် ပြီး ပြုပြင်တပ်ဆင်ခြင်းဆိုင်ရာ သဘောတူစာချုပ်အား လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ် ကာလဖြစ်တဲ့ ၁၉၃၅ မှ ၁၉၄၅ အတွင်းမှာ မဟာမိတ် တပ်ဖွဲ့များဟာ မြန်မာနိုင်ငံ ကနေ ပြန်လည်ဆုတ်ခွာစဉ်က Spitfire အမျိုးအစား လေယာဉ်အစီး ၆၀ နဲ့ လေယာဉ် ဆက်စပ်ပစ္စည်းတွေကို မြန်မာနိုင်ငံအတွင်းက မြစ်ကြီးနား၊ မင်္ဂလာဒုံ၊ မိတ္ထီလာမြို့တို့မှာ မြှုပ်နှံခဲ့တာဖြစ်ပြီး အဆိုပါ လေယာဉ်များနဲ့ ဆက်စပ်ပစ္စည်းများကို ပြန်လည်တူးဖေါ်မှာ ဖြစ်တယ်လို့ ဆိုပါ တယ်။ မြန်မာနိုင်ငံမှာ ဒုတိယကမ္ဘာစစ် အတွင်းက မြှုပ်နှံခဲ့တဲ့ လေယာဉ်များအနက် မြစ်ကြီးနားဒေသမှာ ၁၈ စီး၊ မင်္ဂလာဒုံ နယ်မြေမှာ ၃၆ စီး၊ မိတ္ထီလာ နယ်မြေ (သဲတော) မှာ ခြောက်စီး လေယာဉ်စုစုပေါင်း ၆၀ စီးအား ရှာဖွေတွေ့ရှိမယ်လို့ ယုံကြည်တာကြောင့် အမေရိကန် နိုင်ငံက (TSI) နဲ့ မြန်မာနိုင်ငံက ရွှေတောင်ပေါ် ကုမ္ပဏီတို့ ပူးပေါင်းပြီး နစ်မြုပ်နေတဲ့ လေယာဉ်များကို ပြန်လည်တူးဖော် ရှာဖွေခွင့် ပြုဖို့အတွက် ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးကနေတစ်ဆင့် အဆိုပြု တင်ပြခဲ့ခြင်း ဖြစ်ကြောင်း၊ အဲဒီလေယာဉ်များနဲ့ ဆက်စပ် ပစ္စည်းတွေကို ရှာဖွေတူးဖော်ရန်အတွက် သဘောတူ စာချုပ် ချုပ်ဆိုရာမှာ လုပ်ငန်းဆောင်ရွက်မှု ကာလ ၂ နှစ် သတ်မှတ်ဆောင်ရွက်ရန် သတ်မှတ်ထားပြီး၊ ပိုင်ဆိုင်မှု ခွဲဝေခြင်း အချိုးအနေနဲ့ မြန်မာနိုင်ငံ အစိုးရမှ ၅၀ ရာခိုင်နှုန်း၊ ဗြိတိန်နိုင်ငံ DJC ကုမ္ပဏီမှ ၃၀ ရာခိုင်နှုန်းနဲ့ ရွှေတောင်ပေါ် ကုမ္ပဏီက ၂၀ ရာခိုင်နှုန်း ခွဲဝေယူရန် သဘောတူ ထားတယ်လို့ပြောပါတယ်။ ဒါ့အပြင် လေယာဉ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို တူးဖော်တဲ့အခါ လေယာဉ်တွေ တွေ့ရှိလာခဲ့ရင် ပိုင်ဆိုင်မှု ခွဲဝေခြင်းနဲ့ မသက်ဆိုင်ရဘဲ လေယာဉ် ၁ စီးကို နိုင်ငံတော်အစိုးရကို သီးခြား ပေးလှူရမှာဖြစ်ပြီး ကျန်တဲ့ လေယာဉ် အရေအတွက်ပေါ်မှာသာ ပိုင်ဆိုင်မှု ခွဲဝေဖို့ သဘောတူထားပြီး ဖြစ်ပါတယ်'' ဟု ပို့ဆောင်ရေး ဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အဆိုပါ လေယာဉ်များနဲ့ ဆက်စပ်ပစ္စည်းတွေကို ရှာဖွေတူးဖော်ရခြင်းနဲ့ ပတ်သက်ပြီး ရွှေတောင်ပေါ် ကုမ္ပဏီလီမီတက်က တာဝန်ရှိသူ တစ်ဦးက ''ဒုတိယကမ္ဘာစစ် အတွင်းက လေယာဉ်တွေ ဖြစ်တဲ့အတွက် ပြန်ပြီး တူးဖော်တွေ့ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံနဲ့ ဗြိတိန်နိုင်ငံက ပြည်သူပြည်သားတွေတင် မကဘဲ ကမ္ဘာပေါ်မှာရှိတဲ့ ပြည်သူပြည်သားတွေ အားလုံး ကြည့်ရှုနိုင်ဖို့အတွက် ပြန်လည် ရှာဖွေတူးဖော်ဖို့ စီစဉ်ခဲ့တာပါ'' လို့ အောက်တိုဘာလ ၁၇ ရက်နေ့က ပြောပြခဲ့လို့ သိရပါတယ်။  

Source : http://www.yatanarpon.com.mm/

ငွေစက္ကူများ ဟောင်းနွမ်း စုတ်ပြဲနေပါစေ ငွေစက္ကူနံပါတ်ပါရှိက အသစ်ပြန်လဲပေးနေ

Photo

မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် ငွေစက္ကူများ ဟောင်းနွမ်း စုတ်ပြဲနေသည် ဖြစ်ပါစေ၊ ငွေစက္ကူနံပါတ် ပါရှိပါက မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် ငွေစက္ကူ အသစ်ဖြင့် ပြန်လည် ထုတ်ပေးမည် ဖြစ်ကြောင်း  မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “ငွေစက္ကူ အကြွေဆိုရင်လည်း ဘယ်လောက်ပဲ နွမ်းပါစေ၊ နံပါတ်ပါရင် ထုတ်ပေး မှာ ဖြစ်ပါတယ်။ လောလောဆယ် အသုံးပြုနေတဲ့ တစ်ဆယ်ကျပ်တန်ကနေ တစ်သောင်းထိပါပဲ။ ငွေစက္ကူနံပါတ် ပါနေရင်တော့ ပြန်လဲပေးမှာပါ” ဟု အဆိုပါ ဗဟိုဘဏ်မှ တာဝန်ရှိသူက ပြောကြားသွားသည်။ မြန်မာနိုင်ငံတော် ဗဟို ဘဏ်မှ ပြည်သူများ အသုံးပြုရန်အတွက် တရားဝင် ထုတ်ပေးထားသည့် မည်သည့် ငွေစက္ကူကိုမဆို၊ စုတ်ပြဲ ဟောင်းနွမ်းခြင်း၊ ဆေးစွန်းခြင်းများ ရှိသော်လည်း ငွေစက္ကူနံပါတ် ပါရှိပါက ဗဟိုဘဏ်မှ ပြန်လည် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ ပြည်သူများ အနေဖြင့် ဗဟိုဘဏ်မှ ထုတ်ပေးထားသည့် ငွေစက္ကူများကို ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ကြောင်း၊ အကြောင်း တစ်စုံတစ်ရာကြောင့် ဖျက်သိမ်းမည် ဆိုပါက မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အစိုးရထံ တင်ပြ၍ အတည်ပြုချက် ရယူပြီးမှသာ ပြည်သူထံ အသိပေးပြီးမှ ဖျက်သိမ်းနိုင်ကြောင်း ၎င်းက ပြောကြားသွားသည်။

Source : http://www.yatanarpon.com.mm/

မြန်မာ - လာအို ဘောလုံးပွဲတွင် လာအို နိုင်ငံအား အားပေးသည့် ထူးဆန်းသော မျိုးချစ် မြန်မာ ပရိတ်သတ်များ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ နေသောဆူဇူကီးဖလား ခြေစစ်ပွဲ၏ အုပ်စုနောက်ဆုံး ပွဲစဉ်တစ်ခုဖြစ်သော မြန်မာ အသင်းနှင့် လာအို အသင်းတို့၏ ပွဲတွင် မြန်မာပရိသတ်များမှာ လာအိုအသင်းသို့ ပြောင်းလဲ အားပေးခဲ့ကြောင်း အဆိုပါပွဲသို့ သွားရောက် သတင်းရယူနေသည့် The Voice Weekly သတင်းထောက်မှ သတင်းပေးပို့သည်။ "ဒီနေ့ပွဲက ခက်ခဲတဲ့ ပွဲတစ်ခုပါ။ ရာသီဥတုကလဲ အရမ်းပူပါတယ်။ ဒီအတွက် ကစားသမားတွေ ထင်သလောက် မကစားနိုင်တာကို ပရိသတ်တွေ နားလည်ပေးစေ ချင်ပါတယ်" ဟု မြန်မာနည်းပြ ပတ်ဆောင်ဟွာက ဆိုသည်။ ယနေ့မြန်မာအသင်းနှင့် ကစားခဲ့သော အုပ်စုနောက်ဆုံးပွဲစဉ်နှင့် ပတ်သက်၍ လာအိုအသင်း နည်းပြချုပ် ကူမာရာက " ဒီနေ့ပွဲနဲ့ ပတ်သက်လို့ ကံကောင်းတာ မကောင်းတာကို မပြောလိုတော့ပါဘူး၊ ရာသီဥတု ပူပြင်းမှု ကတော့ နှစ်သင်းလုံး ခံစားကြရတာပါပဲ။ မြန်မာပရိသတ်တွေက လာအို လာအိုလို့ ပွဲပြီးခါနီး မှာပြောင်းအားပေးတာကိုတွေ့ရတဲ့ အတွက် အံ့သြ ရတာတော့ အမှန်ပါ။ မြန်မာ အသင်းအတွက်တော့ မကောင်းဘူးပေါ့" ဟု ပွဲအပြီး သုံးသပ်ချက်တွင် ထည့်သွင်းပြောကြား သွားခဲ့သည်။ ပရိတ်သတ်များ မျှော်လင့်ထားသည့် အတိုင်း ဖြစ်မလာပါက မိမိအသင်း၏ ဆန့်ကျင်ဘက်ဖြစ်သော အသင်းသို့ပြောင်းလဲ အားပေးမှုများမှာ အခြားနိုင်ငံများ တွင်လည်း ဖြစ် တက်ကြောင်းနှင့်မြန်မာအသင်း၏ ကစားသမားအချို့တွင် နည်းပညာပိုင်းနှင့် သက်လုံပိုင်းတို့၌ အားနည်းမှုများ ရှိနေသေးကြောင်း မြန်မာအသင်း နည်းပြချုပ်က ပြောကြားသည်။ မြန်မာအသင်းအနေဖြင့်လာအိုအသင်းကို သရေကစားခဲ့သည့် အတွက် သုံးပွဲနိုင် တစ်ပွဲသရေ ရမှတ် ၁ဝ မှတ်ဖြင့် အုပ်စုပထမဖြင့် ခြေစစ်ပွဲအောင်သောကြောင့် ထိုင်းနိုင်ငံ ကအိမ်ရှင် အဖြစ်လက်ခံကျင်းပမည့် ဆူဇူကီးဖလား အုပ်စုပွဲစဉ် (က) တွင် ထိုင်း၊ ဖိလစ်ပိုင် ၊ ဗီယက်နမ် တို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ မြန်မာအသင်းနှင့် လာအိုအသင်းတို့ ၏ ပွဲစဉ်ကို ထိုင်းအသင်း နည်းပြချုပ် ရှက်ဖာနှင့် အဖွဲ့က လာရောက်ကြည့်ရှုခဲ့ကြသည်။

