အာဖရိကတိုက်အတွင်းရှိ လူကိုသေစေနိုင်တဲ့ အနက်ရောင် မမ်ဗာမြွေဆိပ်မှ ဇီဝဓာတုဒြပ်ပေါင်းတစ်မျိုးကိုကြွက်များနဲ့ စမ်းသပ်ခဲ့ရာမှာ ဘေးထွက်ဆိုးကျိုး မဖြစ်စေဘဲ နာကျင်မှုဝေဒနာကို သက်သာစေကြောင်း တွေ့ရှိရတဲ့အတွက် လူတို့တွင် အသုံးပြုလို့ရနိုင်မယ်လို့ မျှော်လင့်ထားကြောင်း သိပ္ပံပညာရှင်များရဲ့ ပြောကြားချက်ကို အောက်တိုဘာလ ၄ ရက် ကြာသာပတေးနေ့က ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။ အောက်တိုဘာလ ၃ ရက် ဗုဒ္ဓဟူးနေ့ထုတ် ဂျာနယ်နေးချားမှာ ပြင်သစ်သုတေသန ပညာရှင်များရဲ့ ရေးသားဖော်ပြချက်အရ အနက်ရောင်မမ်ဗာမြွေရဲ့ အဆိပ်မှ ထုတ်ယူရရှိတဲ့ ဘိန်း ကဲ့သို့သော မူးမေ့စေတဲ့ ဇီဝဓာတုဒြပ်ပေါင်းဟာ နာကျင်ကိုက်ခဲမှုကို သက်သာစေတဲ့ မော်ဖင်း (Moephine) ဆေးထက် ပိုမိုကောင်းမွန်တဲ့ ဆေးဝါးဖြစ်လာနိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။ လူတို့အတွက် အသုံးပြုနေတဲ့ မော်ဖင်းနဲ့ ဘိန်းအနွယ်ဝင် နာကျင်ကိုက်ခဲမှု သက်သာစေတဲ့ ဆေးဝါးများဟာ တခါတရံမှာ အသက်ရှူခက်ခဲမှု ဒါမှမဟုတ် အော့အန်မှုအစရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုပါတယ်။ အခုတွေ့ရှိခဲ့တဲ့ မမ်ဗာမြွေဆိပ်က ထုတ်လုပ်ရရှိတဲ့ နာကျင်ကိုက်ခဲမှု သက်သာစေတဲ့ ဆေးဝါးက ဘေးထွက်ဆိုးကျိုး မဖြစ်ပေါ်စေနိုင်ကြောင်း ပြင်သစ် သုတေသနပညာရှင် စာရေးဆရာ အန်းဘာရော်န်က အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
Source : http://www.yatanarpon.com.mm
0 comments:
Post a Comment