December 9, 2012

ပင်လုံမြိုနယ်တွင် (၅၀၀၀)ကျပ်တန်ငွေအတုများ သိမ်းဆည်းရမိ

 
ရှမ်းပြည်နယ် ပင်လုံမြို့နယ်ခွဲ ဟဲနန်းကျေးရွာ တွင် နေထိုင်သူ ဦးအောင်ခင်ထံမှ ဒီဇင်ဘာလ(၈) ရက်နေ့ က ငွေ (၅၀၀၀) ကျပ်တန်အတုများ သိမ်းဆည်း ရမိခဲ့ပါတယ်။ ဒုရဲအုပ် ဇ်ာဇော်လတ်နဲ့ အဖွဲ့ဝင် (၃) ဦး၊ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သည့် အဖွဲ့မှ ၀င်ရောက်ရှာဖွေ ဖမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ ဦးအောင်ခင်နေအိမ် အတွင်းက ငွေ (၅၀၀၀) ကျပ်တန်အတု (၂၆၁) ရွက်ကို ပလက်စတ်အိတ် အမဲဖြင့် ထည့် ထားတာကို တွေ့ရပြီး ထပ်မံစစ်ဆေး ကြည့်တဲ့အခါ ပင်လုံမြို့အမှတ် (၃) ရပ်ကွက်ရှိ ဦးအောင်ခင်၏ ဇနီး အိမ်တွင်ငွေ (၅၀၀၀) ကျပ်တန် အတု (၃၉၅) ရွက်ထပ်မံ တွေ့ရှိခဲ့ပါတယ်။ ငွေစက္ကူအတုများ လက်ဝယ် ထားရှိမှုဖြင့် ဦးအောင်ခင်နှင့် ဇနီးကို အမှုဖွင့်အရေး ယူထားပြီး ပင်လုံရဲစခန်းတွင် ထိန်းသိမ်း ထားတယ်လို့ သိရပါတယ်။
 
Shan News

ထူးခြားဆန်းပြားသော ရောဂါကြောင့် အားအင်ကုန်ဆုံးပြီး သေကြောင်းကြံခဲ့ရသည့် အမျိုးသမီး