အပျိုစင်ညကိုရောင်းပြီးလှူမည့် အသက်၂၀ အရွယ် မိန်းကလေး


ဘရာဇီးနိုင်ငံမှ ကျောင်းသူတစ်ဦးဟာ ပြည်နယ်တစ်ခုမှဆင်းရဲချို့ တဲ့ နေကြသည့်  မိသားစု များနေထိုင်နိုင်ရန် အိမ်များဆောက် လုပ်ပေးမည့် ပရဟိတရန်ပုံငွေတစ်ရပ် ထူထောင်နိုင်ရန်အတွက် သူမရဲ့ အပျိုစင်ညကို လေလံ တင်ရောင်းချလျှက် ရှိနေပါတယ်။ အသက် ၂၀ အရွယ်ရှိ ကာတာရီနာ မစ်ဂလီယီုရီနီ ဟာယခု ဈေးပြိုင်ခေါ်ဈေး ဒေါ်လာ ၁၅၅၀၀ အထိရောက်နေပြီဖြစ်သည့် ထိုလေလံပွဲမှရသည့် ငွေအားလုံးအား ဘရာဇီးနိုင်ငံ တောင်ပိုင်းမှ သူမနေထိုင်ရာ ဆန်တာကာတာရီနာ ပြည်နယ်တွင်အစိုးရမဟုတ်သည့် အဖွဲ့ အစည်း မှတာဝန်ယူလှူ ဒါန်းဆေက်လုပ် မည့် ဆင်းရဲ သူဆင်းရဲသားများအတွက် (တန်ဖိုးနည်း )ခေတ်မှီအိမ်ရာစီမံကိန်းအတွက်လှူဒါန်းပေး အပ်မှာဖြစ်ပါတယ်။ သူမဟာ ကြေးစားပြည့် တန်ဆာတစ်ယောက်ဖြစ်သည်ဟူသော စွပ်စွဲချက်များအား ငြင်း ဆန်ယင်း သူမအနေဖြင့် အချစ်စစ် အချစ်မှန်အား ယုံကြည်လျှက်ရှိနေဆဲဖြစ်ကြောင်း သို့ သော်လည်း ယခုအခွင့် အလမ်း လုပ်ဆောင် ချက်ဖြင့် ကမ္ဘာကြီးအား ပိုမိုသာယာကောင်းမွန်အောင် ပြုလုပ်ပေးရာတွင် ပါဝင်ဆောင်ရွက်ခွင့်  အဖြစ်မှတ်ယူပါကြောင်းပြောကြားခဲ့ ပါတယ်။ သို့ သော်လည်း ကြံ့ ခိုင်ရေးပညာရပ်ဆိုင်ရာကျောင်းသူလေးဟာ သူမရဲ့  အာဝါဟလုပ်ပြီးလှူမယ့် အာဝါသ အလှူပွဲအတွက် သြစတေးလျရုပ်သံရိုက် ကူးရေးအဖွဲ့ ရဲ့ "အပျို စင်လိုချင်ပါတယ်။ အမည်ရှိ မှတ်တမ်းတင်ရုပ်သံအစီအစဉ်အား လက်ခံရိုက်ကူးပေးမှာမို့  အငြင်းပွားဖွယ်ရာတွေ ဖြစ်စေခဲ့ ပါတယ်။ " ကျွန်မကတော့ ဒါကို (မှတ်တမ်းရုပ်ရှင်ကို) စီးပွားရေးဆန်ဆန်ကိစ္စ တစ်ခုလို့ မြင်ပါတယ်။ ဒီမှတ်တမ်း ရုပ်ရှင်ရိုက်တဲ့ အတွက် ကျွန်မအနေနှင့် ခရီးသွားဖို့ အခွင့် အလမ်းတွေရမယ်.။ မှတ်တမ်းရုပ်ရှင်မှာပါဝင်ခွင့် ရတဲ့ အပြင် အပိုဆုကြေးလည်းရမှာဖြစ်ပါတယ်။ ဘ၀မှာတစ်ကြိမ်တစ်ခါပဲ ( အခကြေးငွေယူပြီး အမျိုးသားနှင့် အတူ အိပ်စက်ပျော် ပါးခြင်း ) ပြုလုပ်တာမို့ ပြည့် တန်ဆာတစ်ယောက်အဖြစ် မသတ်မှတ်နိုင်ပါဘူး။ ဓါတ်ပုံကောင်းလေး တစ်ပုံရိုက်ခဲ့ လိုက်ရုံနှင့် ဓါတ်ပုံဆရာအဖြစ် မခံယူနိုင်လိုသလိုပါပဲ။" လို့ သူမကရှင်းပြခဲ့ ပါတယ်... "လေလံပွဲဆိုတာ လည်းစီးပွားရေး သဘောဆန်ဆန် လုပ်တာပါပဲ။ ကျွန်မဟာ အချစ်ကိုကိုးကွယ် ယုံကြည်တဲ့ စိတ်ကူးယဉ် ဆန်တဲ့ မိန်းကလေး တစ်ဦးပါ.။ ဒါပေမယ့် ဒီအတွက်ကြောင့် လည်း ကျွန်မအနေနှင့် အပြောင်းလဲကြီးပြောင်း လဲရပါလိမ့် မယ်။" လို့ သူမက ဖိုလ်ဟာ သတင်းစာကိုပြောကြား ခဲ့ ပါတယ်။ . အီတလီအဆက်အနွယ်ဖြစ်သည့် ကာတာရီနာဟာ ထိုရုပ်သံအစဉ် အစဉ်အား လွန်ခဲ့ သည့်  ၂ နှစ်ခန့် က သောမတ်စ်ဝီလီယံ ရိုက်ကူးထုတ် လုပ်ရေးကုမ္ပဏီမှ အပျိုစင်တစ်ဦးအား ရိုက်ကူး၇န်ရှာ ဖွေနေစဉ်သိရှိခဲ့ ပြီး ပါဝင်ရန်သဘောတူလက်မှတ်ရေးထိုးခဲ့  တာဖြစ်ပါတယ်။ ဒါရိုက်တာ ဂျပ်စ်တင်စစ်စ်လေအနေဖြင့် သူမအား ပထမဦးဆုံးအကြိမ် ချစ်တင်း မနှော ခင်နှင့် ချစ်တင်းနှောပြီးနောက် သူမရဲ့ စိတ်ခံစားမှုများ အား မှတ်တမ်းတင်ရိုက်ကူးမှာဖြစ်ပါတယ်။ လူပျိုအစစ် အဖြစ်ရိုက်ကူးမှတ်တမ်း တင်ရန် အချစ်ရေးတွင်အတွေ့  အကြုံမရှိ ဘူးသေးသည့် လူပျိုလေး အလက်ဇန္ဒား ကိုလည်းရွေး ချယ်ထားပါတယ်. အောက်တိုဘာလ ၁၅ ရက်နေ့ တွင်အဆုံး သတ်မည့် ထိုလေလံပွဲမှ ငွေ၏ ၉၀ ရာခိုင်နှုံးဖြစ်သည့် ဒေါ်လာ ၂၀၀၀၀ အား သူမအနေနှင့်  ရရှိမည်ဖြစ်ပါတယ်။ လေလံပွဲတွင် ဈေးအမြင့် ဆုံးပေးသူအား အပျိုစင်မလေးနှင့် ချစ်တင်း မနှောမှီ ကာလသားရောဂါရှိမရှိ ဆေးစစ်မှာဖြစ်ပြီး ပြည့် တန်ဆာဥပဒေ အားရှောင် ရှားကျော်လွှား နိုင်ရန် သြစတေးလျမှ အမေရိကသို့ သွားသည့် လေ ယာဉ်တစ်စင်းပေါ်တွင် ဝေ့ဟင်တွင် ဆင်နွှဲသည့် အချစ်ပွဲ ကိုပြုလုပ်ကြရမှာဖြစ်ပါတယ်။ လိင်ဆက်ဆံရာတွင် ရာဘာအစွပ်ကိုမဖြစ်မနေအသုံးပြုရမှာဖြစ်ပြီး ကာတာရီနာကတော့ သူမအနေဖြင့် အချစ်ရေးနှင့် ပါတ်သတ်ပြီး ယခင်ကလုံးဝအတွေ့ အကြုံမရှိခဲ့ တာသေချာကြောင်း သက် သေပြဖို့ အသင့် ပြင်ထားပြီးဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်.။

တက္ကသိုလ်ဝင်တန်းမေးခွန်း လွှတ်တော်၌သာ အတည်ပြုမည်


တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းကိစ္စနှင့် ဝိဇ္ဇာ-သိပ္ပံဘာသာတွဲများ တွဲခြင်း၊ ခွဲခြင်းကိစ္စရပ်တို့ကို လွှတ်တော် ၌သာ အတည်ပြုတော့မည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။ ''လက်ရှိ အတိုင်းပဲသွားမှာ လား ဒါမှ မဟုတ်ပြောင်းမှာလား၊ ဒါကို လွှတ်တော်မှာပဲ စုပေါင်း ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချတော့ မယ်''ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ ထိုကဲ့သို့ ဆွေးနွေးမှုတို့ကို ယခုကျင်းပမည့် ပထမအကြိမ် ပဉ္စမပုံမှန် အစည်းအဝေးတွင် ပြု လုပ်သွားဖွယ်ရှိလိမ့်မည်ဟု ဒုတိယ ဝန်ကြီးက ဆက်ပြောသည်။ နိုင်ငံတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းကို တစ်နိုင်ငံလုံး တွင် ယခင်က တစ်စုံတည်းထုတ်၍ စစ်ဆေးမှုပြုခဲ့သော်လည်း ၂ဝဝဝ ခုနှစ် နောက်ပိုင်းကာလမှစကာ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် အပါအဝင် နိုင်ငံခြားစာ စစ်ဌာနမေးခွန်း ၁၁ စုံထုတ်ခြင်း တို့နှင့်အတူ ဝိဇ္ဇာ၊ သိပ္ပံနှင့် ဝိပ္ပံ ဘာသာရပ်ခွဲခြင်းတို့ကို ပညာရေး ဝန်ကြီးဌာနက ပြုလုပ်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ တွဲဖက် ပါမောက္ခတစ်ဦးက ထိုစဉ်အချိန်က ဗိုလ်ချုပ်ကြီးခင်ညွန့် ဦးဆောင်၍ မည်သို့သောမူဝါဒကို အခြေခံကာ ဆောင်ရွက် ခဲ့သည်ကို သေချာမ ပြောနိုင်သော်လည်း မေးခွန်းအစုံ များခြင်းကြောင့် မေးခွန်းလွယ်ခြင်း ခက်ခြင်းများ ဖြစ်လာကာ ညီမျှမှု မရှိခြင်းတို့ကြုံလာပါကြောင်း သူ၏ အတွေ့အကြုံကို အခြေခံကာ ပြော သည်။ သို့သော်မေး ခွန်းများခြင်း ကြောင့် မေးခွန်းလုံခြုံမှုတွင် ပို၍ စိတ်ချရ ကာ ပေါက်ကြားရန် ခက် သည်ဟု တွဲဖက်ပါမောက္ခက ထပ် လောင်း ဆိုသည်။ ရန်ကုန် တက္ကသိုလ်က ကထိ က ဒေါက်တာတစ်ဦးကမူ လွှတ် တော် တွင် ဆွေးနွေးရန် အစီအစဉ် ရှိမှုကိုကြိုဆိုခဲ့ပြီး ဝိဇ္ဇာ-သိပ္ပံတွဲခြင်း၊ ခွဲခြင်းကိုမူ ဝါရင့်တက္ကသိုလ်ဆရာ အချို့က စင်ကာပူကဲ့သို့သော အိမ်နီးချင်းနိုင်ငံများနှင့် အင်္ဂလန် GCE 'O' Level  ကဲ့သို့သော စာမေးပွဲမေးခွန်းတို့ကို အခြေပြုကာ ၄င်းတို့လည်း ခွဲထားသည်ကို ကြည့် ခြင်းဖြင့်ခွဲသည်က ကောင်းသည်ဟု မှတ်ချက်ပြုသည်။ 

