October 22, 2012

မြန်မာနိုင်ငံတွင် ပထမဆုံးပုဂ္ဂလိက ဘောလုံးသင်တန်းကျောင်း ဖွင့်လှစ်မည်


မြန်မာနိုင်ငံမှ လူငယ်ဘောလုံး ဝါသနာရှင် ရွက်ပုန်းသီး ဘောလုံး သမားများ ပရော်ဖက်ရှင် နယ် ဘောလုံးသမား တစ်ယောက် ဖြစ်စေရန် အတွက် ရည်ရွယ်၍ မြန်မာ နိုင်ငံ၌ ပထမ ဦးဆုံး ဘောလုံး သင်တန်းကျောင်းကို ရန်ကုန်မြို့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် အမှတ် ၃၃၈၃ စစ်တောင်းလမ်း (၆၁)ရပ်ကွက် တိုင်းရင်းသား ကျေးရွာ အလွန်ရှိ Super Professional Football Training Centre ဘောလုးံ ကစားကွင်း၌ လာမည့် နိုဝင်ဘာ ၁၈ ရက်တွင် စတင် ဖွင့်လှစ်မည် ဖြစ် သည်။ ဝါသနာရှင်တွင် ပါရမီရှင် လူငယ် ဘောလုံးသမားများ အနေဖြင့် မြန် မာ နေရှင်နယ်လိဂ် အသင်းများသို့ ပရော် ဖက်ရှင်နယ် ဘောလုံး ကစားသမားများ အဖြစ် ဝင်ရောက် လိုသော်လည်း မိမိခြေစွမ်း ခြေစများကို ပြသခွင့် မရဘဲ ကလပ်အသင်းများနှင့် အဆက်အသွယ် အချိတ်အဆက် မရှိ ဖြစ်နေသည်။ ဤသင်တန်းရှိ ဖရော်ဖက် ရှင်နယ် နိုင်ငံခြား နည်းပြ ဆရာများက သင်တန်းသား ဘောလုံးသမား၏ ခြေစွမ်း ခြေစ လိုအပ်ချက်များကို စနစ်တကျ သင်ကြား လေ့ကျင့် ပေးကာ ဖရော်ဖက် ရှင်နယ် ဘောလုံး သမား တစ်ယောက် ဖြစ်လာစေ ရန် ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။ ထို့ပြင် ဘောလုံးကလပ် အသင်းများသို့ ဆက်သွယ် ပြသပေးကာ ယင်းကလပ် အသင်းများမှ နှစ်သက်သော ဘောလုံး သမားများအား ရွေးချယ် နိုင်ရေး စီစဉ် ဆောင်ရွက် ပေးမည် ဖြစ်ပြီး သင်တန်းတွင် ခေတ်အဆက် ဆက် မြန်မာ့ လက်ရွေးစင် ဘောလုံး သမား ဟောင်းများနှင့် အတူ အပတ်စဉ် ပူးတွဲ သရုပ်ပြ ကစားရင်း လေ့ကျင့် သင်ကြားပေး သွားမည် ဖြစ်ကြောင်း သိရသည်။ သင်တန်း တက်လိုသူများ အနေဖြင့် ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားလမ်း အမှတ် (၂၁၁) မြေညီထပ်၊ ဖုန်း-ဝ၉-၄ဝ၂၇ဝ၄ဝ၁၅ သို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3