 
မြန်မာနိုင်ငံမှာတော့ အနာမျိုး ၉၆ ပါးရောဂါဆိုပြီး ရှိပါတယ်။ ဒီအမျိုးသမီးရဲ့ ရောဂါကတော့ မည်သည့် ရော ဂါတွင် ပါမလဲတော့ မပြောတတ်ပါ။ ကိုယ့်အမျိုးသမီးသာ ဒီလိုရောဂါမျိုး ခံစားနေရလို့ကတော့ ဘယ်လို ဖြေ ရှင်းပေး ရပါ့မလဲ လို့ အတော်စဉ်းစားယူ ရပါတယ်။ လူအများစု အတွက်ကတော့ Sex ဆိုတဲ့ အရာမှာ စိတ်ချမ်းသာ ပျော်ရွှင်မှု အနည်းအများ ရှိကြပါလိမ့်မယ်။ ဒါေ ပမယ့် Gretchen Molannen အတွက်ကတော့ အဲဒီ ခံစားမှုဟာ ဆိုးဝါးလွန်းပြီး တစ်သက်တာ အဲဒီအာရုံ မခံစားရပါစေနဲ့လို့ ဆုတောင်းရတဲ့ အထိ။ ထူးထူးခြားခြား သူမရဲ့ ရောဂါကတော့ တစ်ကိုယ်တည်း စိတ်ဖြေဖျောက်ရခြင်းပါ။ တစ်ကြိမ်မဟုတ် နှစ်ကြိမ်မဟုတ် သူမဦးနှောက်က စေခိုင်းသည့်အတိုင်း အကြိမ်ကြိမ် နာရီများစွာ လုပ်ဆောင် ရပါသတဲ့။ နောက်ဆုံးမှာတော့ အကိမ် ၅၀ လောက် တစ်နေ့ထဲ လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီနေ့မှာတော့ သူမကိုယ်သူမ သေပြီလို့တောင် ထင်ခဲ့ရပါသတဲ့။ သူမရဲ့ ရောဂါကိုတော့ persistent genital arousal disorder (PGAD) လို့ခေါ်ပြီး အာသာရမ္မက် လွန်ကဲ စွာနှိုးဆော်တတ် တဲ့ ရောဂါဖြစ်ပါတယ်။ သူမကတော့ ၁၆ နှစ်လောက် အဲဒီရောဂါကို ခံစားခဲ့ရပြီးမှ သေဆုံးခဲ့ရတာပါ။ သူမ အခြေအနေ ကလည်း သနားစရာပါ။ သူမရဲ့ ရောဂါအတွက် တစ်ခုတည်းသော နည်းလမ်းက တံခါးကို သော့ပိတ်၊ နာရီများစွာ ဆန္ဒဖြေရတာမို့ သူမအတွက် အလုပ်ကောင်းကောင်း လုပ်နိုင်တဲ့ အခွင့်အရေး မရှိပါဘူး။ ပြင်သစ်၊ ဂျာမန်၊ စပိန် စကားများ ပြောတတ်ပေမယ့်လည်း ဘာသာပြန် တစ်ယောက် အဖြစ် အလုပ်မလုပ် ခဲ့ရပြန်ပါဘူး။ သူမဟာ ကိုယ့်ကိုကိုယ် အကြိမ်ကြိမ် သတ်သေဖို့ ကြိုးစားခဲ့သလို ဆရာဝန် မျိုးစုံနဲ့လဲ ပြကြည့် ခဲ့ဖူးပါတယ်။ နောက်ဆုံးတော့ သူမဟာ ၂၀၁၂  ဒီဇင်ဘာလ ၄ ရက်နေ့မှာ ဒီအခက်အခဲ ကြီးကနေ လွတ်မြောက်သွားနိုင် ခဲ့ပါတော့တယ်။