Source : http://www.myanmarexpress.net

မနက် အိပ်ယာထချိန် ငှက်ပျောသီး စားသင့်မစားသင့် (ဝမ်းထဲ အစာမရှိချိန် ငှက်ပျောသီး စားသင့်မစားသင့်)


အချို့သောလူများဟာ ငှက်ပျောသီးကို ဗိုက်ဆာနေတဲ့ အချိန် အစာပြေစေရန် စားတတ်ကြ ပါတယ်။ အချို့ကျ တော့ အဆီကျစေရန် ရည်ရွယ်ချက်ဖြင့် ငှက်ပျောသီးကို အိပ်ယာထချိန်မှာ မှီဝဲတတ်ကြပါတယ်။ အမှန်တော့ ငှက်ပျောသီးဆိုတာ အစာစားပြီးတဲ့အခါမှ စားသင့်တဲ့ သွားရည်စာ တစ်မျိုးဖြစ်ပါတယ်။ နိုင်ငံတကာ မှ ဆေးပညာရှင် သုတေသနအဖွဲ့များက အမျိုးမျိုးအဖြေထုတ် ကြပါတယ်။ တွေ့ရှိချက်များကတော့ 

၁။ ငှက်ပျောသီးဟာ မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝပါတယ်။ ဒါကြောင့် ဗိုက်ထဲမှာ အစာမရှိတဲ့အချိန် ငှက်ပျောသီး စားမိရင် သွေးထဲမှာ မဂ္ဂနီဆီယမ် ဓာတ် မြင့်တက်လာပြီး သွေးလည်ပတ်မှုနှုန်းကို မြန်ဆန်စေပါတယ်။ အကျိုးဆက်အားဖြင့် Heart Attack လို့ခေါ်တဲ့ ရုတ်တရက် နှလုံးခုန်ရပ် တန့်ခြင်း၊ မူးမေ့ခြင်းများ ဖြစ်တတ်ပါတယ်။ 

၂။ ငှက်ပျော်သီးမှာ ကယ်လိုရီ ၆၀ မှ ၁၈၀ အထိပါဝင်ပါတယ်။ ကယ်လိုရီဓာတ် အင်မတန်ကြွယ်ဝတဲ့ အစားအစာဖြစ်ပြီး မနက်စာအနေနဲ့ ငှက်ပျော်သီး စားသုံးလိုက်ပြီး နေ့လည်၊ညနေ တွေမှာ သာမန်အစား အသောက်များ စားသုံး တဲ့အခါ ကယ်လိုရီဓာတ် လွန်ကျွန်မှုကို ဖြစ်စေပါတယ်။ အကျိုးဆက်ကတော့ တစ်ရက်၊တစ်ရက်ကို ကယ်လိုရီ ထောင်ကျော် တိုးနေစေခြင်းဖြစ်ပါတယ်။ ဒါကြောင့် ပိုဝလာနိုင်ချေများပါတယ်။ အခြား ကျန်းမာရေး ဆိုးကျိုးများ လည်း ဖြစ်နိုင်ချေရှိပါတယ်။ ငှက်ပျောသီးဆိုတာ အစာစားပြီးနောက် စားသုံးခြင်းသာ အကောင်းဆုံး ဖြစ်ပြီး မလိုအပ်တဲ့ အခြား ခန္ဓာကိုယ်မှ မလိုအပ်သည့် ဓာတ်များကို လောင်ကျွမ်းစေ ပါတယ်။ ဒါမှ အမှန်တကယ် ပိန်လာစေမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ အစာမရှိချိန် စားသုံးမိရင်တော့ အထက်ပါ တွေ့ရှိချက်များ အတိုင်း Heart attack ဖြစ်ခြင်း၊ ပိုဝလာနိုင်ချေ ရှိခြင်းတို့ ကို ကြုံတွေ့ ရမှာ ဖြစ်ပါတယ်။

Source : http://www.myanmarexpress.net

ရေခဲသေတ္တာထဲသို့ အမြဲထည့်မထားသင့်သော အစားအသောက်များ


တချို့အစားအစာတွေကို ကျန်းမာရေးကောင်းစေတယ်လို့ ထင်မှတ်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းဆည်းပြီး စားသုံးလေ့ရှိကြပါတယ်။ ဒါပေမဲ့ တချို့အစာတွေဟာ သင်ထင်သလိုမဟုတ်ဘဲ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် အောက်ပါအစားအသောက်တွေက အမြဲနေ့စဉ်စားသုံးရင် အန္တရာယ်ရှိနိုင်တာကြောင့် သင့်အိမ်ရှိ ရေခဲသေတ္တာထဲ အမြဲထည့်မထားသင့်ပါဘူး။

၁။ နို့နဲ့ နို့ထွက်ပစ္စည်း
နို့နဲ့ နို့ထွက်ပစ္စည်းမှာ ကယ်လ်စီယမ် ပါဝင်တာကြောင့် အဓိက စားသုံးသင့်တယ်လို့ လူအများစုက ထင်မှတ်ထား ကြပါတယ်။ တရုတ်နိုင်ငံမှာ မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုအရ နို့နဲ့ နို့ထွက်ပစ္စည်းဟာ အရိုးကျန်းမာရေးအတွက် အသုံးမဝင်ရုံမက နို့ထွက်ပစ္စည်း များများ အသုံးပြုတာကြောင့် အရိုးပါးရောဂါနဲ့ ဆက်စပ်နေတဲ့ အရိုးကျိုးနိုင်ခြေ ပိုမြင့်မားတယ်လို့ တွေ့ရှိခဲ့ပါတယ်။ နို့ထွက်ပစ္စည်းတွေဟာ ခန္ဓာကိုယ်အတွင်း အက်စစ်ဓာတ်ဖြစ်စေတာကြောင့်လို့ ဆိုပါတယ်။ အက်စစ်ဓာတ်ပြယ်ဖို့အတွက် ခန္ဓာကိုယ်က အရိုးထဲမှ ဆားတွေကို ဆွဲထုတ်လိုက်ရတာကြောင့် အရိုးတွေ အားနည်းသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လူအများစုဟာ နို့နဲ့ နို့ထွက်ပစ္စည်းမှာ ပါဝင်တဲ့ Lactose ခေါ်တဲ့ သကြားတစ်မျိုးနဲ့ Casein ခေါ်တဲ့ ပရိုတင်း အမျိုးအစားကို ခံနိုင်ရည်နည်းကြပါတယ်။ နို့ထွက်ပစ္စည်းမှာ ပါဝင်တဲ့ rGBH ခေါ်တဲ့ ဟော်မုန်းဟာလည်း တချို့ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို မြင့်မားစေနိုင်ပါတယ်။

၂။ မွေးမြူရေးကြက်ဥ
မွးမြူရေးကြက်ဥတွေမှာ ပဋိဇီဝဆေးဝါးတွေ၊ ဟော်မုန်းတွေ၊ ပိုးသတ်ဆေးတေ၊ ဆာမိုနဲလားနဲ့ တခြား ဘက်တီးရီးယားပိုးမွှားတွေ ပါဝင်တတ်ပါတယ်။ အကယ်၍ ကြက်ဥ စားတော့မယ်ဆိုရင် အိမ်မွေးကြက်ဥနဲ့ သြဂဲနစ်နည်းပညာနဲ့ မွေးမြူထားတဲ့ ကြက်ဥတွေကို စားပါ။

၃။ မာဂျရင်းနှင့် ထောပတ် 
မာဂျရင်းမှာ ထပ်ပြန်ကြော်ဆီတွေနဲ့ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ တခြားဓာတုပစ္စည်းတွေ အများအပြား ပါဝင်ပါတယ်။ ထောပတ်မှာ တိရစ္ဆာန်မှရရှိတဲ့ ပြည့်ဝဆီတွေ အများအပြား ပါဝင်တာကြောင့် နှလုံးကို ပျက်စီးစေနိုင်ပါတယ်။ နှစ်မျိုးစလုံးမှ ကယ်လိုရီ အများအပြား ရရှိနိုင်ပြီး သွေးတွင်းကိုလက်စထရော အဆင့်ကိုလည်း မြင့်မားစေနိုင်ပါတယ်။

၎။ မေရိုးနိစ်
မရိုးနိစ်မှာ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ ပဲပိစပ်အဆီတွေ ပါဝင်ပါတယ်။ သုတေသနပြုလုပ်ချက်အရ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ အစားအစာတွေဟာ မြုံတာ၊ မွေးကင်းစကလေး သေဆုံးတာတို့နဲ့ ဆက်စပ်နေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ မေရိုးနိစ်ရဲ့ သွင်ပြင်သဏ္ဌာန်ဟာလည်း အဆီအခဲပျစ်ပျစ်တွေနဲ့ တူညီနေတာမို့ အဆီပါဝင်မှု များပြားနေမယ်ဆိုတာ အမှန်အကန်ပါ။ ဒီအစာတွေ စားတာကြောင့် ခန္ဓာကိုယ်မှာ အဆီစုဆောင်းမှုတွေလည်း များပြားနိုင်ပါတယ်။ 

၅။ Ketchup (ဆော့စ်အမျိုးမျိုး) 
Ketchup တွေမှာ ဖရုတို့စ် ပါဝင်မှုများတဲ့ ပြောင်းဖူးအချိုရည် (High-frutose corn syrup, HFCS) နဲ့ တခြားဓာတုပစ္စည်းတွေ အများအပြား ပါဝင်ပါတယ်။ သစ်သီးတွေမှာ HFCS ဟာ အနည်းငယ် ပါဝင်ပေမယ့် သူတို့မှာ အမျှင်ဓာတ်၊ ဗီတာမင်စီနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါ ပါဝင်တာမို့ ခန္ဓာကိုယ်တွင်းမှာ ဖရုတို့စ်ကို ထိရောက်စွာ ချေဖျက်နိုင်ပါတယ်။ HFCS ပါဝင်မှု များပြားတဲ့ အစားအစာတွေကိုမူ အသည်းမှ ချေဖျက်နိုင်စွမ်း အရမ်းခက်ခဲသွားပါတယ်။ ဒါကြောင့် အသည်းအဆီဖုံးတာ၊ ထရိုင်ဂလစ်စရိုက်အဆင့် မြင့်မားတာ အစရှိတဲ့ ပြဿနာတွေအပြင် ခန္ဓာကိုယ်မှ အစာစားချင်စိတ်ကို အချက်ပြတဲ့ စနစ်တွေပါ ပျက်စီးစေနိုင်ပါတယ်။ ဒါ့အပြင် အမျိုးအစား (၂) ဆီးချိုရောဂါနဲ့ Metabolic Syndrome ဖြစ်နိုင်ခြေလည်း မြင့်မားသွားပါတယ်။

