September 6, 2013

ထူးဆန်း ကြည်ညိုဖွယ်ရာ သစ်နွယ်ပင်ကြားမှ ရှင်ဥပဂုတ္တမထေရ်မြတ်၏ ပုံတော်



''ရွှေလက်ပံငုံစီစီ၊ ဒုတိယ ပုဂံပြည်'' ဟုလူသိများ၍ ရှေးဟောင်း သမိုင်းဝင် စေတီ ပုထိုးကြီးများဖြင့် အထူးစည်ကားလျက် ရှိသော စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့၏ အနောက်တောင်ဘက် ၁၄ မိုင်ခန့် အကွာရှိ သုံးပန်လှ စံပြကျေးရွာ၌ ကျန်စစ်သားမင်းနှင့် သမ္ဘူလ မိဖုရားကြီးတို့ တည်ထား ကိုးကွယ်ခဲ့သော သမိုင်းဝင် စေတီတိုက် ဘုရား ပရိဝုဏ် အတွင်းမှ တွေ့ရှိရသည့် သစ်နွယ်ပင်ကြားမှ ရှင်ဥပဂုတ္တမထေရ်မြတ်၏ ပုံတော်မှာ အလွန်ထူးဆန်း ကြည်ညိုဖွယ် ကောင်းကြောင်း ယင်းဘုရားကြီး၏ ဂေါပက အဖွဲ့ဝင်ဖြစ်သူ ဦးဘဂျမ်းက ပြောပြခဲ့သည်။ ''သမိုင်း သုတေသီတွေရဲ့မှတ်ချက် အရဆိုရင်တော့ ဟောဒီ ရှင်ဥပဂုတ္တ မထေရ်မြတ်၏ ပုံတော် ဖြစ်ပေါ်နေတဲ့ သစ်နွယ်ပင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာ ကတည်းက ရှိနေတယ်လို့ ပြောကြတယ်'' ဟု ၎င်းဂေါပက လူကြီးက ဆက်လက် ပြောကြားခဲ့သည်။ အဆိုပါ သစ်နွယ်ပင်ခွကြား၌ ဖူးမြော်တွေ့ရှိနိုင်သည့် ရှင်ဥပဂုတ္တမထေရ်မြတ်၏ ပုံတော်မှာ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်က ထုဆစ် ပြုလုပ် ထားသည်ဟု ယေဘုယျ ဆိုနိုင်သော်လည်း ထုဆစ် ပြုလုပ်သည့် လက်ချက်များကြောင့် သစ်နွယ် အကြောအမျှင်များ ပြတ်တောက်နေရမည့် အစား ပိုမို၍ ထူးဆန်း အံ့သြရသည်မှာ သစ်နွယ်ပင်များ၏ မူလ သဘာဝ သစ်ပင် အကြောအမျှင် များသည် ပုံတော်နှင့် တစ်ဆက်တစ်စပ် တည်း ဖြစ်ပေါ်နေခြင်း ဖြစ်သည်ဟု ပန်းပုပညာရှင် များ၏ သုံးသပ် ပြောကြားချက်များ အရ သိရသည်။ အဆိုပါဒေသ၌ ရှေးဟောင်း သမိုင်းဝင် စေတီပုထိုး အများအပြား တည်ရှိနေပေရာ စေတီ အဆူတော် အရေအတွက်ကို လွယ်ကူစွာ မှတ်သား သိရှိနိုင်စေရန် ရှေးစာဆိုများက ''ရွှေလက်ပံငုံစီစီ'' ဟု လင်္ကာအားဖြင့် မှတ်သား ထားခဲ့သည်။ အဓိပ္ပာယ်မှာ ယင်းဒေသ၏ရှေးဟောင်းစေတီ ပုထိုးအရေအတွက်မှာ ၄၄၅၂၃၃ ဆူခန့် ရှိကြောင်းကို ညွှန်ပြဖွဲ့ဆို ထားခြင်းဖြစ်သော်လည်း မျက်မှောက် ခေတ်တွင်မူ သဘာဝ ဘေးအန္တရာယ်များနှင့် ရာသီဥတု၏ တိုက်စား ချေဖျက်မှုကြောင့် အဆိုပါ ဒေသတွင် ရှေးဟောင်း သမိုင်းဝင် စေတီပုထိုး ၁၃၂ ဆူခန့်သာ ကျန်ရှိတော့ကြောင်း ထိုဒေသရှိ မြေတိုင်း စာရေးကြီး ဦးကျော်ဆွေ၏ စာရင်းပြုစု ချက်များအရ သိရသည်။ ရှေးဟောင်း ယဉ်ကျေးမှု ပုဂံဒေသရှိ စေတီပုထိုးများ၏ ပုံပန်းသဏ္ဌာန်နှင့် အဆိုပါ စေတီပုထိုးများ၏ ပုံပန်းသဏ္ဌာန်မှာ တထေရာတည်းဖြစ်ကြောင်း ယင်းဒေသသို့ ဘုရားဖူး အလည်အပတ် ရောက်ရှိလာသူ ရှေးဟောင်း ဗိသုကာ ပညာရှင် ဦးလှသောင်း၏ ပြောပြချက်များ အရ သိရသည်။ 

Credit to - Myawady News

September 5, 2013

အင်ဒိုနီးရှားနိုင်ငံတွင် အထက်တန်းအဆင့်မရောက်မီ ကျောင်းသူလေးများအား အပျိုစစ်မစစ် စစ်ဆေးရန်စီစဉ်



အင်ဒိုနီးရှားနိုင်ငံ စူမားတြား ကျွန်းရှိ Prabumulih မြို့မှ ပညာ ရေးဌာနအကြီးအကဲဖြစ်သူ မူဟာ မက်ရာရှစ်က အထက်တန်းတက် ရောက်မည့် မြီးကောင်ပေါက် ကျောင်းသူလေးများအား အပျို ရည်စစ်ဆေးသင့်ကြောင်း ထုတ် ဖော်ပြောကြားခဲ့ရာ လူအများ ဒေါသထွက်ကြပြီး အမျိုးသမီး အရေး လှုပ်ရှားတက်ကြွသူများ က အမျိုးသမီးများအပေါ် လိင် ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအား ပေးကြောင်း စွပ်စွဲခဲ့ကြသည်။ ပြည့်တန်ဆာလုပ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခြင်းခံရသော အထက်တန်းကျောင်း သူခြောက် ဦး၏ သတင်းထွက်ပေါ်လာပြီး နောက် ၎င်းအကြံပြုချက်ထွက် ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုအစီ အစဉ်အား လာမည့်၂၀၁၄ခုနှစ် မှစ၍ အကောင်အထည်ဖော် သွားမည်ဟုပြောသော်လည်း မြို့ တော်ဝန်နှင့် ဒေသပါလီမန်မှ အတည်ပြုချက် လိုကြောင်းလည်း သိရသည်။ သင်၏ကလေးများကို ဆိုး ကျိုးသက်ရောက်မှုမှ ကာကွယ်ရန် အခြားနည်းလမ်းများ ရှိကြောင်း၊ ယခုအစီအစဉ်သည် အမြော် အမြင်မရှိကြောင်း ပညာရေးဝန် ကြီး မိုဟာမက်နုမှ ဦးဆောင်ပြီး ဝေဖန်ပြစ်တင်ကြသည်။ ယခုအစီအစဉ်အား ဒေသ အာဏာပိုင်များမှ မထောက်ခံ ၍ အကောင်အထည်ပေါ်မည် မဟုတ်ကြောင်း၊ ဒုတိယမြို့တော် ဝန်က ပြောသည်။ ၂၀၁ဝပြည့်နှစ်ကလည်း Jami ပြည်နယ်တွင် ယခုကဲ့သို့ အပျိုရည်စစ်ဆေးမည့် အစီအစဉ် တင်ပြခဲ့ရာ ဗဟိုအစိုးရကန့်ကွက် မှုကြောင့် အစီအစဉ်ပျက်ခဲ့ရဖူး သည်။