ချဲဂဏန်းပေး ငှက်ပျောသီးကျွေး Kissing လေးပါ အပိုပေးတဲ့ ဘုန်းဘုန်း


သာသနာတော် ပြန်ပွားအောင် အကျိုးတော်ဆောင် နေကြသော တကယ် ကြည်ညိုဖွယ် ကောင်းသော ဘုန်းတော်ကြီးများကို ဦးစွာပထမ ရှိခိုးတောင်း ပန်အပ်ပါသည် အရှင်ဘုရား။ သာသနာကို စော်ကား လိုခြင်း မဟုတ်သလို ဗုဒဘာသာကို စော်ကားခြင်းလည်း မဟုတ်ပါ။ ကျွန်တော်လည်း မြန်မာလူမျိုး တစ်ယောက်ပါ။ မြန်မာလူမျိုး တစ်ယောက်အနေနဲ့ ဒီလိုမျိုးတွေ မြင်တွေ့ နေရတာ တော်တော်ကို စိတ် မကောင်း ဖြစ်မိပါသည်။ ယခုဖြစ်ရပ်မှာ ဘုန်းကြီးကိုပဲ အပြစ်တင်လို့ မရပါဘူး။ ဒကာမတွေ ဘက်မှာလည်း မလုပ်သင့်တဲ့ အရာတစ်ခုပါ။ ချဲဂဏန်း တောင်းတာတို့ အတိတ်ကောက်တာ တို့ဆိုရင် သိပ်ကို ၀ါသနာ ပါကြတာ မြန်မာလူမျိုး အချို့ရဲ့ အားနည်းချက်ပါ။ ဒီဗီဒီယိုမှာ ကြည့်လိုက်ရင်ပေး တဲ့ ဘုန်းကြီး ကလည်း ဘာတွေပေးမှန်းမသိ သလို ကောက်တဲ့ လူတွေ ကလည်း ဘယ်လိုတွေနားလည် ကြမယ်မှန်းတော့ မသိပါဘူး။ သိတာ တစ်ခုကတော့ မိန်းမရဲ့နှုတ်ခမ်းကို လူတွေရေ့မှာ နမ်းလိုက်ရတယ်။ ပါးကို နမ်းလိုက်ရ တယ်။ ရင်ဘတ်ခြင်း ထိလိုက်ရတယ်။ ပေါင်ကို ပွတ်နေလို့ ရတယ် ငှက်ပျောသီး ခွံ့ကျွေးဖို့ အခွင့်အရေး ရတယ် ရည်းစား စကားလည်းပြော လိုက်ရသေးတယ်ဗျာ။ မိုက်တယ်နော် ကျွန်တော် စော်ကားတာ မဟုတ်ပါဘူး။ မြင်တာကို မြင်တဲ့အတိုင်း ပြောပြတာပါ။ တကယ် သာသနာ အကျိုးဆောင်ရွက်နေတဲ့ ကြည် ညိုဖွယ် ကောင်းတဲ့ ဘုန်းတော်ကြီးတွေ မြန်မာပြည် မှာအများကြီးပါ။ အခု ဒီဗီဒီယိုလေးက အဲဒီ ဆရာ တော်ကြီးတွေကို စော်ကား လိုက်သလို ဖြစ်သလို ဒါဟာ ဘယ်လိုမှ အဓိပါယ် မရှိတဲ့ လုပ်ရပ် ဖြစ် ပါတယ်။ ဒကာမ တွေကလည်း ချဲဂဏာန်းရမယ် အတိတ်ကောက် လို့ရမယ် ဆိုရင် ဘာကိုမှ မစဉ်းစားတော့ ပဲ အကုန်လုံးကို လျစ်လျူရှုထား သလို ဖြစ်တာပေါ့ဗျာ။ သင်္ကန်းစီး ထားတာကြောင့် သင်္ကန်းကိုတော့ ရှိခိုးကန်တော့ တောင်းပန်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးတွေကို အယုံလွယ်ပြီး နာက်ထပ် မြန်မာ မိန်းကလေး များယုံစားမိမှာ စိုးတဲ့အတွက် ပြီးရင်ဒီလို လုပ်စားနေသူတွေကို တွေ့ရင်လည်း အစစ်အမှန် ဟုတ်မဟုတ် ဆိုတာသေချာ လေ့လာပြီးမှ ယုံကြည်ကိုးကွယ် ကြပါလို့ သတိပေးတိုက်တွန်း လိုက်ပါတယ်။ (စော်ကားပြောဆိုခြင်း မဟုတ်ပါ)။