၆။ စူပါမားကက်ရှိ ဟင်းရွက်သုပ်ရာတွင် ထည့်သောပစ္စည်း (Salad Dressings) 
ဒီ Dressings တွေမှာ ဓာတုပစ္စည်းတွေ၊ တာရှည်ခံပစ္စည်းတွေ၊ သကြား၊ HFCS ၊ နို့ထွက်ပစ္စည်းနဲ့ မျိုးရိုးဗီဇပြုပြင်ထားတဲ့ အစာတွေ ပါဝင်ပါတယ်။ ရှလကာရည်၊ သံလွင်ဆီနဲ့ ဟင်းခတ်အမွေးအကြိုင်တွေကို အသုံးပြုပြီး ဟင်းသီးဟင်းရွက်တွေနဲ့ သုပ်စားပါ။ အသားလွှာ အဆီပါဝင်မှုနည်းတဲ့ အသားလွှာမှာတောင် ပါဝင်တဲ့ပစ္စည်းတွေဟာ ကျန်းမာရေးအတွက် အန္တရာယ်များပါတယ်။ အသားလွှာတွေ ပါးစပ်ထဲမှာ အလွယ်တကူ ပျော်ဝင်သွားစေနိုင်ဖို့ ဆား၊ သကြားနဲ့ ဓာတုပစ္စည်းတွေကို အသုံးပြုရလို့ပါ။ တာရှည်ခံပစ္စည်းနဲ့ အရောင်ဆိုးပစ္စည်းတွေကိုလည်း အသုံးပြုထားပါတယ်။

၇။ ပြုပြင်ထားသည့် အသားများနှင့် ဝက်ပေါင်ခြောက် 
ဝက်အူချောင်းနဲ့ ဝက်ပေါင်ခြောက်လိုမျိုး ပြုပြင်ထားတဲ့ အစားအစာတွေဟာ ကျန်းမာရေးအတွက် အန္တရာယ်များ ပါတယ်။ လေ့လာမှုတစ်ခုအရ ပြုပြင်ထားတဲ့ အစာတွေ စားတာကြောင့် မုန့်ချိုအိတ်ကင်ဆာဖြစ်နှုန်း ၆၇ ရာခိုင်နှုန်း မြင့်တက်နိုင်တယ်လို့ သိရပါတယ်။

၈။ ဒိန်ချဉ် 
ဒိန်ချဉ်မှာ လူ့အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် အကျိုးရှိတယ်လို့ လူအများ ထင်မှတ်ကြပါတယ်။ ဒါပေမဲ့ ဒိန်ချဉ်ဟာ ပိုးသတ်ထားတဲ့ နို့နဲ့ ပြုလုပ်ထားတာဖြစ်ပြီး သူ့မှာ Lactose နဲ့ Casein တွေအပြင် နို့ထွက်ပစ္စည်းမှာ ပါဝင်တဲ့ အရာတွေအားလုံး ပါဝင်ပါတယ်။

၉။ တိုဟူး 
အသားကို စားမယ့်အစား တိုဟူးကို စားမယ်ဆိုရင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးရနိုင်တယ်လို့ လူအများ ထင်မှတ်ကြပါတယ်။ တိုဟူးဟာ ပဲပိစပ် ထုတ်ကုန်တစ်မျိုးပါ။ အမေရိကန်မှ ထုတ်လုပ်တဲ့ ပဲပိစပ်တွေရဲ့ ၈၇ ရာခိုင်နှုန်းဟာ မျိုးရိုးဗီဇ ပြုပြင်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပဲပိစပ်ဟာ တချို့ ကင်ဆာရောဂါ၊ သိုင်းရွိုက်ရောဂါ၊ မြုံတာ အပါအဝင် ကျန်းမာရေးပြဿနာတချို့နဲ့ ဆက်စပ်နေပါတယ်။ ကောက်နှံတစ်ခုလုံး ပါဝင်စာတွေ စားပေးရင် အသားဓာတ်ကို အများအပြား ရရှိနိုင်ပါတယ်။ 

၁၀။ ဖျော်ရည်
ဖျာ်ရည်တွေမှာ သကြားအများအပြား ပါဝင်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ် အနည်းငယ်သာ ပါဝင်ပြီး ကယ်လိုရီ အများအပြားလည်း ပါဝင်တာမို့ သွေးတွင်း သကြားဓာတ်ကိုလည်း မြင့်တက်စေနိုင်တဲ့အပြင် အစာစားချင်စိတ်ကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ စူပါမားကက်မှာ တင်ရောင်းထားတဲ့ ဖျော်ရည်တွေဟာ ပိုးသတ်ထားတာတွေ ဖြစ်တာကြောင့် အာဟာရဓာတ်တွေ အများအပြား ဆုံးရှုံးပြီးသား ဖြစ်ပါတယ်။

၁၁။ ဆော်ဒါ
ဆ်ာဒါဟာ ခန္ဓာကိုယ်တွင်း အက်ဆစ်ဓာတ်ကို ဖြစ်စေတဲ့အပြင် သူ့မှာလည်း HFCS တွေ အများအပြား ပါဝင်ပါတယ်။ Diet ဆော်ဒါမှာ ဆေးသကြားတွေ ပါဝင်တာကြောင့် အဲဒီနှစ်မျိုးစလုံးဟာ ကိုယ်အလေးချိန် ပြဿနာကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ရေခဲသေတ္တာအတွင်း ထည့်သင့်သည့် အစားအစာများ 
 - အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ 
 - ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သစ်သီးဝလံများ
 - သြဂဲနစ် သစ်သီးများ
 - ရှလကာရည် 
 - သြဂဲနစ် ကြက်ဥ
 - ဗာဒံစေ့ 
 - ထောပတ်သီး 
 - ပဲအမျိုးမျိုး
 - လတ်လတ်ဆတ်ဆတ် အသားများ

Source : http://www.myanmarexpress.net

ချောကလက်စားသုံးကြသူများဦးနှောက်ကျန်းမာရေး ကောင်းမွန်နိုင်ဟုဆို


ချောကလက်စားသုံးပေးခြင်းဖြင့် ဦးနှောက်ကျန်းမာရေးတိုးတက်ကောင်းမွန် စေနိုင်ပြီး လေဖြတ်ခြင်းမှ ကာကွယ်ပေးနိုင်စွမ်းရှိကြောင်း ဆွီဒင်သုတေသန ပညာရှင်များက လေ့လာတွေ့ရှိထားသည်။ဆွီဒင်နိုင်ငံ ကာရိုလင်စကာသုတေ သနဌာနမှ သုတေသီများသည် ချောကလက်စားသုံးသော အမျိုးသား ၃၇ဝဝဝ အား လေ့လာခဲ့ရာမှ အထက်ပါအတိုင်း လေ့လာတွေ့ရှိခဲ့ကြသည်ဟု ဆိုသည်။ သုတေသီများသည် ချောကလက်စားသုံးသော ဆွီဒင်နိုင်ငံသား များအား အုပ်စုလေးစုခွဲပြီး လေ့လာခဲ့ခြင်းဖြစ်သည်။ ယင်းတို့အနက် ချောကလက်အများဆုံး စားသောအဖွဲ့သည် လေဖြတ်ခြင်းကို ထိရောက်စွာ ကာကွယ်ပေးနိုင်စွမ်းရှိကြောင်း တွေ့ရသည်ဟု ဆိုသည်။ အများဆုံး စားသုံးသူများမှာ တစ်ပတ်လျှင် ချောကလက် ၆၃ကီလိုဂရမ်အထိ စားသုံးကြသည်ဟု ဆိုသည်။ ချောကလက်စားသုံးမှုနှင့် လေဖြတ်ခြင်းတို့ ဆက်စပ်မှုရှိနိုင်ကြောင်း ကာရိုလင်စကာတက္ကသိုလ်မှ ပါမောက္ခ ဆူဆန်နား လာဆင်က ပြောကြားသည်။ 

Source : http://www.myanmarexpress.net

ငြိမ်းချမ်းရေးနိုဘယ်ဆုရသဖြင့် ဗြိတိန်တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာအား ၂ဝ၁၃ ခုနှစ်တွင် အာဖဂန်နစ္စတန်နိုင်ငံမှ ရုပ်သိမ်းသွားမည်



ဗြိတိန်တပ်ဖွဲ့ဝင် ထောင်ပေါင်း များစွာအား ၂ဝ၁၃ ခုနှစ်တွင် အာဖဂန် နစ္စတန်နိုင်ငံမှ ရုပ်သိမ်းသွားမည် ဖြစ်ကြောင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီး Philip Hammod က အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပြောကြား ခဲ့သည်ဟု AP သတင်း တစ်ရပ်အရ သိရှိရ ပါသည်။ အာဖဂန် နစ္စတန်ရှိ ဗြိတိန် တပ်ဖွဲ့ဝင် ၉၅ဝဝ အနက် ၅ဝဝ ဦးအား ၂ဝ၁၂ ခုနှစ်အတွင်း ရုပ်သိမ်း သွားမည် ဖြစ်ပါသည်။ အာဖဂန်တွင် ကျန်ရှိသော နိုင်ငံတကာ တပ်ဖွဲ့ဝင် များက အာဖဂန် တပ်ဖွဲ့များ ထံသို့ လုံခြုံရေး တာဝန်လွှဲပြောင်း ပေးမည့် ၂ဝ၁၄ ခုနှစ် ကုန်ပိုင်းတွင် နိုင်ငံ သို့ ပြန် လည် ရောက်ရှိလာမည် ဖြစ်ကြောင်း သိရှိရပါသည်။ သို့ရာတွင် ၂ဝ၁၃ ခုနှစ်တွင် တပ်ဖွဲ့ဝင် မည်မျှ ရုပ်သိမ်းမည် ဆိုသည်ကိုမူ အတိအကျ ထုတ်ဖော် ပြောကြား ခဲ့ခြင်း မရှိပါ။ ၎င်းသည် ၂ဝ၁၃ ခုနှစ်ကုန်ပိုင်းတွင် အာဖဂန်နစ္စတန်ရှိ တပ်ဖွဲ့ဝင် အရေအတွက်ကို သိသိသာသာ လျှော့ချသွားရေး စီစဉ်ထားကြောင်း Philip Hammod ကပြောကြား ခဲ့ပါသည်။ ၂ဝ၁၁ ခုနှစ်မှ စတင်၍ ယခု အချိန်ထိ ဗြိတိန် တပ်ဖွဲ့ဝင် ၄၃၃ ဦးသည် အာဖဂန် နစ္စတန်နိုင်ငံတွင် သေဆုံးခဲ့ ရကြောင်း သိရှိရပါသည်။ 