အသုဘ (သို့) အလောင်းအကြောင်း ကျော်သူရဲ့ရှင်းတမ်း


ရှက်ဖို့ ကောင်းလှသည် . . . ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ . . . အယူသီးပုံ၊ အစွဲကြီးပုံများ တလွဲ ဆံပင်ကောင်းမှုများပင် ဖြစ်တော့ သည်။ ဘာသာခြားများ၊ တိုင်းတစ်ပါးမှ နိုင်ငံခြားသားများသိလျှင် အတော့်ကို ရယ်စရာကြီးဖြစ်နေမည်။ မြန်မာ လူမျိုးများ ကမ္ဘာတွင် ဟာသလူမျိုးဖြစ်ကုန်မည်ကို စိုးရွံ့မိသည်။ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ အယူသီးမှု၊ အစွဲအလန်းကြီးမှုများကို ကျွန်တော်တို့ တိုက်ဖျက်လာသည်မှာ ယခုအချိန်ထိပင်။ သို့သော် ကျွန်တော်တို့နှင့် ယခုတိုင် အချို့သောသူတို့သည် ပြဒါးတစ်လမ်း . . . သံတစ်လမ်း၊ ဆန့်ကျင်ဘက် အနေအထားပင် ဖြစ်နေသေး သည်။ သူတို့ ထံမှ တီးတိုး ပြောသံများ၊ အကြံဥာဏ် ပေးသံများ၊ ဆရာကြီး လုပ်သံများ၊ အတင်းအဖျင်း ပြောသံများ၊ ရှုတ်ချသံများ၊ မချေမငံ ပြောသံများ စသည့် လူမှုရေး တိုက်ခိုက်သံ၊ အယူသီးမှု စကားလုံးများ ယနေ့တိုင် မကြာမကြာ ကြားနေရဆဲပင် ဖြစ်သည်။
 
ရှေးလူကြီးများ စကားမပယ်ဖျက် ကောင်းဘူးတဲ့ . . . ဒါက သူတို့ နောက်ဆုံး အနိုင်ယူတဲ့ စကားလုံး။ ဒီတော့ . . . ကျွန်တော် ရှင်းပြီ၊ ရှင်းရပြီ . . . ရှင်းပြီ ဆိုသော်ငြားလည်း ကျွန်တော် ရေးခဲ့ဘူးသော ‘ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်’ ဟူသောစာစုမှ ကျွန်တော်တို့၏ လူမှုရေးလမ်းပြ ကြယ်ဖြစ်သော ဆရာတော်ကြီးဘဒ္ဒန္တ ဦးတိက္ခ၏ ဟောကြားချက် စကားများမှ စရတော့မည်။ အမျိုး၊ ဘာသာ၊ သာသနာ အတွက် မြတ်စွာဘုရားရှင်သည် ကောင်းတာ လုပ်လျှင် ကောင်းကျိုး ပေးမည်။ မကောင်းတာ လုပ်လျှင် မကောင်းမှုများ ရမည် ဟူ၍ ဟောကြား ခဲ့သည် မဟုတ်ပါလား . . . ။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် ရတနာသုံးပါးကို ကြည်ညို လေးစား ဦးခိုက်ကြသော်လည်း ကံနှင့်ပတ်သတ်၍ ယုံကြည်မှု အားနည်းမှုများကို တွေ့ရသည်။ လူအများစုသည် နာရေး ကိစ္စများကို အယူသီး ကြသည်။ နာရေးကြောင့် စီးပွားပျက်တယ်၊ လူသေ တတ်တယ်၊ ထိခိုက် နစ်နာမယ်၊ ပျက်စီး ဆုံးရှုံးတတ်၊ နိမိတ် မကောင်းမှုတွေ ဖြစ်တတ်တယ် ဟူ၍ ရှေးဘိုးဘေး ဘီဘင် လက်ထက် ကတည်းက အယူသီးမှုများ၊ အရိုးစွဲမှုများ၊ အမှားစွဲမှုများ ရှင်သန်လာခဲ့ကြသည်။

လူတော်တော် များများသည် အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အထိအတွေ့ ဟူသော အာရုံ ငါးပါးထဲတွင် နစ်မွန်း နေကြသည်။ မိမိကိုယ် မိမိတို့ သုဘ (သို့မဟုတ်) မင်္ဂလာဟု သတ်မှတ် နေကြသည်။
အမှန်မှာ . . . ရှင်သူ၊ သေသူတို့ အားလုံးသည် အသုဘများ (သို့မဟုတ်) အမင်္ဂလာများပင် ဖြစ်တော့သည်။
အဘယ့်ကြောင့် ဆိုသော် . . . ရေမချိုးဘဲနှင့် ဆယ်ရက်ခန့် နေကြည့်လျှင် မိမိခန္ဓာမှ အပုပ် နံ့များထွက် လာမည်။ ဒွါဒ ခြောက်ပါးမှ အနံ့အသက် မျိုးစုံ ထွက်နေတော့မည်။ ရုပ်တရား၊ နာမ်တရား အားလုံးသည် အသုဘချည်းပင် ဖြစ်သည်။ မည်သည့် အရာမှ တည်မြဲမှုကို မဆောင်နိုင်ချေ။
မြတ်စွာ ဘုရားသည် လူမသာကို အိမ်ထဲသို့၊ ရပ်ကွက်ထဲသို့ သွင်းလျှင် ‘ခိုက်သည်’ ဟူ၍ မဟောကြားခဲ့ပါ။
စဉ်းစား စေချင်သည် . . . ရပ်ကွက်၊ အိမ်ပြင်ပတွင် ဆုံးသွားပါက (ရပ်ကွက်) အိမ်ထဲသို့ အသွင်းမခံကြ၊ သွင်းလျှင် ရွာနာတယ်၊ အရပ်နာတယ်၊ အိမ်သူ အိမ်သားတွေ ခိုက်တယ်ဟူ၍ မည်သည့် ကျမ်းဂန်တွင်မှ မပါရှိပါ။ သို့သော် အားလုံး နီးပါး အယူသီးမှုများက လွှမ်းခြုံနေမှုကို ခံနေရသည်။
ဒါဆို . . . ကျွန်တော်မေးတော့မည်။
 