အမည်မသိ

မြန်မာနိုင်ငံတွင် အေအိုင်ဒီအက်စ် ရောဂါကြောင့် တစ်နာရီတွင် လူ ၂ ဦးနှုန်း သေဆုံး

 
မြန်မာနိုင်ငံတွင် အေအိုင်ဒီအက်စ်ရောဂါကြောင့် တစ်နာရီတွင်လူ ၂ ဦးနှုန်း သေဆုံးပြီး၊ တစ်ရက်တွင် အယော က်  ၅၀ ၀န်းကျင်ခန့် သေဆုံးသော အခြေအနေမှ သုည အခြေအနေသို့ ကျဆင်းအောင် ပြုလုပ် မည်ဖြစ်ကြောင်း လူထု အခြေပြုကွန်ရက် (၇) ခုမှ ဦးဆောင် ကျင်းပသော ကမ္ဘာ့ အေအိုင်ဒီအက် နေ့အ ထိမ်းအမှတ် အခမ်း အ နားတွင် မြန်မာနိုင်ငံ အိတ်(ခ်ျ)အိုင်ဗွီပိုး ရှိသူများ ကွန်ရက်မှ  ဒေါ်ခိုင်မာဆွေ က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ အိတ်(ခ်ျ)အိုင် ဗွီပိုးရှိသူများ ကွန်ရက်၏ စစ်တမ်းအရ ရောဂါပိုး ရှိသူများ၏ ၃၀ရာခိုင်နုန်း သည် ရပ် ရွာကျေးရွာ ကိစ္စများတွင် ပါဝင်ခွင့် မရရှိခြင်းများ၊ ၁၅ ရာခိုင်နှုန်းသည် မိသားစု များ၏ အခန်းကဏ္ဍတွင် ပါဝင်ပတ်သက်ခွင့် မရရှိခြင်း များနှင့် ၄၁ ရာခိုင်နှုန်းသည် အလုပ်ခန့် အပ်ရန် ငြင်းဆန် ခံရခြင်းနှင့် လုပ်ဖော် ကိုင်ဖက်များ၏ ခွဲခြားဆက်ဆံခံရမှု များကြောင့် အိတ်(ခ်ျ)အိုင် ဗွီရော ဂါ ခံစားနေရသူ များသည် ကိုယ့်ကိုကိုယ် သက်သေချင်စိတ်နှင့် မိမိကိုယ်ကို အပြစ်ရှိသူအဖြစ် ခံစားနေရ ကြောင်း သိရှိရသည်။ '' ခွဲခြားဆက်ဆံမှု တွေရှိနေသ၍ ကာကွယ်တား ဆီးရေးနဲ့ ကုသရေးတွေမှာ အခက်တွေ့နိုင်ပါတယ်။ သူတို့ကိုယ် သူတို့ အိတ်(ခ်ျ)အိုင်ဗွီပိုး ရှိကြောင်း ဖွင့်မပြော ရင်လည်း ပတ်ဝန်းကျင်မှာ အခက်တွေ့နိုင်ပါတယ်။ ဒါကြောင့် ဖွင့်ပြောလာဖို့နဲ့ ကာကွယ်ရေး တွေ ထိထိရောက်ရောက် လုပ်နိုင်ဖို့၊ ကုသရေးတွေ ပိုပြီး လုပ် နိုင်အောင် လို့ ခွဲခြား ဆက်ဆံမှုတွေ မရှိဖို့လို အပ်ပါတယ် '' ဟု ဒေါ်ခိုင်မာဆွေက ဆက် လက်  ပြော ကြား ခဲ့ သည်။ နှစ်စဉ် အသက် ၁၅ နှစ်နှင့် အထက် လူပေါင်း ၈၀၀၀ ခန့်သည် အိတ်(ခ်ျ)အိုင်ဗွီပိုး ကူးစက်ခံနေရကြောင်း ပညာရှင်များက ခန့်မှန်းကြသည် ကိုလည်း သိရသည်။ မြန်မာနိုင်ငံတွင် နေ့တစ်နေ့ကို အရွယ်ရောက်ပြီး သူပေါင်း ၂၀ကျော်သည် ယင်းရောဂါပိုးကူး စက်ခံနေ ရကြောင်းလည်း သိရှိရသည်။ မြန်မာနိုင်ငံ အိတ်(ခ်ျ)အိုင် ဗွီပိုးရှိသူများ ကွန်ရက်ကို ၂၀၀၆ ခုနှစ်က စတင်တည်ထောင် ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ရည်ရွယ်ချက်မှာ အိတ်(ခ်ျ)အိုင် ဗွီ၊ အေအိုင်ဒီအက်ဖြင့် အသက်ရှင်နေထိုင် သူများ၏ အခန်းကဏ္ဍ ကို မြှင့်တင်ပေးခြင်း၊ အိတ်(ခ်ျ)အိုင်ဗွီပိုး ရှိသူများ အချင်းချင်း ဆက်သွယ်ပေးခြင်း၊ အိတ်(ခ်ျ)အိုင်ဗွီပိုး ရှိသူများ၏ ကိုယ့်အားကိုယ်ကိုး အဖွဲ့များကို ဖွံ့ဖြိုးတိုးတက် စေခြင်းဖြစ်ကြောင်း သိရှိရသည်။
 