Source : http://www.myanmarexpress.net

Scotland လွတ်လပ်ရေး ရတော့မယ်



နှစ်ပေါင်း ၇၀၀ လောက် အင်္ဂလိပ် လူမျိုးအောက် ရောက်နေခဲ့တဲ့ စကော့တလန် ပြည်နယ်ဟာ၊ သိပ်မကြာခင်မှာ လွတ်လပ်ရေး ရတော့မှာ ဖြစ်ပါတယ်။ ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကမ်မရွန်းကနေ စကော့တလန် အတွင်းနေထိုင်တဲ့ ပြည်သူတွေရဲ့ လူထုခံယူပွဲ (Referendum) လုပ်ဖို့ သဘောတူ လက်မှတ် ထိုးပေးလိုက်ပါပြီ။ နှစ်ပေါင်း ဘယ်လောက်ကြာနေပြီ ဖြစ်သော်လဲ၊ တခါတုန်းက နေမ၀င် အင်ပါယာ ကြီးထူထောင်နိုင်ခဲ့ကြသော်လည်း၊ နိုင်ငံ့ တ၀က်လောက် ဆုံးရှုံးရမဲ့ အရေး ဖြစ်သော်လည်း၊ လောက ပါလ တရားကို ဆန့်ကျင်ပြီး မလုပ်ကောင်းမှန်း သိလာတဲ့ အခါမှာ သူတို့ မငြင်းနိုင်တော့ပါဘူး။ ဒါတွေကြောင့်လဲ အင်္ဂလိပ်လူမျိုးတွေရဲ့ ဂုဏ်သိက္ခာ ဆက်လက်ရှင်သန် နေခဲ့တာပါ။ စကော့တလန် ခွဲထွက်သွားပြီးရင်တော့ ဗြိတိန်ဟာ ကချင်ပြည်နယ် လောက်ပဲ ကျန်တော့မှာပါ။

Source : http://www.myanmarexpress.net

အမေရိကန်စစ်တပ် ကို မြန်မာနိုင်ငံထဲဝင် စေချင်သူများအတွက် သတင်းကောင်း


တရုတ်နှင့် ဂျပန်အကြား လက်ရှိဖြစ်ပွားနေသော အိုကီနာဝါကျွန်းအတွင်း အမေရိကန် စစ်သား ၂ ဦးက ဂျပန် အမျိုးသမီးငယ် တစ်ဦးကို မုဒိမ်းပြု ကျင့်၍ ဂျပန်အာဏာပိုင်မှ ဖမ်းဆီးလိုက်သည်ဟု သိရသည်။ မုဒိမ်းပြုကျင့်သူ အမေရိကန်စစ်သား ၂ ဦးမှာ အသက် ၂၃နှစ်ရွယ်စီရှိကြပြီး ၄င်းနှုစ်ဦးတို့အား အောက်တိုဘာ ၁၆ ရက်နေ့က ဂျပန်ရဲတပ်ဖွဲ့မှဖမ်းဆီး လိုက်သည်ဟု ဆိုသည်။ “တကယ့် ရက်စက်စွာ ကျူးလွန်ခြင်းဖြစ်တယ်။ အဲဒါကြောင့် အခုဒီမိန်း ကလေး"ကို"(အင်္ဂါ) ဟာ တော်တော် အခြေအနေဆိုးပါတယ်” ဟု ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Satoshi Morimoto နှင့် အမေရိကန်သံတမန်အရာရှိက ဆိုသည်။ တရုတ်နှင့် လက်ရှိဖြစ်ပွားနေသော ဂျပန်နိုင်ငံ တောင်ပိုင်အိုကီနာဝါကျွန်း တွင် အမေရိကန်စစ်သား ၂၆၀၀၀ ရှိသည်ဟု သတင်း၌ဖေါ် ပြသည်။ ၁၉၉၅ ခုနှစ်ကလည်း ၁၂နှစ်အရွယ် ဂျပန်အမျိုးသမီး တဦးအား အမေရိကန် စစ်သား ၃ ဦး မုဒိမ်ပြုကျင့်မှု ကျူးလွန်မှုရှိခဲ့ပြီးနောက် အမေရိကန်စစ်သား အရေအတွက် လျှော့ချမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။ ယခုအခါ အဆိုပါ အမေရိကန်စစ်သား ၂ ဦးအား ဂျပန်ရဲတပ်ဖွဲ့မှ ဖမ်းဆီး ထားသည်ဟု ဆိုသည်။ နာဂစ်မုန်တိုင်း တိုက်စဉ် တုန်းကလည်း မြန်မာနိုင်ငံတွင်းသို့ အမေရိကန် စစ်တပ်များ အမြန်ဝင်ကြရန် ပြည်တွင်း၊ ပြည်ပ ရှိအတိုက်အခံများက ကျယ်လောင်စွာ အော်ဟစ်တိုက်တွန်းမှုများ ရှိခဲ့သည်။

Source : http://www.myanmarexpress.net

လိုအပ်ရင်အီရန်ရေနံတွေကို ပင်လယ်ထဲဖောက်ချမယ်လို့ အီရန်ပြော


အောက်တိုဘာလ ၁၅ ရက် နေ့က လူဇင်ဘာ့ဂ်မြို့ အီးယူသမဂ္ဂဌာနချုပ်မှာ ဥရောပသမဂ္ဂနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး တစ်ရပ်ကျင်းပခဲ့ကြ ပါတယ်။ အဲဒီအစည်းအဝေးမှာ “အီရန်တို့ အနေနဲ့ အခုနှစ်အတွင်းနျူကလီး ယားအစီအစဉ်တွေကို မရပ်ဆိုင်း ပဲဆက်လုပ်နေမယ်ဆိုရင် သံခင်းတမန် ခင်းနှိုင်းဆောင်ရွက်နေတာ တွေ နိဂုံးချုပ်ပြီးတော့ စစ်ရေးအရ ဖိအားပေး မှုတွေလုပ်ဆောင်သွားမယ်၊ အခုလောလောဆယ်လည်း ထိရောက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အသစ် (Major Sanctions against Iran) တွေလုပ်မယ် လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အီးယူဟာ လောလောလတ်လတ်ငြိမ်းချမ်းရေး နိုဗယ်ဆုရထားတဲ့ အဖွဲ့လည်းဖြစ်တယ်။ ဒီလိုဆုံးဖြတ် ချက်အပြီး နောက်တစ်နေ့မှာတော့ အီရန်တော်လှန် ရေးတပ်ပေါင်းစုစစ်ဦးစီးချုပ်မိုဟာ မက်အလီဇာဖာရီ (Mohammad Ali Jafari) က “လိုအပ်ရင်ဟော မုဇ်ရေလက်ကြားကို အီရန်ရေနံ တွေသွန်ချ လိုက်မယ်”လို့ပြော ကြောင်း ဂျာမဏီနိုင်ငံထုတ် အပတ် စဉ်သတင်းတစ်ရပ်မှာဖော်ပြထားပါတယ်။ ဒါပေမဲ့ အတည်တော့ မပြုနိုင်သေးဘူးလို့ဆိုပါတယ်။ သို့သော် အနောက်နိုင်ငံထောက်လှမ်းရေး ဌာနများကတော့ ဒါကို အလေးထား စုံစမ်းလျက်ရှိကြောင်း ဖော်ပြထား ပါတယ်။ အလီဇာဖရီက ဒီလိုရေနံ ဖောက်ချမယ့်စစ်ရေးစီမံချက်ကို စကားဝှက် (Codewords) အဖြစ် “ရေဆိုး” (Muddy Water) လို့ နာမည်ပေးထား တယ်လို့ဆိုပါတယ်။ တကယ်လို့သာ ဒီအစီအစဉ်အတိုင်း လုပ်ခဲ့မယ်ဆိုရင် ဟောမုဇ်ရေလက် ကြားမှာ နိစ္စဓူဝဖြတ်သန်းသွားလာ နေကြတဲ့ ရေနံတင် သင်္ဘောကြီး တွေအတွက် အန္တရာယ်ရှိမှာဖြစ် သလိုပတ်ဝန်းကျင်ဘေး အန္တရာယ်ကို ထိခိုက်နိုင်စေပြီး ဒေသ တွင်း နိုင်ငံများအတွက် စိုးရိမ်စရာဖြစ် လာဖွယ်ရှိကြောင်း ရိုက်တာသတင်း တစ်ရပ်မှာဖော်ပြထားပါတယ်။

Source : http://www.myanmarexpress.net

လုံမှကောင်းမယ် လုံမငယ်

အရှင်ပညာဝံသ (ဥပဒေ)/ B.A 1st year (S.B.A)
ရွှေမဂ္ဂင် စာသင်တိုက် ၊ မန်းတောင်ခြေ။


loading

လှလိုက်တဲ့ မြန်မာစာလုံးလေးဗျာ `` လုံမ ´´ တဲ့
အဓိပ္ပါယ်နဲ့ ပြည့်စုံပြီးတော့ ကျက်သရေရှိလိုက်တာ။ ရှေးကစကားလုံးကို သုံးသွားတဲ့သူများ ဘယ်လောက်တော် ကြသလဲဗျာ။ အခုခေတ်တော့ အခေါ်ဝေါ်လေးတွေက ပြောင်းသွားပြီလေ။ ယောက်ျားလေးတွေက မိန်းကလေးများ သုံးနှုံးကြတာ `` ဆော် ´´တဲ့။ အတိတ် နိမိတ် ဘယ်လောက်မကောင်းလိုက်သလဲ။ ဒါကြောင့် မို့လားမသိ နိုင်ငံ အချင်းချင်း ဆော်လိုက်ကြ။ လူမျိုး အချင်းချင်းလဲ ဆော်လိုက်ကြ။ ဆော် လို့ကို မပြီးနိုင်တော့ဘူး။ သွေးမြေကျမှုတွေ များများလာတယ်နော်။ ဒါပေမယ့် ဗုဒ္ဓဘာသာကြောင့်တော့ သွေးမြေကျမှု နှစ် ၂၅၀၀ ကျော်လာပြီ မရှိသေးပါဘူး။့ ဂုဏ်ယူစရာလေး တစ်ခုပါ။ ဘာကြောင့်လဲ ဆိုတော့ ဒို့ဘုရားက ငြိမ်းချမ်းရေးဝါဒ ဖြစ်လို့မို့လေ။