( လူမသာကြတော့ ရပ်ကွက်ထဲ၊ အိမ်ထဲ မသွင်းကောင်းဘူးတဲ့ . . .။ အဲဒါဆိုလျှင် တိရစ္ဆာန် မသာများ ကြတော့ ဘာဖြစ်လို့ အိမ်ထဲ သွင်းကြ သနည်း။ သက်ရှိ လောကကြီးထဲတွင် လူသာလျှင်၊ အမြတ်ဆုံး ဖြစ်သည်လို့ ပြောကြပြီး မည်သည့် အတွက် . . . နံနက်ဖက် ဈေးက ပြန်လာလျှင် သူ့ထက်ငါ အလုအယက် ငါကတော့ ကြက်သား စားနိုင်တယ် . . . ငါကတော့ ဝက်သားစသဖြင့် အပြိုင်အဆိုင် ဈေးဝယ်လာပြီး ဂုဏ်ယူဝင့်ကြွားစွာ နေအိမ်ထဲသို့ တိရစ္ဆာန် မသာများကို ထည့်ပြီး . . . ခုတ်ထစ် ဆေးကြော၊ ကြော်လှော်၊ ချက်ပြုတ်ပြီး မိမိတို့ရဲ့ ပါးစပ်ထဲသို့ တိရစ္ဆာန် မသာများကို ဘာကြောင့် ထည့်ကြ သနည်း . . . ။ အရိုးများကို နူးနေအောင် ချက်ပြုတ်၍ ဝါးကြသည် မဟုတ်ပါလား။ ) … suon won .. ကြိုက်တဲ့စာသားမို့ ပြန်ပြောပြခြင်း ဖြစ်သည်။

ဒါကြောင့် . . . လူ့ဝမ်းဗိုက်သည် တိရစ္ဆာန်တို့၏ သချိင်္ုင်း လူ့ပါးစပ်သည် တိရစ္ဆာန်တို့၏ မီးသဂြိင်္ုလ် စက်ပင် ဖြစ်တော့သည်။ တိရစ္ဆာန် မသာကျတော့ မိမိတို့ ဝမ်းဗိုက်ထဲသို့ ထည့်ပြီး လူမသာကျတော့ အိမ်ထဲ (ရပ်ကွက်) ထဲသို့အသွင်းမခံမှု တို့သည် အဆိုးဝါး ဆုံးသော အယူသီးမှု၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒမှ ဆင်းသက်လာမှုပင် ဖြစ်တော့သည်။ တစ်ဖန် လူသေသွားလျှင် အိမ်နောက်ဖေးသယ်သွား၊ တံစက်မြိတ်ရေ လက်ပြန်ရေနှင့် ရေချိုးပေး၊ အဝတ် အစားဝတ်၊ သနပ်ခါးလိမ်း၊ ဆံပင်ထုံးပေး၊ နှုတ်ခမ်းနီဆိုးပေး၊ ပန်းပန်ပေးနှင့် သေသွားမှ ကြင်နာပြ၊ ဂရုစိုက် ပြနေတော့သည်။ အလောင်း လှအောင် လုပ်တာတဲ့။ ပြုံးပြုံးလေးသေမှ အလောင်းလှတာတဲ့။ နောက်မှ ခေါင်းက ဆံပင်ကိုဖြတ်၊ ခြေထောက် နှစ်ချောင်းကို တုပ်တော့သည်။ အိမ်မှာ နှစ်ညတောင် ထားရဦးမှာဖြစ်တဲ့ အတွက်တဲ့ဗျာ . . . ။ သေတာတောင် အချုပ်အနှောင်ခံရတဲ့ဘဝ။ ထို့နောက် သေသူနှင့် ပါးစပ်ထဲ မတ်စေ့ (ယခုခေတ်တွင်တော့ မရနိုင်တော့) ထည့်သည့် ‘ကူးတို့ခ’ ဟုဆိုကြပြန်သည်။ အသက်မရှိသော ခန္ဓာနှင့် ဘယ်ကားကို တစ်မတ်ပေးစီး၍ ဘယ်ကိုသွားမည်နည်း။ တစ်ချို့က ပါးစပ်ထဲ ထည့်ထားသည့် မတ်စေ့ကို အတင်းနှိုက်ပြန်သည်၊ Lucky ကောင်းတယ်တဲ့၊ ငွေပွားတယ်တဲ့လေ။
 
အလောင်းကို အိမ်ကထုတ်တော့ . . . ခြေကမထုတ်ရဘူး၊ ခေါင်းကမထုတ်ရဘူး၊ တံခါးဘောင်နဲ့ မထိရဘူး၊ အိမ်နံရံကို မထိရဘူး၊ လှေကားက မဆင်းရဘူး စသဖြင့် ‘ဘူး’ များပဲ့တင်ထပ်နေတော့ သည်။ နောက်ထပ် ကြေးစည်ထု၊ ကနားဖျင်းဖျက်ခြင်း လုပ်တော့သည်။ နောက်နိဗ္ဗာန်ယာဉ်ပေါ်သို့ အလောင်းတင်သော် ရေအိုး ကို ခွဲတော့သည်။ မင်းနဲ့ငါတို့ အိုးစားကွဲပြီ၊ အိမ်ပြန်မလာနဲ့ ဟုဆိုသည်။ နောက်ငိုကြ၊ ယိုကြ၊ မသွားရဘူး၊ ခေါ်မသွားရဘူး၊ ပစ်သွားပြီလား စသဖြင့် အယူစွဲ၊ အယူသီးမှုများ လွှမ်းခြုံနေကြသည်။ သုဿန်ရောက်သော် အခေါင်းထဲမှ ပန်းတစ်ပွင့်ကိုယူ၍ ယူသည့်လူက စကားမည်သူ့ကိုမျှမပြောတော့ချေ။ သေသူရဲ့လိပ်ပြာကို ပြန်ခေါ်တာတဲ့။ အိုးစားကွဲ လိုက်ကြ၊ ပြန်ခေါ် လိုက်ကြ၊ ခြေထောက်ကို တုပ်နှောင် လိုက်ကြ၊ ငိုလိုက် ကြနဲ့ သေသူကို မီးသဂြိင်္ုလ် စက်ထဲသို့ ထည့်မည့်အစား ထိုသူများကို စိတ်ရောဂါ အထူးကုဆေးရုံသို့ပင် ပို့ရမလို ဖြစ်တော့သည်။ သေဆုံးသူ၏ လုံချည်၊ အကျီင်္၊ ခြင်ထောင်၊ မွေ့ယာများကို ခိုက်မှာစိုး၍ ခန်းစီးစများ ချုပ်၍ ဘုန်းကြီးကျောင်း ကိုပို့ကြသည်။ ကုသိုလ်ရအောင် ဘုန်းကြီးကျော်းတွင် ချိတ်ခိုင်း ဆွဲခိုင်းတော့သည်။ ဒါဆို ဘုန်းကြီးတွေ ကျတော့ ခိုက်စေတဲ့လား . . . ? သေဆုံးသွားသူ၏ လက်ဝတ် လက်စား၊ ဆွဲကြိုး၊ လက်စွပ်များ ကြတော့ ခိုက်မှာ စိုး၍ ဘုန်းကြီးကျောင်းကို မလှူကြတော့ ဘူးလား၊ ဘယ်ရောက် ကုန်ပါလိမ့် . . . ?