Eleven

တွေ့ရာ မိန်းကလေး ဓာတ်ပုံများ တင်၍ ပြည့်တန်ဆာ ဆောင်းပါး ဖော်ပြသော The Voice Weekly Journal

The Voice Weekly ၏ မတောင်းပန်သော ဖြေရှင်းစာ
The Voice Weekly ဂျာနယ် သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ထုတ် Vol 8,No 48 စာမျက်နှာ ၁၈ တွင် ဘဝနွံ ထဲက အကြွေပန်းလေးများ ဟုဆိုသော ခေါင်းစဉ်ဖြင့် လမ်းမကြီးဘေးတွင် မကောင်းတာ လုပ်စားသော (ဖာ) ပြည့်တန်ဆာ အမျိုးသမီးများဘဝ အား ဆောင်းပါးတစ်ပုဒ်ဖော်ပြခဲ့ရာ တွင် ထိုဆောင်း ပါး တွင် ပါရှိသော ဓါတ်ပုံမှာ လမ်းဘေးတနေရာတွင် အမျိုးသမီးငယ်တစ်စု စုစည်းနေပုံကို ပိုင်ရှင် မသိပဲ ခိုးယူရိုက်ယူခဲ့ပြီး ဆောင်းပါးနဲ့ တွဲစပ်၍ ပြည့်တန်ဆာ(ဖာ)များအသွင် သရုပ်ဖော်ခဲ့ပါသည်။ ထို့နောက် ယခုအခါ ထိုဓါတ်ပုံကြောင့် ပြဿနာများ ဖြစ်ပွါးလာပြီဖြစ်သောကြောင့် ဖြေရှင်းချက် ဟု ခေါင်း စဉ် တပ်ကာ ထိုအမျိုးသမီး ၄ ဦးမှာ ပြည့်တန်ဆာ(ဖာ)များမဟုတ်ကြောင်း ပြန် လည်ရေး သားသော်လည်း တောင်း ပန်ခြင်း ဝန်ခံခြင်း အလျင်းမပြုလုပ်ပဲ ဝတ်ကြေတန်းကြေ ဖြေရှင်းချက်ဟု၍ ထုတ်ခဲ့ပါသည်။

ထိုဓါတ်ပုံကြောင့် ဓါတ်ပုံတွင် ပါရှိလာသော အမျိုးသမီး တစ်ဦးဖြစ်သူ (ထဘီ ဝတ်ဆင်ထားသူ) မအေးအေးနွယ် (အမည်ပြောင်းထား) ဆိုသူ သည် စမ်းချောင်းမြို့နယ်ရှိ အိမ်ခြံမြေ ဝယ်/ရောင်း အကျိုးဆောင် ကုမ္မဏီ တွင် အလုပ်လုပ်နေရာမှ နှူတ်ထွက်ခဲ့ရပြီး ပတ်ဝန်းကျင်တွင် အရှက်ကွဲကာ ယခုအခါ ဆေးခန်းတစ်ခုတွင် depression ခေါ် စိတ် ဓါတ်ကျဆင်းခြင်း ဖြစ်နေ၍ စိတ်ရောဂါကု ဆရာဝန်တစ်ဦးနှင့် ကုသနေရပါသည်။ မြန်မာ မီဒီယာတို့သည် အဆင့်အတန်းလွန်စွာ ထိုးကျနေပြီး ယခင် ရက်သတ္တပတ်ကလည်း ဆူပူမှူ ပဋိပက္ခများ တွင် မီဒီယာများ အရေးအသား အတင်အပြတတ်စေရန် တိုင်းတပါးသားတို့မှပင် လာရောက် သင်ပေးခဲ့ရဖူးသည်။ 
The Voice Weekly ၏ တာဝန်မဲ့ ဖော်ပြချက်