အဲ Sorry ပါ လိုရင်းကို မရောက်နိုင်ဘူး ။ ဒီတော့ `` လုံခြုံ အောင်ဝတ်စားတတ်တဲ့ မိန်းမ မို့လို့ လုံမ ´´ ဒီလိုလေး အဓိပ္ပါယ်ဖွင့်ချင်ပါတယ်။ ဦးဇင်းအယူအဆ ပြောတာပါလက္ခံ သင့် ၊ မသင့် ကိုတော့ ကိုယ်ပိုင်ဦးနှောက်လေးနဲ့ စိစစ် ဝေဖန်ပေးကြပါ။ ဟုတ်ပြီ ဒီတော့ မလုံတလုံ ၀တ်စားနေကြတဲ့ ခေတ်သစ် ညီမလေးများ ၊ မမများဟာ ခေတ်မှီဖို့ ၀တ်ကြတာလား ? လုံအောင် ၀တ်ရမှာ ကြောက်လို့ ၀တ်ကြတာလား ? ဆင်းရဲလို့ အလျားပြည့် အနံပြည့် 
မ၀တ်နိုင်ကြတာလား ? ဆိုတာတော့ မေးမကြည့်မိဘူး။ အကြောင်းတစ်ခုခု တော့ သူတို့ ဆီမှာ ရှိကြပါလိမ့်မယ်။ ဘာပဲ ဖြစ်နေဖြစ်နေ မလုံ မှ တော့ ပေါ်မှာပေါ့ ။ ပေါ်တော့ ဘာဖြစ်လဲ .... မြင်ကြမှာပေါ့။ ကတ်တဲ့လူတွေက တော့ ပြောကြပါလိမ့်မယ် `` အမလေး မကြည့်ရင်ရင် မမြင်ပါဘူး ´´ ။ ဟုတ်တာပေါ့ မျက်စိရှေ့တည့်တည့်တိုးပေမယ့် မျက်နှာလွှဲတဲ့သူက လွှဲလိမ့်မယ်။ မလွှဲနိုင်သူက ချောင်းကြည့်မယ်။ ဒီထက် ပိုတဲ့လူများက ဓာတ်ပုံတွေ အဖြစ်ပြောင်းလဲ ပစ်ကြတယ်လေ။ အဲ According to Buddhism ဗုဒ္ဓဘာသာ ရှုထောင့်ကကြည့်မယ် ဆိုရင်လဲ လူတွေမှာ ဒီဟိရိ နဲ့ သြတ္တပ္ပ ဆိုတဲ့ မကောင်းမှု လုပ်ရမှာ ကို ရှက်ခြင်း နဲ့ ကြောက်ခြင်း ကင်းမဲ့လာပြီဆို လောကကြီး ပျက်ဆီးတော့မှာပါတဲ့။ဒါ့ကြောင့် ဒီနှစ်ခုကို ကမ္ဘာစောင့် တရား နှစ်ပါးလို့ ခေါ်တာပါ။ ဒါဖြင့် ဒီလို ၀တ်စားဆင်ယင်မှု ဟာ မကောင်းမှု ထဲ သွင်းလို့ရသလား ? တစ်ဆင့်ချင်း ( step by step) စဉ်းစားကြည့်ကြရအောင်။

မိမိ ဒါမျိုး ပြုမှု လိုက်တဲ့ အတွက် မိမိ၏ ဆန့်ကျင်ဘက် လိင်(gender ) တစ်ဦးမှာ
(၁)  မနောကံ အကုသိုလ်
(၂)  တစ်ဆင့်တက်တော့ ဘယ်လိုဘယ်ညာ ပြောပြီဆို ၀စီကံ အကုသိုလ်
(၃) ထိမ်းမနိုင်သိမ်းမနိုင်လို့ ကိုယ်ထိ လက်ရောက် ကျူးလွန်လို့ရင် ကာယကံ အကုသိုလ် ဒီလိုမျိုးတွေ ဖြစ်သွားဈိုင်    ပါတယ်။


မိမိ အတွက် နှင့် သူတစ်ပါး အကုသိုလ် ဖြစ်မယ်ဆိုရင်။ မိမိကိုယ်ကို အပြစ်ကင်းတယ်လို့ ယူဆသလား ? အကုသိုလ် မဖြစ်လို့ ယူဆပါသလား ? ယူဆရင် လွဲသွားမယ်နော်။ ဒီစကားတွေက မိမိမြန်မာနိုင်ငံသူများသာ ပြောသင့်လို့ ပြောတာပါ။ တခြားမှာ ပြောလို့မရဘူးလေ။ ဘာလို့လဲ ဆိုတော့ သူတို့က ကုသိုလ် ဆို I don't know ၊ အကုသိုလ် ဆို I don't know ကိုး... ကဲ ကိုယ်ကိုယ်တိုင်တော့ အပ်ချိတ်နဲ့ လိုက်ပြီး ဖာထေးမပေးနိုင်လို့ ဖတ်သွားမိသူများ ယူတတ်ကြပါစေ လို့ ဆန္ဒပြုရင်း သြော် လုံ...မ တော်မယ် လုံမငယ်။ လုံ...မ တော်မယ် လုံမငယ်။

မေတ္တာဖြင့်


Source : http://www.myanmarexpress.net

နေတိုးရဲ့ ရည်းစားဟောင်း အသက် ၁၄ နှစ်ကျောင်းသူလေး


ဖေ့စ်ဘွတ်ပေါ်မှာရေးခဲ့တာတွေ အမှန်ပါလို့ ပြောတဲ့ နေတိုးရဲ့ ရည်းစားဟောင်း အသက် ၁၄ နှစ်ကျောင်းသူလေး Patricia ရဲ့ ဖွင့်ဟချက်ကို အိုအေစစ်ဂျာနယ်က ဖော်ပြခဲ့တယ်။ နေတိုးအမည် အတိုကောက်ကို လက်ဖျံမှာ ဓားနဲ့ရေးခြစ်ခဲ့တဲ့ ပုံကိုလည်း ဖော်ပြခဲ့တယ်။ 

၁၃ နှစ်သမီး အဌမတန်းကျောင်းသူ ကျောင်းမတက်ပဲရည်းစားနှင့် တည်းခိုခန်းသွား


ရက်စွဲအတိကျပါတယ်၊ အိမ်လိပ်စာပါတယ်၊ အသက် ပါတယ်။ နာမည်တစ်ခုသာကျန်တော့တယ်။ သို့သော်ဘယ်သူလဲ ဆိုတာ အားလုံးသိပြီ။ စတုတ္ထမန်းတပ်ကြီးရဲ့ လုပ်ရပ်က ဘေးထွက်ဆိုးကျိုးဘယ်လောက်ရှိမယ်လို့ ထင်ပါသလဲ မတွေ့ဝံ့စရာပါ။ ဒီသတင်းကိုဖတ်ပြီး လူထုက ဘာတွေရမှာလဲမသိပါ။  အသုံးမကျတဲ့ စတုတ္ထမန်း တပ်ကြီးကြောင့် မြန်မာ စာဖတ် ပရိတ်သက်များ အသိဆိုးတွေ ဝင်ကုန်ကြပါပြီ။ ကင်မရာလေးနဲ့ ဓာတ်ပုံလေး ရုပ်ထွက်အောင် ရိုက်တတ်၊ မြန်မာ စာလေး မတောက်တခေါက် ရေးတတ်ရင် သတင်းထောက် ဖြစ်ပြီ ဆိုတဲ့ ခေတ်ရောက်နေပြီဖြစ်သည်။ ပေါလိုက်တဲ့ သတင်းထောက်များ။ ထွက်လိုက်တဲ့ ဂျာနယ်များ။ ဆန္ဒပြပွဲတွေမှာ သတင်းယူသလိုလိုနဲ့ ဆန္ဒက ဝင်ပြသေးတယ်။ ကျင့်ဝတ်မသိတဲ့ သတင်းထောက်တွေ၊ ကျင့်ဝတ်မသိတဲ့ အယ်ဒီတာတွေ၊  စောင်ရေတက်ဖို့ပဲ အားသန်နေတဲ့ ထုတ်ဝေသူတွေ စုထားတဲ့ မြန်မာ့ မီဒီယာ လောကကြီး။ အစိုးရနဲ့ တာဝန်ရှိသူတွေကို ပုပ်ခတ်ရေးသားတာတွေ၊ ထိခိုက်ပျက်ဆီး သေကြေကြတာတွေ ကို ဂျာနယ်မျက်နှာဖုံးမှာတင်ပြီး စောင်ရေတတ်အောင် လုပ်နေတာ ကြာလာရင် လူထုရဲ့ ခေါင်းထဲမှာ အစိုးရကို ဆန့်ကျင်ချင်စိတ်နဲ့ မိုက်ရူးရဲစိတ်တွေသာ တိုးလာပြီး ဘာမှ အသိပညာ တိုးမလာ တဲ့အပြင် လူနေမှု အဆင့်အတန်း ပိုဆိုးလာ၏။ လမ်းမှာ အမှိုက်တွေ့လျှင် အမှိုက်ပစ်သူကို အပြစ်မ တင်ပဲ အမှိုက် မသိမ်းတဲ့ စည်ပင်ကို အပြစ်တင်ရေး၏။ ယဉ်စီးကမ်းမလိုက်နာသူများကို ရဲဖမ်းလျှင် စည်းမဲ့ကမ်းမဲ့ လမ်းဖြတ်ကူးသူကို အပြစ်မရေးပဲ ယဉ်ထိန်းရဲကို အပြစ်ရေး၏။ ထူးဆန်းလိုက်တဲ့ မြန်မာ့ စတုတ္ထမန်းတပ်ကြီး။

Source : http://www.myanmarexpress.net

မွတ်ကုလားကို ယူမိလို့ ဘ၀ကူးမကောင်းရှာတဲ့ မြန်မာမလေး



ငွေကိုကြိုက်လို့ ငွေနောက်လိုက်ရာကနေ ဘ၀ဆုံးရူံးသွားရတဲ့ အဖိုးတန်တဲ့ မြန်မာအမျိုးသမီးလေး တွေ အများကြီး ရှိပါတယ်။ ငွေနောက်ကို ဘယ်မြန်မာမိန်းကလေးမှ မလိုက်ကြပါနဲ့။ လူမျိုးခြားမွတ်ကုလားကို ယူမိလို့ အခုလို အသေဆိုးနဲ့သေရတဲ့ မိန်းကလေးတွေ အဖြစ်ဆိုးမျိုးတွေဟာ တကြိမ်တခါထဲတင်မဟုတ်တော့ဘဲ ရေတွက်လို့ မရအောင်ကို များပြားနေပါပြီ။ မြန်မာနိုင်ငံမှာ တင်မဟုတ်ဘဲ နိုင်ငံတိုင်းတာ ဒုနဲ့ဒေး ဖြစ်နေတာပါ။ လူမျိုးခြား၊နိုင်ငံခြားကို အထင်ကြီးလို့ ယခုလို ဘ၀ပေးအပ်ပြီး လက်ထပ်ပေါင်းသင်းယူစရာ မလိုပါဘူး။ ယခုလည်း မွတ်ကုလား ကို ယူမိလို့ မွတ်ကုလား မိသားစုက ၀ိုင်းနှိပ်စက်ပြီး သတ်ပစ်လိုက်တာပါ။ ရွှေမြန်မာ မိန်းကလေးများ နားလည်သေ ဘာပေါက်ကြပါ။ ကမ္ဘာပေါ်မှာ မြန်မာလူမျိုးစစ်စစ် ပျောက်ပြီး ကုလားသွေးရောနှောနေတဲ့မြန်မာတွေ မပေါ်ထွန်း လာစေရန် ကိုယ့် အမျိုးဂုဏ်ကို စောင့်ထိန်းကြပါ။ မြေမျိုလို့ လူမျိုးမပြုန်း... လူမျိုမှ လူမျိုးပြုန်း မည် ဆိုသည့်စကား ကို ရင်ဝယ်ပိုက်ထားကြပါလို့ မေတ္တာရပ်ခံရင်း ...