နာရေးယာဉ် (နိဗ္ဗာန်ယာဉ်) ကိုလည်း ရပ်ကွက်ထဲဝင်လျှင် ဟိုဖက်ကဝင်၊ ဒီဖက်က မဝင်ရဘူး စသဖြင့် တားမြစ် သူတွေ၊ မိမိအိမ်ရှေ့တွင် မော်တော်ယာဉ် ခေါင်း လာလှည့်တာကို မလိုချင်၊ နိဗ္ဗာန်ယာဉ်မောင်းသည့် ယာဉ်မောင်း များလည်း ယခင်ကမကြာခဏ လက်သီးနှင့် အထိုး ခံရမှုများ ရှိခဲ့သည်။ လမ်းထိပ်တွင် ကန်တော့ပွဲ ထိုးပေး ခဲ့ရသည်လည်း ရှိသည်။ ဒီလမ်းက နိဗ္ဗာန်ယာဉ်မဝင်ရ၊ မသွားရတဲ့လမ်း စသဖြင့် တားမြစ် နယ်မြေများလည်း ရှိခဲ့သည်။ ရှိနေဆဲပင် . . . ။ ကောင်းပြီ။ ဒါဆိုရင် အဲဒီ့လမ်းကလူတွေက မသေတော့မဲ့ သူတွေများလား . . . ?။ သေခဲ့သည် ရှိသော် မိမိအိမ်မှ လမ်းထိပ်သို့ မိမိတို့ ကိုယ်တိုင်သယ်ပိုပြီး ‘မ’ချမည်တဲ့လား . . . ? ။ နောက် ...နိုင်ငံရပ်ခြားတွင် သေဆုံး၍ သေဆုံးသူ၏ ခန္ဓာကိုယ်အား မြန်မာပြည်တွင် သဂြိင်္ုလ်ချင်၍ ပြန်သယ် လာသော အလောင်းများသည် လေယာဉ်ဖြင့် သယ်ဆောင် လာရခြင်း ဖြစ်သည်။ ထို့ကြောင့် လမ်းထဲ မဝင်ရဘူး၊ ဟိုဘက်က မထွက်ရဘူး၊ ဒီဘက်က မဝင်ရဘူး၊ အိမ်ရှေ့ကားမကွေ့ရဘူး စသဖြင့် ပြောနေသူများ စဉ်းစားကြည့်စေချင်သည်။ မိမိတို့ ဦးခေါင်းထက်မိမိတို့၏ နေအိမ်ထက်မှ နေ့စဉ်အလောင်း တင် လေယာဉ်ပျံများ ဖြတ်သန်း နေဆဲ၊ ပျံသန်းနေဆဲပင် ဖြစ်တော့သည်။ နိဗ္ဗာန်ယာဉ်ဝင်တာကိုတော့ မကြိုက်ကြ၊ နိဗ္ဗာန်ယာဉ် ကို မြင်ကြလျှင်တော့ မိမိတို့၏ ပိုက်ဆံအိတ်များကို ပုတ်ကြကာ လာဘ်ရွှင်လို့လား စဉ်းစား ကြပါ။ သိပ်ရှက်ဖို့ ကောင်းနေပါပြီ။ မိမိတို့၏ စိတ်ဓာတ်များ၊ ခံယူချက်များ၊ အယူသီးမှုများကို ပြန်လည်ပြုပြင်စေ လိုပါသည်။ ပြဒါးတစ်လမ်း . . . သံတစ်လမ်း မဖြစ်သင့်တော့ပါ။ ကိုယ့်စိတ်ကို ပြန်စစ်ကြည့်စေချင်သည်။
 
မှားလား . . . မှန်လား။
မှန်လား . . . မှားလား ဆိုတာ။
မှားရင် . . . ပြင်။ မှန်ရင် . . . ဆက်လုပ် ဖို့က အားလုံးရဲ့ တာဝန် ဖြစ်တော့သည်။

ဆိုင်ကယ်မျက်နှာချင်းဆိုင် တိုက်မိရာမှ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ



နေပြည်တော်   ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ရွှေချီ (၉)လမ်း တစ်လမ်း မောင်းလမ်း၌ မော်တော် ဆိုင်ကယ်လမ်း ပြောင်းပြန် မောင်းနှင်မှုကြောင့် လမ်းမှန်မောင်းနှင်သူနှင့် တိုက်မှု ဖြစ်ပွားပြီး လမ်းမှန်မောင်းနှင်သူ သေဆုံး သွားသော   ဖြစ်ရပ် တစ်ခု စက်တင်ဘာ  ၄ ရက်  နံနက်ပိုင်း က ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ  စက်တင်ဘာ ၄ ရက် နံနက် ၉ နာရီ  ၅၅  မိနစ်ခန့်က နေပြည်တော် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်သက်ထူးပျဉ်းမနား ယာဉ်ထိန်းတပ်ဖွဲ့ စုမှူးရုံး တွင် တာဝန်မှူး ဆောင် ရွက် နေစဉ် ယာဉ်မတော်တဆမှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးရာ ပျဉ်းမနား မြို့ ရွှေချီရပ်ကွက် (၉)လမ်း အုပ်ချုပ်ရေးမှူးရုံးအနီးတွင်  အုပ်ချုပ်ရေးမှူးရုံး(လမ်းမှား)မှ ပဋ္ဌာန်းဓမ္မာရုံဘက်သို့     အောင်ဇင် မင်း (၁၈)နှစ်  ပေါင်းလောင်းရပ်ကွက် ပျဉ်းမနားမြို့နေသူ   မောင်းနှင်သည့် ၂၁ယ/.... kenbo ၁၂၅ အနက် ရောင် ဆိုင်ကယ်နှင့် ပဋ္ဌာန်းဓမ္မာရုံ ဘက် (လမ်းမှန်)မှ အုပ်ချုပ်ရေးမှူးရုံး ဘက်သို့    ပြည့်ဖြိုးငြိမ်း (၃၀)နှစ်  သကြားစက်ဝင်း ပျဉ်းမနား မြို့နေသူ မောင်းနှင်လာသည့်  ၂၉ယ/.... Honda 90 စူပါကပ် ကျောက်စိမ်းရောင် ဆိုင်ကယ်တို့ လမ်းမ အလယ်၌ မျက်နှာချင်းဆိုင်တိုက်မိကြပြီး  နှစ်ဦး စလုံးဒဏ်ရာ  အသီးသီးရရှိ သွားပြီး   နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံ သို့ ဆေးကုသမှုခံယူရန် ပို့ဆောင်စဉ် ပြည့်ဖြိုးငြိမ်းမှာ ရရှိသောဒဏ်ရာ များဖြင့်  သေဆုံးသွားခဲ့ပြီး  အောင်ဇင်မင်းမှာ အတွင်းလူနာအဖြစ် ဆေး ကုသမှုခံယူနေရကြောင်း     သိရသည်။