သိက္ခာရှိ မြန်မာ အမျိုးသမီးငယ်များအား ဖာသယ်မ ပြည့်တန်ဆာများဟု ဓါတ်ပုံနှင့်တကွ ဖော်ပြခဲ့သော် လည်း တောင်းပန်ခြင်းအလျင်းမရှိပဲ ဖြေရှင်းချက်ဟုဆိုကာ သာမန်ကာ လျှံကာမျှသာ ရေးသားထားပါသည်။ လွန်စွာ စုတ်ပြတ်ရိုင်းစိုင်းသော အမျိုးသမီးများအား တန်ဖိုးမထားတတ်သော အယ်ဒီတာ ကျော်မင်းဆွေ သည် တွေ့မြင်ရာ အမျိုးသမီးများအား ဖာသာသာ လိင်ဆက်ဆံရန်သာ မြင်နေတတ်သူတစ်ဦးလား ဟု မေးခွန်း ထုတ်စရာဖြစ်လာပါသည်။ 

တစ်ဖန် လက်ပံတောင်းတောင်ရှိ စည်းကမ်း မလိုက်နာသူ သံဃာတုများ ဦးဆောင်သော လူထု အား ပြည်သူ့ရဲတပ်ဖွဲ့ဝင်များမှ ဖြိုခွဲစဉ်ကလည်း ပြည်ထဲရေးဝန်ကြီးဌာနမှ နိုဝင်ဘာ ၂၇ ရက်နေ့ည ၁၂ နာရီ နောက်ဆုံးထား၍ လူစုခွဲပါဟု တရားဝင် အမိန့်ထုတ်ပြန်ခဲ့သော်လည်း ဘုန်းကြီးတုများမှာ ထွက်ခွါခြင်းမရှိခဲ့ပဲ နိုဝင်ဘာ ၂၉  ရက်နေ့အထိ ပေကပ်နေခဲ့သောကြောင့် နိုဝင်ဘာ ၂၈ ရက်နေ့တွင် ည ၁၂နာရီမှာ လူစုမခွဲပါက ရဲလုပ်ထုံးလုပ်နည်း ဥပဒေများနှင့် အညီ အရေးယူ ဆောင်ရွက် သွားမယ်ဟု နိုဝင်ဘာလ ၂၈ ရက်နေ့ ည ၇ နာရီခွဲ တွင် တစ်ကြိမ်၊ ၈ နာရီ ၁၀ မိနစ်တစ်ကြိမ်၊ ၈နာရီ ၅၀ မိနစ်တွင် တစ်ကြိမ် အထပ်ထပ် ကြောငြာခဲ့ပြီးမှ ရဲလုပ်ထုံး လုပ်နည်းနှင့် လူစုခွဲသည်ကို သိရှိပါလျှက်နှင့် မြန်မာစတုတ္တမဏ္ဍိုင်ဟု ကြွေးကြော်ထားသော The Voice Weekly အယ်ဒီတာ ကျော်မင်းဆွေမှ  (အထိကရုဏ်း နှိမ်နင်းတဲ့အခါ နိုင်ငံတကာမှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေရှိတယ်။ ပထမဦးဆုံး အဆင့် က မေတ္တာရပ်ခံ သတိပေးတာ၊ နောက်တစ်ဆင့်က ဘယ်အချိန်နောက်ဆုံးထားပြီး ဆန္ဒပြတာကို ရပ်ဆိုင်း ဖို့ အသိပေးကြေညာတာ၊ နောက်တစ်ဆင့်က အဲဒီသတ်မှတ်ချိန်ကျော်ရင် အထိက ရုဏ်းနှိမ် နင်းရေး ရဲတွေက အင်းအားသုံး ဖြိုခွဲတာ၊ အင်အားပြင်းရေပိုက်နဲ့ ပက်တာ၊ အဲလိုပက်လို့မှ ဆန္ဒပြ တဲ့ သူတွေက ထိန်းမနိုင်သိမ်းမရ ဆူပူမှုဖြစ်တယ်၊ ပြန်တိုက်ခိုက်တယ်ဆိုရင် မျက်ရည်ယိုဗုံးခွဲပြီး ဖြိုခွင်းတာ၊ အဲဒါမှမရဘူး အပြင်းအထန်ပြန်ခုခံတယ်ဆိုရင် နံပါတ်တုတ်နဲ့ ရိုက်တာ အဲလိုအဆင့်တွေရှိတဲ့အကြောင်း အကြမ်းဖျင်းနားလည်ထားတယ်။အခု လက်ပတောင်းတောင် စီမံကိန်းမှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတဲ့ သံဃာတော်တွေရဲ့ စခန်းကို လက်နက်ကိုင် သူပုန်စခန်းဝင်စီးသလို အချိန်မတော် အလစ်ဝင်ပြီး အကြမ်း ဖက်တာ) ဟု ဗဟုသုတ မရှိ မလေ့လာပဲမနက်မိုးလင်းအချိန်အခါတွင်မှ မာဆတ်ဟုခေါ်သော အနှိပ်ခန်းမှ ပြန်ရောက်လာပြီး ကမူးရှူးထိုးပြောကြားခဲ့ပါသေးသည်။