Source : http://www.myanmarexpress.net

စင်္ကာပူရောက် မြန်မာအမျိုးသမီးတစ်ဦး မိုးပျံလမ်းပေါ်မှခုန်ချပြီး သေကြာင်းကြံပြန်


စင်္ကာပူရောက် မြန်မာအမျိုးသမီးတစ်ဦး လို့ယူဆရသူ တစ်ဦးဟာ ယဉ်များအလွန် ကြပ်လေ့ရှိတဲ့ လမ်းပေါ်သို့ မိုးပျံလမ်းပေါ်မှ ခုန်ချခဲ့တာကြောင့် အခုဆေးရုံတင်ထားရကြောင်း တရုတ်ဘာသာနဲ့ရေးသားထားတဲ့ သတင်းစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။ မိုးပျံလမ်း Kallang-Paya Lebar နှင့် The Pan-Island အဝေးပြေးလမ်း Sims လမ်းမကြီးတို့ဆုံရာနေရာသို့ ခုန်ချခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှ စင်္ကာပူနိုင်ငံသို့ အိမ်ပေါ်လုပ်နေသူ တစ်ဦး ဖြစ်မည်လို့ ခန့်မှန်းရပါတယ်။ ယင်းမိန်းကလေးဟာ ခုန်မချခင် Katong Shopping Centre ရှိ အိမ်အကူအလုပ်သမား ရှာဖွေပေးရေးအေဂျင်စီမှ ထွက်ပြေးလာတာဖြစ်ပါတယ်။ မျက်မြင်များ၏ပြောပြချက်အရ သူမဟာ မိုးပျံလမ်းရဲ့ အစွန်းက ပန်းခင်းပေါ်မှာ မက်တက်ရပ်ပြီး လက်တွေကိုဆန့်တန်းကာ အောက်ကိုခုန်ချတာ လို့သိရပါတယ်။ တက်စီမောင်း သူတစ်ဦးမှ မိန်းကလေးကို လမ်းဘေးဖယ်ပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပါတယ်။ ၎င်းအမျိုးသမီးဟာ ပြုတ်ကျလာတဲ့ အချိန်မှာသစ်ကိုင်း တစ်ကိုင်းပေါ်ကို တစ်ဆင့်ပြုတ်ကျပြီး သစ်ကိုင်းလည်းကျိုးကျခဲ့ပါတယ်။ သစ်ကိုင်းပေါ်က တဆင့် ကျလာခဲ့တဲ့အတွက် အရှိန်အနဲငယ်ကိုလျော့ ပါးသွားစေခဲ့ပါတယ်။ သူဟာ လမ်းမဘေးက ကားတွေလမ်းမကြီးပေါ်ကနေ အရေးပေါ်ဘေး ထိုးထားဖို့ နေရာလေးပေါ်ကိုပြုတ်ကျလာပြီး ညာဖက်လက်နဲ့ ဘယ်ဖက်ခြေထောက်ကျိုး သွားခဲ့ပါတယ်။ Tan Tock Seng ဆေးရုံကိုသယ်ဆောင်သွားတဲ့အချိန်မှာ သူမဟာဝေဒနာများ ခံစားနေရသော်လည်း သတိတော့ကောင်းစွာရနေခဲ့ပါတယ်။ သူ့ကိုအခု အရေးပေါ်ဆောင်မှာ ထားပြီးလုံးဝလှုပ်ရှား ခွင့်မပေးထားပါဘူး။ အဲဒီလို မလုပ်ခင်မှာ သူဟာ သူ့ကိုယ်သူ အဆုံးစီရင်ချင်တယ်ဆိုတဲ့ အကြောင်းကို တစ်ခြားအိမ်အကူအမျိုး သမီးတွေ ကို ပြောပြခဲ့ တယ်လို့ သိရပါတယ်။ ဘာကြောင့်အဲသည် လိုဆန္ဒရှိနေတယ် ဆိုတာကိုတော့ မပြောခဲ့ ပါဘူး။ စင်္ကာပူနိုင်ငံမှာ မြန်မာမိန်းကလေးများ အမြင့်မှ ခုန်ချပြီး သေကြောင်းကြံမှုဟာ အစဉ်အလာ တစ်ခုလို ဖြစ်လာနေပြီး မခိုင်သင်ဇာ နှင့် မယဉ်ငြိမ်းပွင့် ပြီးလျှင် ယခုမိန်းကလေးမှာ တတိယမြောက်ဖြစ်ပါတယ်။

ကေအိုင်အေ စုဆောင်းထားတဲ့ ကချင်မိန်းကလေးများ၏ ကံကြမ္မာ





အမျိုးသမီးစစ်သည်များအတွက် စစ်ပွဲများတွင် ထိခိုက်သေဆုံးတာထက် စစ်တပ်အတွင်း မုဒိမ်းကျင့်ခံရဖို့ ရာခိုင်နှုန်း ပိုပြီးများတယ် ဆိုပြီး အမေရိကန်နှင့်ဥရောပ နိုင်ငံများမှ အမျိုးသမီးစစ်သည်များက ညည်းတွား နေကြပြီ။ စည်းစနစ်မရှိ၊ ထင်ရာလုပ်တတ်သော၊ ၀မ်ပေါင်နိုင်ငံထူထောင်မည့် ရူးမိုက်သော အကြံရှိသည့် ကေအိုင်အေတို့ စုဆောင်းထားသည့် အမျိုးသမီးများသည် စစ်တိုက်ဖို့ အတွက်သာ မဟုတ်ပါ။ သေနတ်တစ်လက် ကိုင်ဖူးရုံမျှနှင့် စစ်ပွဲဆင်နွှဲနိုင်မည် မဟုတ်ပါ။ ကေအိုင်အေတို့၏ ကိုယ့်ကချင်တိုင်းရင်းသား  များအပေါ် ကြံစည်ရက်သည့် အကြံအစည်မှာ ယုတ်မာ လွန်းလှသည်။ ယခင်ကလည်း ၀မ်ပေါင်သမ္မတနိုင်ငံ ထူထောင်ဖို့ ကြိုးစားခဲ့ကြသည်။ လက်နက်၊ ငွေကြေးများ ပြည့်စုံ သည့်အခါ အကြမ်းဖက်မှုများ ဖန်တီးပြီး လူများ စုဆောင်းတော့သည်။ အမျိုးသမီးများအား မည်သည့်အတွက် စုဆောင်းသနည်း။ အမျိုးသမီးများအား လူသားတံတိုင်းအဖြစ်အသုံးချနိုင်သည်။ တိုက်ပွဲတွင် အမျိုးသမီးများ ကျဆုံး မှုများလေ ဂရုဏာပိုရလေလေ ဖြစ်သည်။ ဒါတွင်မက ၀မ်ပေါင်သမ္မတနိုင်ငံကြီးအတွက် မျိုးဆက်များကို ထိုအမျိုးသမီး များ ထံမှ ထုတ်ယူမည် ဖြစ်သည်။ တိုက်ပွဲများ အနည်းငယ်ဖြစ် ပွားပြီးနောက် ကေအိုင်အေ တို့ ငြိမ်းချမ်းရေး ယူဖို့ စကားများထွက်လာကြလိမ့်မည်၊ အခွင့်အရေးများ တောင်းဆိုကြလိမ့် မည်။ ငြိမ်းချမ်းပြီဟု အားလုံးယူဆသော အချိန်တွင် ထိုအမျိုးသမီးများသည် ကေအိုင်အေ၏ အသုံးချ မယားများ ဖြစ်ကုန်ကြတော့မည်။ ကေအိုင်အေ ငြိမ်း ချမ်းရေးယူအဖွဲ့၏ အဖြည့်ခံ  အသုံးတော်ခံ များ ဖြစ် လာ ကြတော့ မည် ဖြစ်သည်။ စစ်ပွဲတစ်ခုဖြစ်ပွားသည်ဆိုတာနဲ့ အင်အားနည်းတာလည်း မရှိတော့ဘူး၊ အင်အားများတာလည်း မရှိတော့ဘူး၊ သေစေ တတ်တဲ့ လက်နက်တွေကို ကိုင်ဆောင် ထားပြီဆိုတာနဲ့ ကိုယ့်အသက်ကို ကိုယ်ကာကွယ်ကြဖို့သာ အဓိကဖြစ်သွားမည်ဖြစ်သည်။ သေစေ တတ်သော လက်နက်များကို ကိုင်ဆောင် ထားကြသူ အတွက် ပေးဆပ်မှု တစ်ခုကိုလည်း မှတ်သားထားဖို့ လိုအပ်သည်။ မြန်မာ့ တပ်မတော်၏ စစ်သားတိုင်းသည် နိုင်ငံတော်အလံကို ကိုင်၍ ဒို့တာဝန်အရေး သုံးပါးကို ကာကွယ်ရန် သစ္စာဆို ထားကြသူများ ဖြစ်သည့် အတွက် ပြည်ထောင်စု ဖြိုခွဲမည့်အကြံဖြင့် လက်နက်ကိုင် တိုက်ပွဲဝင်နေသူ မှန်သမျှအား ခွင့်ပြုမိန့်သာရမည်ဆိုပါက မည်သည့် အကြောင်းနှင့်မျှ ခွင့်လွှတ်လိမ့်မည် မဟုတ်။ သို့ပါဆိုလျှင် ထိုမိန်းကလေး များ၏ ကံကြမ္မာသည်ကား မတွေးရဲတော့ပေ ...

Source : http://www.myanmarexpress.net/

လူသားကမွေးဖွါးလိုက်တာ မြင်းပေါက်လေးလိုဖြစ်နေ












နိုက်ဂျီးရီးယား နိုင်ငံ အီဒိုအရပ်မှာကျင်းပတဲ့ စုဝေးမှုမှာ ဧ၀ံဂေလိ ဂုဏ်းဝင်တဦးဆုတောင်းနေစဉ်မှာ အမည် မဖော်ပြတဲ့ အမျိုးသမီးက ကိုယ်ဝန်ပျက်ကျတဲ့ သဘော ဖြစ်ခဲ့ပါတယ်တဲ့။ မျက်မြင်သက်သေတွေ က ပြောတာကတော့ အဆိုပါ အမျိုးသမီးဟာ ထိုဒေသက အသီးအရွက်ရောင်း သူဖြစ်ပြီး ဘုန်းတော်ကြီးက သူ့ရဲ့ အမြုံဖြစ်နေမှုကို ဂရုစိုက်ကုသပေးနိုင်စေဖို့ ဘုရားကျောင်း အစည်း အဝေးကို တက်ရောက်ခဲ့ တာဖြစ်တယ်လို့ လွန်ခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့က မွန်းစတား အွန်လိုင်း သတင်းစာမျက်နှာ တခုမှာ ဖော်ပြထားပါတယ်။ ဘုန်းတော်ကြီး Silva Wealth ကလည်း ထိုအမျိုးသမီးကို ဆီလိမ်းပြီး ဘာသာရေး အရ ချီးမြောက်ပေးခဲ့ ပါတယ်။ ပြီးတော့ သူ့ရဲ့ အမြုံဖြစ်နေရမှုအတွက် သက်ဆိုင်ရာ ကျမ်းစာကို ရွတ်ဆိုဆုတောင်းမှု လုပ်ပေး ခဲ့ကြပါတယ်။ အဲဒီလို ကျမ်းစာကို ရွတ်ဖတ် ပူဇော်ဆုတောင်းနေစဉ်မှာဘဲ ထိုအမျိုးသမီးရဲ့ ရေမွှာပေါက်ပြီး သွေးတွေ ဆင်းလာခဲ့ပါတယ်တဲ့။ သူနာပြု တဦးဖြစ်သူ Veronica Egiebor တကယ့် ဇာတ်လမ်းဆန်ဆန် အဖြစ် အပျက်ပဲလို့ သူ့မျက်မြင်ကို ပြော ခဲ့ပါတယ်တဲ့။ “သူလည်း ကလေးထွက်လာဖို့ ခက်ခက်ခဲခဲ ညှစ်နေတုန်း အ၀တ်တွေနဲ့ ခြေထောက်ကို ချီထုတ်ခဲ့ကြတာ။ ပြီးတော့ တခုခု ပြုတ်ကျခဲ့ပြီး သူလည်း လဲ ကျသွားတယ်။ ကျလာတဲ့ဟာက တချို့က ဆိတ်လို့ ပြောတာပဲ၊ ဒါပေမယ့် မြင်းနဲ့ တူတယ်။ လည်ပင်းနဲ့ နားရွက်ကလည်း ရှည်တယ်”လို့ အဲဒီသူနာပြုက ဆိုပါတယ်။ “အတိ အကျပြောရရင် မြင်းတကောင်းနဲ့တူတယ်။ မြင်းပေါက်စလေးပုံလိုပေါ့” လို့ သူနာပြုဆရာမ Egiebor က ဆိုတယ်။ 