(မင်းမင်းလတ်-မန်းတက္ကသိုလ်)

သားအိမ်ကင်ဆာကို ခွေးဖြင့် အနံ့ခံခိုင်းပြီး သိနိုင်ဟုဆို

 
 
အမျိုးသမီးများတွင် ဖြစ်ပွားလေ့ရှိသည့် သားအိမ် ကင်ဆာကို ခွေးများ အား လေ့ကျင့်ပေးပြီး အနံ့ခံခိုင်းရုံဖြင့် သိရှိနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု ဖီလာဒဲလ်ဖီးယား သုတေသီများက လက်တွေ့ ပြသခဲ့သည်။ လူနာများ လှူဒါန်းသည့် သွေးနှင့် တစ်သျှူး နမူနာများကို အသုံးပြုပြီး ပင်ဆယ်ဗေးနီးယားတက္ကသိုလ်ရှိ ခွေး သုတေသန ဌာနသည် ခွေး သုံးကောင်ကို အနံ့ခံ တတ်စေရန် လေ့ကျင့်ပေးခဲ့ကြောင်း၊ အထူးသဖြင့် သားအိမ်ကင်ဆာကို အနံ့ခံတတ်ရန် လေ့ကျင့်ပေး ခဲ့ခြင်း ဖြစ်ကြောင်း သုတေသီများက ဆိုသည်။ မိုနဲလ် ဓာတု အာရုံခံစနစ် ဌာနကလည်း ခွေးများနည်းတူ အာရုံခံနိုင်သည့် အီလက်ထရွန်နစ် ဆင်ဆာ စနစ်ကို တီထွင်နိုင်ခဲ့ကြောင်း ဓာတုဗေဒ ပညာရှင် ဂျော့ ပရက်တီက ပြောကြားခဲ့သည်။
 
The Voice

September 3, 2013

မွတ်ဘိုင်းမြို့သည် အမျိုးသမီးများအတွက် လုံခြုံမှုမရှိ


မကြာသေးမီက မွမ်ဘိုင်းမြို့၌ ဖြစ်ပွားခဲ့သော အမျိုးသမီးဓာတ်ပုံ သတင်းထောက်တစ်ဦးအား အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုနှင့် ပတ်သက်၍ ဂျူဟီချာဝါလာ အပါအဝင် ဘောလီးဝုဒ်မင်းမီးများက မွမ်ဘိုင်းမြို့သည် လုံခြုံစိတ်ချရမှု မရှိကြောင်းနှင့် ယင်းဖြစ်ရပ်သည် တုန်လှုပ်ချောက်ချား စေကြောင်းဖွင့်ဟပြော ကြားခဲ့သည်။ ''အိန္ဒိယနိုင်ငံမှာ မွမ်ဘိုင်းမြို့က လုံခြုံမှုအရှိဆုံးဆိုပြီး ပျော်ပါးမူးယစ်နေ သူတွေကို ဒီဖြစ်ရပ်က လှုပ်နှိုးသတိပေး လိုက်တာပါ။ ဥပဒေပေါ်မှာယုံကြည်မှု မဲ့နေတဲ့အတွက်အဓမ္မမှုနဲ့ဆိုင်တဲ့ ဥပဒေ သစ်က အရာမရောက်ဘူး။ ဒီတော့ ဒီကိစ္စကို အရေးယူဖြေရှင်းဖို့ လိုအပ်နေပါတယ်။ ကျွန်မတို့ဒီနိုင်ငံက အမျိုးသမီး တွေကို ဖိနှိပ်မှုက အမြစ်တွယ်နေတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို အခွင့်အာဏာတစ်ခုလို သဘောထားတယ်။ အမျိုးသမီးတွေ လွတ်လပ်ခွင့် မရကြဘူး'' ဟု ရှာဘာနာ အဇမီက စိုးရိမ် ကြီးစွာ ပြောကြားသည်။ မွမ်ဘိုင်းမြို့ကို လုံခြုံစိတ်ချမှုရှိ သည့်နေရာဟု သတ်မှတ်ထားသည် ဆိုသူ ဂျူဟီချာဝါလာက ''ကျွန်မနေတဲ့ မွမ် ဘိုင်းမြို့လေးအတွက် ခုချိန်ထိအောင် အမြဲတမ်း ဂုဏ်ယူနေတာပါ။ လုံခြုံနွေး ထွေးမှုရှိတယ်လို့လည်း ခံစားရတယ်။ အဓမ္မစော်ကားတဲ့ သတင်းတွေကြားရ တော့ တုန်လှုပ်ချောက်ချားမိတယ်။ ဒီအမျိုးသမီး အမြန်ဆုံး ကျန်းမာပြီး စိတ်တည်ငြိမ်ဖို့ မျှော်လင့်ပါတယ်။ သူက ဓာတ်ပုံသတင်းထောက်ဆိုတော့ ကျွန်မ တို့ ရုပ်ရှင်လောကနဲ့လည်း ဆက်သွယ်မှု ရှိနေမှာပဲ။ ဒီဖြစ်ရပ်ဆိုးကြီးက သူနဲ့သူ့မိသားစုကို ဘယ်လောက်ကြေကွဲ ဝမ်းနည်းစေမလဲဆိုတာ တွေးကြည့်လို့ တောင် မရပါဘူး။ တအား ဝမ်းနည်းဖို့ ကောင်းတယ်'' ဟု ပြောကြားသည်။ ထို့အပြင် မင်းသမီးချော ရီမာကတ်တီက ''မွမ်ဘိုင်းမြို့တင် မကပါဘူး။ အိန္ဒိယရဲ့ ဘယ်နေရာကမှ အလုပ်လုပ်နေသူ အမျိုးသမီးတွေအတွက် လုံခြုံစိတ်ချရမှု မရှိပါဘူး'' ဟု ပြောကြားခဲ့သည်။