ဂျာနယ်လစ်အချင်းချင်းလည်း တွယ်ကုန်ပြီ

The Voice Weekly ဂျာနယ်သည် ယခင်အယ်ဒီတာ ဒေါက်တာနေဝင်းမောင် ကွယ်လွန်ပြီး ကတည်းက ခွေး ဖြစ်နေပြီ ဟုလည်း ဂျာနယ်သတင်းထောက်လောကတွင် ပျံနှံ့နေပြီ ဖြစ်သကဲ့သို့ The Voice Weekly ဂျာနယ်၏ စီးပွါးပြိုင်ဖက်ဖြစ်သူ အခြား နာမည်ကြီး ဂျာနယ်မှ သတင်းထောက်တစ်ဦးကလည်း The Voice Weekly  ဖတ်မဲ့ အစား ခွေးသာ ပလာ တာကျွေးပြီး ဟောင်ခိုင်းတော့ ဟု သူ၏ Facebook စာမျက်နှာတွင် ရေးသားခဲ့ပါသည် ။

ဤသို့ ဗဟုသုတလည်းမရှိ ဆင်ခြင်လည်း မရှိ တွေ့မြင်ရာ သတင်းဖြစ်ပြီးရောဟု လုပ်နေသော မြန်မာအမျိုး
သမီးငယ်များကို မလေးစားပဲ ဖာသယ်မ(ပြည့်တန်ဆာ) ကဲ့သို့ ရှူမြင်နေခြင်းရှိသည့် The Voice Weekly အယ်ဒီတာ ကျော်မင်းဆွေနှင့် အပေါင်းအပါတို့အား ပြည်သူလူထုမှ မည်သို့ အပြစ်ဒဏ်ပေး  ကြမည်နည်းဟု မောင်ကျောက်ခဲမှ မေးလိုက်ချင်ပါသည်။ လွန်ခဲ့သော နှစ်ကမူ အမေရိ ကန်ပြည်ထောင်စုတွင် သတင်းမမှန်ဖော်ပြခဲ့သော ညနေခင်းသတင်းစာ ဂျာနယ်တိုက်ကို တမြို့လုံးက ဝိုင်းဝန်း မီးရှို့ခဲ့ကြဖူးသည်။

မောင်ကျောက်ခဲအဖွဲ့ 

ထိုင်းနိုင်ငံသည် ပညာရေး အကဲဖြတ် အဆင့်တွင် အညံ့ဆုံးဖြစ်

 
 