ဘုန်းတော်ကြီး Wealth ကလည်း “ကျနော်တော့ ဒီဟာကို ဘယ်လိုမှ ပုံဖော်မပြောတတ်ဘူး။ ကျနော်တို့ ဆုတောင်းမှု ပေး တဲ့ အချိန် လူတချို့ ပစ္စည်းတွေ အန်ချတာမျိုးတော့ မြင်ဖူးတ်။ ဒါပေမယ့် ဒီလိုမဟုတ်ဘူး” လို့ ပြောပါတယ်။ အခုလို သတ္တ၀ါလေး မွေးပြီးတဲ့နောက်မှာတော့ ဘုန်းတော်ကြီး Wealth က သူ့နောက်လိုက်တွေကို ကျမ်းစာကို ရှင်းလင်း ယုံကြည်စွာ ဆက်ရွတ်ဖတ်ပူဇော်ဖို့ သတိပေးခဲ့ပါတယ်။ သဘာဝလွန်တွေကို ယုံကြည် တဲ့ တောသူတောင်သားတွေ လည်း အရင်က သူတို့ နာခံယုံကြည် လက်ခံ ထားခဲ့ပေမယ့် ဖြစ်ရပ်ဆန်းကြောင့် တချို့လည်း ဒီဘုရားကျောင်းက ထွက်ပြေးခဲ့ကြတယ်။ သားမွေးမိခင် ကိုတော့ ဆေးကုဖို့ ခေါ်လာခဲ့ပြီး မြင်းလို သတ္တ၀ါကိုတော့ ဘုရားကျောင်းက ကြမ်းပြင်ပေါ်မှာပဲ ထားခဲ့လိုက် တယ်။ ဘယ်သူကမှလည်း မွေးလာတဲ့ သတ္တ၀ါကလေးကို ဂရုမစိုက်ခဲ့ကြဘူး။ ဒါပေမယ့် အဲဒီဒေသက သတင်းသမားတွေ က ဓာတ်ပုံလာရိုက်တဲ့အချိန်ကျတော့ ကလေး လေး က သေနေခဲ့ပါပြီ။ အဲဒီ လူကမွေး တဲ့ မြင်းလိုသတ္တ၀ါလေးကို ဘုရား ကျောင်းမှာ အဲဒီညနေထိ ရှိနေ ခဲ့သေးပေမယ့် နောက်နေ့ မနက်မှာတော့ ဘုရားကျောင်းလူကြီးတွေက မြင်လို့ မကောင်းလို့ လွှင့်ပစ် လိုက်တယ် တဲ့။ ဘုန်းတော်ကြီး Wealth ကပြောပြ တာတွေကမှော်ဆန်ဆန် အသွင်ပြောင်းသွားတဲ့ကိစ္စမျိုးနဲ့ပတ်သက်ပြီး တချို့ နှလုံး အား မကောင်းသူတွေ ပျို့ချင် အန်ချင်စရာ ဖြစ်နေတဲ့ တချိန်တည်းမှာ အခုလို ထူးခြား ဆန်းကျယ်ဖြစ်ရပ်တွေကတော့ World Liberation Ministry ဆိုတဲ့ ကမ္ဘာ့ လစ်ဘရေးရှင်း ဘုန်းတော်ကြီး ဂိုဏ်းမှာတော့ သာမန်အဖြစ်အဖြစ်ပါပဲတဲ့။ “ကျနော်တို့ ပိုက်ဆံကနေ လိပ်ဖြစ်သွားတာမျိုး မြင်ဖူးတယ်” လို့ ကိုယ်ပိုင် ဘုရားကျောင်းပိုင်သူ တဦးက ပြောပါတယ်။ ဘန်နင်မြို့ ဗဟိုဆေးရုံကြီးက ဆေးဘက်ဆိုင်ရာ ညွှန်ကြားရေးမှူးလည်းဖြစ် မျိုးဗီဇဆိုင်ရာ Gynaecologist ဖြစ်သူ Dr. Jerry Uwaifo က လူသား အမျိုးသမီးတဦးက မြင်း တကောင် မွေးတာနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိ၊ မရှိ မေးမြန်းရာမှာ သူက မှတ်ချက်ပေးပြောဆိုတာက ရှင်းပါတယ်။  “ဘုရားသခင်ကတော့ ဒီလိုနည်းနဲ့ ထူးခြားဆန်းကျယ်မှုကို ဖန်ဆင်းမပြပါဘူး။ သူလည်း လူသား အမျိုးသမီး က မြင်းတကောင် မွေးဖွားဖို့ ခွင့်ပြုမှာ မဟုတ်ဘူး” လို့ Dr. Uwaifo က ပြောပါတယ်။

Source : http://www.myanmarexpress.net/

ကိုကာကိုလာအချိုရည်၏အသုံးဝင်ပုံများ




ကိုကာကိုလာအချိုရည်မှာ အခြား အသုံးပြုလို့ရ တဲ့ နည်းလမ်းများလည်း ရှိနေပါသေးတယ်။ 

သံချေးများ ဖယ်ရှားခြင်း 
ကိုကာကိုလာအချိရည်ကလည်း အက်ဆစ်တစ်မျိုးဖြစ်ပါတယ်။ သံချေးစား ထားတဲ့ ဝက်အူရစ်၊ ပလယ်ရာ အစရှိသဖြင့် သံတိုတဆ အစိတ်အပိုင်းများ အားလုံးကို ကိုကာကိုလာအရည်နဲ့ ဆေးချပြီး သေချာ သုတ်ပေးရင် သံချေး များ ပြောင်စင်သွားပါတယ်။ 

ဖိုက်ဘာ၊ကြွေတို့မှ အပေအကြံများ ဖယ်ရှားခြင်း
ဖိုက်ဘာ၊ ကြွေအလွာတို့မှာ ကပ်ပြီး ကျန်ရှိတတ်တဲ့ အညစ်အကြေးများကို ကိုကာကိုလာနဲ့ ဆေးထုတ်ရင် ပြောင်ပါတယ်။ အဝတ်လျှော်စက်တွင် ညစ်ပတ်နေတာမျိုး၊ လက်ဆေး ကြွေခွက်တို့မှာ အစွန်းအထင်းပေနေ တာမျိုး၊ မည်းနေတာမျိုးဆိုရင် ကိုကာကိုလာအချိုရည်နဲ့ ဆေးကြောလို့ ရပါတယ်။ 

ဆေးဝါးအဖြစ် သုံးစွဲခြင်း 
ဝမ်းလျှောရောဂါအပြင် ဝမ်းနဲ့ ပက်သက်တဲ့ ရောဂါအချို့ ကို ကိုကာကိုလာ အချိုရည်သောက်ပြီး ပျောက်ကင်းစေ နိုင်ပါတယ်။ ဗိုက်မအီမသာဖြစ်နေတာ၊ အစာမကြေတာ၊ လေအောင့်တာဆိုရင် ကိုကာကိုလာအချိုရည်သောက်ချပြီး သက်သာစေပါတယ်။ ဝမ်းပျက်၊ဝမ်းလျှော ဖြစ်နေသူများလည်း ကိုကာကို လာ အချိုရည်သောက်ပြီး ကုသလို့ ရပါတယ်။ 

ပိုးသတ်ဆေးအဖြစ် သုံးစွဲခြင်း 
အိမ်မှာ ကပ်တွယ်တတ်တဲ့ ပိုးကောင်တွေ၊ ခရုတွေ၊ အင်းစက်တွေကို ကိုကာကိုလာ အချိုရည်လောင်းပြီးတော့ လည်း ဖယ်ရှားပါတယ်။ ပထမတော့ သကြားဓာတ်ပါတဲ့အတွက် သောက်သုံးမိပြီး ပါဝင်တဲ့ အတွင်း အက်ဆစ်ဓာတ်ကို ပိုးကောင်တို့ မခံနိုင်ပါဘူး။ ကားမှန်နဲ့ ကားတွေပေါ်မှာ ကပ်နေတတ်တဲ့ အင်းဆက်များလည်း ဖယ်ရားနိုင်ပါတယ်။ 

ဟင်းချက်ရာတွင် အသုံးပြုခြင်း
ဗနီကာ၊ ရှာလကာရည် တစ်မျိုးပဲ ဖြစ်ပါတယ်။ အသားဟင်းချက်ရာမှာ ကိုကာကိုလာအချိုရည်ကို ရှာလကာရည် ထည့်သလို အချိးအစား မှန်မှန် ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ အသားရဲ့  မကျက်နိုင်တဲ့အစိုင် အခဲတွေကြားကို ဖောက်ပေးပြီး ဟင်းအနှစ်အားလုံးကို အသားတွေထဲ ထိ ပြန့်နှံ့စေမှာ ဖြစ်ပါတယ်။ ပိုမို အရသာ ရှိတဲ့ အသားဟင်း တစ်ခွက် ရရှိစေတယ်လို့ ဆိုပါတယ်။ 

ကိုကာကိုလာအချိုရည်ဟာ ကာဘွန်နိုက်အချိုရည် တစ်မျိုးဖြစ်ပြီး ရေ ဓာတ်ဖြည့်ဆည်းပေးသလို အစာအိမ်တွင်းက မကြေညက်တဲ့အစား အစာများကို ချေဖျက်ပေးပါတယ်။ သကြားဓာတ်လည်း ကြွယ်ဝတဲ့အ တွက် သွေးထဲကို ဂလူးကိုစ့်ဓာတ် ကောင်းကောင်း ထောက်ပံ့ပေးပါတယ်။ သူ့မှာ ပါဝင်တဲ့ ဓာတ်များက သောက်သုံးရန်အပြင် အခြား အသုံးဝင် တဲ့ နေရာများလည်း ရှိနေတာကို ယခုလို သိရပါတယ်။

Source : http://www.myanmarexpress.net/

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3