သိင်္ဂီဝင်း

အပျိုရင်သား၊ အိမ်ထောင်သည်ရင်သား ခွဲခြားမယ်

 
တစ်နေ့တုန်းက ဒေါက်တာ (***) ရဲ့စာအုပ်ကို ဖတ်မိတော့ သူ့ဆောင်းပါး ထဲမှာ အပျိုဆိုတဲ့ ကောင်မလေး တစ်ယောက်က ဆေးခန်းလာပြတာ ကလေး ပျက်ကျမှု ဖြစ်နေတယ်တဲ့။ အဲဒါနဲ့ သူလည်း ရင်သားတွေကို လှန်ကြည့်တော့မှ အပျို မဟုတ်ဘူးဆိုတာ သိသွားတယ်တဲ့။ အပျိုရဲ့ ရင်သား၊ အိမ်ထောင်သည် ရင်သားနဲ့ ကလေးအမေ ရင်သားတွေက ဘယ်လောက်တောင် ကွာခြားမှု ရှိလို့လဲ။ အဲဒါလေး သိချင်ပါတယ် ဆရာ။ ကျွန်တော့်ဆီ ရောက်လာတဲ့ မေး(လ်)လေးတစ်စောင်ပါ။ တော်တော်တော့ ဟုတ်နေပြီဗျ။ ကလေးပျက်ကျမှု ဖြစ်နေတယ်၊ ဒါနဲ့ သူလည်း ရင်သားကို လှန်ကြည့်တယ်ဆိုတော့ တော်တော် လန့်သွားတယ်။ အပျိုလို့ ပြောရင် ရင်သား လှန်ကြည့်ရမှန်း ကျွန်တော်တော့ အခုမှ သိရပါတယ်။ အံ့ဘွယ်သုတပါပဲ။ (ကလေး ပျက်ကျတာ သိနေပြီးမှတော့ ဘာပြုလို့ ရင်သားကို လှန်ကြည့်တာလဲ မသိဘူးနော်။ ကလေးပျက်ပါတယ်ဆိုမှ အပျိုမဟုတ်တော့တာ သေချာနေပြီပဲဟာ)။
ထားပါတော့လေ မေးခွန်းကို ဖြေရရင်တော့ ကလေးပျက်ကျတာလို့ ဆိုထားတဲ့အတွက် ကိုယ်ဝန်ဆောင် မိန်းကလေးဖြစ်ပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ သဘာဝတရားက ကိုယ်ဝန်ဆောင်မိခင်ရဲ့ ရင်သားကို ပြုပြင်ပါတော့တယ်။ သည်အခါမှာ ရင်သားဟာ မူလကထက်လည်း ကြီးထွားလာပါတယ်။ အလေးချိန်အားဖြင့် တစ်ဖက်ကို တစ်ပေါင် နှုန်းလောက်အထိတောင် ကြီးထွားလာနိုင်တယ်လို့ အဆိုရှိတယ်။ တချို့အမျိုးသမီးတွေမှာ အဲသလို ရင်သား ကြီးထွားလာလို့ ရင်သားမှာ အကြောပြတ်သလို အရာမျိုးတွေ ရှိလာတတ်တယ်။ (အပျိုပေမယ့် ၀လွန်း၊ ရင်သား ထွားလွန်းရင်လည်း အလားတူပဲ အကြောပြတ်တတ်တာကို သတိချပ်ကြစေလိုပါတယ်။)
ဒါ့အပြင် ရင်သားများဆီကို သွေးပို့လွှတ်မှုကလည်း တိုးပွားလာတဲ့အတွက် ရင်သားပေါ် က သွေးကြောတွေရဲ့ အရောင် ပိုရင့်လာသလို မြင်လည်း ပိုမြင်သာလာပါတယ်။ ဒါ့အပြင် နို့ သီးခေါင်း အောက်ခြေက အမည်းဝိုင်းကလည်း အရောင် ပိုရင့်ပြီး နက်မှောင်လာပါတယ်။ ကလေးအနေနဲ့ မအေ့နို့သီးခေါင်းကို အလွယ်တကူ တွေ့နိုင်အောင် သဘာဝတရားက ဖန်တီးလိုက်တာပါ။ ကိုယ်ဝန် သုံးလကနေ ခြောက်လအတွင်းမှာတော့ ခပ်ပျစ်ပျစ်နဲ့ အ၀ါရောင်သမ်းတဲ့ နို့ဦးရည် စထွက်လာတတ်ပါတယ်။ အများကြီး မဟုတ်တဲ့အတွက် တချို့ဆို သတိတောင် မထားမိဘူး။ တချို့ကျတော့လည်း အရည်အနေနဲ့ သတိထားမိတာ ရှိသလို တချို့ကျတော့လည်း နို့သီးခေါင်း မှာ ခြောက်နေတဲ့ အဖတ် အဖတ်လေးတွေ အဖြစ် တွေ့ရတတ်တယ်။
အဲဒါတွေဟာ ကိုယ်ဝန်ဆောင်ရဲ့ ရင်သားမှန်း သိသာစေတဲ့ အပြောင်းအလဲပါပဲ။ အဲတော့ အပျို့ရင်သားနဲ့ ကိုယ်ဝန်ဆောင့်ရင်သား ကွဲပြားမှုမှာ ကိုယ်ဝန်ဆောင်ရဲ့ ရင်သားက တအား တင်းနေမယ်၊ ထွားနေမယ်၊ အကြောတွေကို သိသိသာသာ ထင်းထင်းကြီး မြင်နေရမယ်၊ နို့သီးခေါင်းနဲ့ အောက်ခြေအမဲဝိုင်းတို့လည်း တအား နက်မှောင်နေမယ်ဆိုတာလောက်ပဲ မျက်စိနဲ့ ကြည့်ပြီး ပြောနိုင်ပါတယ်။
အိမ်ထောင်သည့်ရင်သားကတော့ တကယ်လို့သာ ကလေး မမွေးဖူးသူ၊ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက် မွမ်းမံ ထိန်းသိမ်းတတ်သူမျိုးဆိုရင် အပျို့ရင်သားနဲ့ ဘာမှ သိသိသာသာ မကွဲပြားပါဘူး။ ကလေးအမေ ရင်သားဖြစ်ဦးတောင်မှ ကလေးကို နို့ခွဲပြီးချိန်ကစပြီး သူ့ရင်သား အလှအပကို မွမ်းမံ ထိန်းသိမ်းသွားမယ်ဆိုရင်လည်း အပျိုနဲ့ မခြားနိုင်တဲ့ ရင်သားမျိုးကို ပြန်ရနိုင်ပါတယ်။ (အခုခေတ်မှာ အဲသလို ရင်သားကို ပြုပြင်နိုင်တဲ့ အလှကုန်ပေါင်းစုံ ပေါ်ထွန်းလို့ နေပါပြီ။ ခွဲစိတ် ကုသနည်းနဲ့ ရင်သားအလှကို ထိန်းသိမ်းကြတာမျိုးလည်း ရှိနေပါတယ်။ ဘာအလှကုန်တွေလဲ၊ ဘယ်မှာ သွားခွဲရမှာလဲတွေတော့ ဆက်မမေးကြပါနဲ့တော့ဗျာ၊ ကိုယ့်ဘာသာ ကိုယ်သာ စုံစမ်းယူကြ ပါတော့။ မေးလည်း မဖြေဘူးလို့ အခုကတည်းက တစ်ခါတည်း ပြောထားလိုက်မယ်နော်)
အသက်ကလေး ရလာရင်တော့ ရင်သားက ပျော့လာတယ်၊ အိတွဲလာပါတယ်။ သွေးဆုံးချိန်မှာတော့ ရင်သားက တဖြည်းဖြည်းနဲ့ ပြန်ကျုံ့သွားတတ်ပါတယ်။ ယောက်ျားရင်ဘတ်လို လုံးလုံးကြီး ပြား ချပ်ချပ်တော့ ဖြစ်မသွားပေမယ့် ငယ်တုန်းကထက် အများကြီး ကျုံ့သွားတာတော့ အမှန်ပါပဲ။ သည်လောက်ဆိုရင် အပျို၊ အိမ်ထောင်သည်နဲ့ ကလေးအမေတို့ကြားက ရင်သားများ ခြားနားပုံကို သိချင်သူများ စိတ်အထာကျလောက်ပြီထင်ပါတယ်။
Health