 
နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ဝေသည့် ဘန်ကောက်ပို့စ် သတင်းစာ တွင် နိုင်ငံပေါင်း ၄၀ ကို ပညာရေး လေ့လာ ဆန်းစစ်မှုများ ပြုလုပ်ရာ၌ ထိုင်းနိုင်ငံသည် အဆင့် ၃၇ တွင်ရှိနေသောကြောင့် အညံ့ ဆုံး အနေ အထား သို့ရောက်နေကြောင်း သိရသည်။ ထိုလေ့လာဆန်းစစ်ချက်ကို ဗြိတိန်ပညာရေး သုတေ သန အဖွဲ့ Person Plc မှပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လေ့လာဆန်းစစ်ချက်အရ ဖင်လန်နိုင်ငံသည် ရမှတ်ပေါင်း ၁ ဒသမ ၂၆ မှတ်ဖြင့် ပထမနေရာ တွင်ရှိေ ကြာင်း၊ ဒုတိယနေရာတွင် တောင်ကိုရီးယားနှင့် တတိယနေရာတွင်ဟောင်ကောင်တို့ ကလိုက်ကြောင်း၊ စတု တ္ထေ နရာမှာ ဂျပန်၊ ပဉ္စမနေရာတွင် စင်ကာ ပူနိုင်ငံတို့ဖြစ်သည်။ ထိုင်းနိုင်ငံသည် ရမှတ်ပေါင်း ၁ ဒသမ ၄၆ မှတ်ဖြင့် အဆင့် ၃၇ တွင်ရောက်နေပြီး၊ သူ့နောက်တွင် ၃ နိုင်ငံ သာ ရှိတော့သည်ဟုဆိုသည်။ ထိုသို့နိုင်ငံအဆင့်များ သတ်မှတ်ရာတွင် စမ်းသပ် စစ်ဆေးရာ၌ စာဖတ်၊ စာရေးနှင့် သင်္ချာဆိုင်ရာ စွမ်းရည် များနှင့် ပညာရေး ဆိုင်ရာ အောင်မြင်မှုရလဒ် များကိုကြည့်ကာ ဆုံးဖြတ် အမှတ်ပေးခြင်းဖြစ်သည်။ ထို့ပြင် နိုင် ငံ ၄၀ အတွင်း စာတတ်မြောက် မှုနှုန်းထားနှင့်၊ ပညာတတ်ဘွဲ့ ရမွေးထုတ်ပေးနိုင်မှု အနေအထားတို့ အပေါ်ကြည့်ပြီး အ မှတ်ပေးခြင်းဖြစ်သည်။ ထိုင်းနိုင်ငံတွင် ပညာရေး နိမ့်ကျနေသည် ဆိုသည့် အကဲဖြတ်ခံရ မှုနှင့်ပတ် သက်ပြီး အွန်လိုင်း ဘလော့ဂ် များတွင် ဝေဖန်ရေးသားကြရာ၌ “ဆရာတွေ ညံ့ဖျင်းလို့” “ပညာရေးကို ဘယ်လောက်အောင်မြင်သလဲဆိုတာနဲ့တွက်လို့မရပါဘူး။ ပညာတတ်ဆိုတာ ပညာတတ်ပြီး ဘာမှ မလုပ်နိုင်ရင် အလကားပဲ” “ပညာရေးအတွက် ဆရာကောင်းတွေရှိဖို့ ငွေတွေအများကြီး စိုက်ထုတ်သုံး ဖို့လိုသေးတယ်” “ကျုပ်တို့နိုင်ငံ တက္ကသိုလ်ပညာ တတ်တွေဆိုတာက ဘွဲ့သာရတယ်၊ အထက်တန်း အဆင့်တွေလောက်ေ တာင် မတတ်ဘူး” “ငွေပေးနိုင်က ဘွဲ့တွေရဆိုတဲ့ အလေ့အထကြီးကို မပြင်နိုင်သမျှ ဟန်မကျဘူး” ဆိုသည့် ဝေဖန်ချက် များ ကို တွေ့ေ နရ သည်မှာ ပြန်လည်စဉ်းစား စရာဖြစ်သည် ဟုသိရသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3