မြန်မာ ယူ-၂၃ အသင်းကို ကြံခိုင်မှုအပြည့်ရှိစေရန် ဆောင်ရွက်မည်ဟု နည်းပြချုပ်ပြောကြား

 
 
 
ဆီးဂိမ်း ပြိုင်ပွဲဝင်မည့် ယူ-၂၃ အသင်း ပြိုင်ပွဲမတိုင်ခင် ကြံ့ခိုင်မှု ၁၀၀ ရာခိုင်နှုန်းရရှိအောင် ဆောင်ရွက် မည်ဟု နည်းပြချုပ်ပတ်ဆောင် ဟွာကထုတ်ဖော်ပြောကြားသည်။ ယူ-၂၃ အသင်းကစားသ မားအများစု၏ ကြံ့ခိုင်မှုနှုန်းမှာ လက်ရှိတွင် ၅၀ ရာခိုင်နှုန်းသာ ရှိနေသည်ဟု မီဒီယာများကို ပြောကြားထားပြီး မာဒေးကားပြိုင်ပွဲ အပြီး ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိချိန်တွင် ကြံ့ခိုင်မှု ၈၀ ရာ ခိုင်နှုန်းရရှိအောင် လေ့ကျင့်သင် ကြားပေးသွားမည်ဖြစ်ကာ အောက် တိုဘာလအတွင်း ကိုရီးယားနှင့် ဂျ ပန်နိုင်ငံတို့တွင် လေ့ကျင့်ရေးကာ လ သုံးပတ်အတွင်းကြံ့ခိုင်မှု ဆယ် ရာခိုင်နှုန်းနှင့် ပြိုင်ပွဲ မတိုင်မီ ဆယ်ရာခိုင်နှုန်း စုစုပေါင်းရာနှုန်းပြည့် ကြံ့ခိုင်မှုရရှိအောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ နည်း ပြချုပ် ပတ်ဆောင်ဟွာက ''ကြံ့ ခိုင်မှုက အချိန်အတိုအတွင်း ချက် ချင်းလုပ်ယူလို့ ရတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျန်ရှိနေတဲ့ သုံးလအတွင်း ကြံ့ခိုင်မှုနဲ့ အသင်း လိုက်စုစည်းမှု ကောင်း အောင် လုပ်သွားမယ်''ဟု ပြောသည်။ ထို့အပြင်လက်ရွေးစင် အ သင်းနည်းပြချုပ် ဦးဆန်းဝင်းက မြန်မာ ယူ-၂၃ အသင်းအနေဖြင့် ဆီးဂိမ်း၌ ရွှေတံဆိပ် ကျိန်းသေပေါက် ရရှိနိုင်ကြောင်းကို ယူ-၂၃ အသင်းနှင့် ခြေစမ်းပွဲ ကစားပြီးချိန်တွင် ယင်း၏ အမြင်ကို သုံးသပ် ပြောကြားခဲ့သည်။
''ဆီးဂိမ်းပြိုင်ပွဲဆိုတာ အရှေ့တောင်အာရှ အသင်းတွေပဲ ပြိုင်တဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ ဒါကြောင့် ကစားသမား တွေအနေ နဲ့ ကြောက်လန့်နေစရာ မရှိပါဘူး။ စုစုစည်းစည်းနဲ့ ဆီးဂိမ်းမှာ ရွှေရရမယ်ဆိုတဲ့ သန္နိဋ္ဌာန်ချ ထားပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ ကစားရင် ရွှေ့မရစရာ အကြောင်း မရှိပါဘူး''ဟု ပြောသည်။ ယင်းအပြင် ဘောလုံးအား ကစားနည်း ကျွမ်းကျင်သူများက မြန်မာ ယူ-၂၃အသင်း ဆီးဂိမ်း ပြိုင်ပွဲမှာ အောင်မြင်မှု ရရှိလိုပါ က အသင်းအနေဖြင့် မိနစ် ၉၀ အ ထိ ကြံ့ခိုင်မှုအပြည့်ဖြင့် ကစားနိုင်ရန် လိုအပ်သည် ဟုဆိုသည်။
''ကမ္ဘာကျော် ဘောလုံးအ သင်းတွေ၊ ကလပ်တွေကိုလေ့လာ ကြည့်ရင် သိနိုင်ပါတယ်။ ဥပမာ- မန်ယူ အသင်းဆိုရင် တစ်ဦးချင်း စွမ်းရည်ကောင်းတဲ့ ကစားသမား တွေ အများကြီးမပါဝင်ပေမယ့် အသင်းလိုက် စုစုစည်းစည်း၊ စိတ် ဓာတ်ကောင်းကောင်းနဲ့ ကစား နိုင်တဲ့အခါ သူတို့လိုချင်တဲ့ ပန်း တိုင်ရောက်အောင် သွားနိုင်တယ်။ ဒါကြောင့် ယူ-၂၃ အသင်းအနေ နဲ့ ဆီးဂိမ်းမှာ ရွှေရချင်တယ်ဆို ရင် မိနစ် ၉၀ ကြံ့ခိုင်မှု အပြည့်၊ စိတ်ဓာတ် ကောင်းကောင်းနဲ့ က စားရင် ရွှေရရှိမှာပါ''ဟု ဝါရင့် နည်းပြ/ အုပ်ချုပ်သူဟောင်း ဦးခင် မောင်ကြိုင်အပါအဝင် ပြည်တွင်း နည်းပြအများစုက ယူ-၂၃ အ သင်းအပေါ် သုံးသပ်ကြသည်။
ညီသစ်လူ

August 29, 2013

အရှုံးပေါ်နေသော စက်ရုံ အလုပ်ရုံများကို ပုဂ္ဂလိကသို့ အကျိုးတူ ပူးပေါင်းရန် လွှဲပြောင်းပေးသွားမည်

ဧရာဝတီတိုင်း ဒေသကြီး၊ သာပေါင်း မြို့နယ်ရှိ သာပေါင်း ပျော့ဖတ် စက္ကူစက်ရုံကို အိန္ဒိယနိုင်ငံ ကုမ္ပဏီ တစ်ခုနှင့် ပူးပေါင်း လုပ်ဆောင်ရန် ဆောင်ရွက် လျက်ရှိပြီး နိုင်ငံတော်အတွက် အရှုံးပေါ် နေသော စက်ရုံ အလုပ်ရုံများကို ၂၀၁၃ - ၂၀၁၄ ခုနှစ်အတွင်း ပုဂ္ဂလိကသို့ အကျိုးတူပူးပေါင်းရန် ထပ်မံ လွှဲပေးသွား မည် ဖြစ်ကြောင်း စက်မှု ၀န်ကြီးဌာန၊ ဒုတိယ ၀န်ကြီး ဦးသိန်းအောင် က ပြောကြား ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် စက်ရုံအလုပ်ရုံပေါင်း ၃၁ ရုံကို ပုဂ္ဂလိကသို့ လွှဲပြောင်း ပေးလိုက်ပြီ ဖြစ်ပြီး ၊ ဆက်လက်၍ တင်ဒါ ခေါ်ယူထားသော စက်ရုံ အလုပ်ရုံ များကို ပုဂ္ဂလိကသို့ အပြီးတိုင် လွဲပြောင်း ပေးခြင်း မပြုတော့ဘဲ အကျိုးတူ ပူးပေါင်းသည့် စနစ်ဖြင့်သာ လုပ်ကိုင်ခွင့် ပြုသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

စက်မှုဝန်ကြီးဌာနသည် အထည်အလိပ်လုပ်ငန်း လက်အောက်ရှိ စက်ရုံ ၃ ရုံဖြစ်သော အမှတ်(၆) အထည် စက်ရုံခွဲ(မုံရွာ)၊ အမှတ်(၇) အထည်စက်ရုံခွဲ (၀မ်းတွင်း) နှင့် အမှတ်(၈) အထည်စက်ရုံခွဲ (ရမည်းသင်း) တို့ကို ငှားရမ်းရန်အတွက် ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များကို အိတ်ဖွင့်တင်ဒါပေးရန် ဖိတ်ခေါ် ထားကြောင်း သိရှိရသည်။

The Myawady Daily

ဦးပိန်တံတားပေါ်၌ ဧည့်သည်များကို နှောင့်ယှက်သူများအား အရေးယူ



မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ နယ်အတွင်းရှိ ဦးပိန်တံတားပေါ်တွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ နှင့် ပြည်တွင်းမှ လာရောက် အနားယူ သူများကို စိတ်အနှောင့်အယှက်ဖြစ်စေ ရန် ပြုမူပြောဆိုနေသူနှစ်ဦးအား တာဝန်ရှိသူများက ယခုလ ၂၃ ရက်နေ့ က အရေးယူဆောင်ရွက်ခဲ့ ရကြောင်းသိရသည်။ "အခုလို အရေးယူဆောင်ရွက်ရတာ ပထမဦးဆုံးအကြိမ်ပါပဲ။ ဧည့်သည်တွေကို စိတ်အနှောင့် အယှက်ဖြစ်အောင် ပြုမူပြောဆိုနေတဲ့အတွက် ထိန်း သိမ်းပြီး သက်ဆိုင်ရာ ရဲစခန်းကို လွှဲ ပြောင်းပေးသွားမှာပါ။ ဧပြီလ ၁ ရက် နေ့ကတည်းက တာဝန်ကျပြီး နိုင်ငံ ခြားဧည့်သည်တွေရဲ့ လိုအပ် ချက်တွေ ကို ဆောင်ရွက်ပေးနေတာပါ" ဟု ဦးပိန် တံတားတွင် နိုင်ငံခြားသားဧည့်သည် များ စောင့်ရှောက်ရန် တာဝန်ကျသူ ရဲတပ်ကြပ်ကြီး ထူးထူးအောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ဦးပိန်တံတားတွင် နိုင်ငံခြားသားဧည်သည်များ စောင့်ရှောက်ရေးအတွက် ရဲအရာရှိနှင့် တပ်ဖွဲ့ဝင်ခုနှစ်ဦး ထိထားရှိပြီး နေ့စဉ် နံနက်ပိုင်းမှ ညပိုင်း အထိ တာဝန်ယူထားရကြောင်း သိရသည်။ "ကျွန်တော်တို့က အေးအေးဆေး ဆေးပဲ လာအနားယူကြတာပါ။ ဘေး နားလေးကနေ ကပ်ပြီး တော့ ဘာတွေပြောနေလဲမသိဘူး။ အင်္ဂလိပ်လိုတွေ ဟုတ်တာတွေရော၊ မဟုတ် တာတွေရော လျှောက်ပြောနေတာ။ နောက်က နေလိုက်ပြီးတော့လည်း နှောင့်ယှက်တယ်။ အနီးနားက တာဝန်ကျရဲတွေ ကို အကြောင်းကြားပြီး ပြောလိုက်လို့ အခုလို အရေးယူ ဆောင်ရွက်သွားတာပါ" ဟု ဦးပိန်တံတားပေါ်တွင် စိတ်အနှောင့်အယှက်ဖြစ်အောင် ပြုလုပ်ခံရသူ ၁၉ နှစ်အရွယ်ရှိ ကျောင်းသား တစ်ဦးကပြောသည်။

မန္တလေးမြို့သို့ ရောက်ရှိလာသော နိုင်ငံခြားသား ဧည့်သည်များသည် ဦးပိန် တံတားသို့ မဖြစ်မနေ လာရောက် အနားယူကြပြီး နေ၀င်ဆည်းဆာ အလှ များကို ဓာတ်ပုံရိုက်ရန်လည်း အပါ အ၀င်ဖြစ်သည်။ ယခုကဲ့သို့ ၀ါဆို၊ ၀ါခေါင်လများတွင် ဦးပိန်တံတားတည် ရှိရာ တောင်သမန်အင်းမှာ ရေများ တိုး လာသည့်အတွက် ပြည်တွင်းဧည့် သည်များပင် လာရောက် အပန်းဖြေအနားယူကြသည့်အတွက် အထူးပင် စည်ကားလျက်ရှိသည်။

 စည်သူလွင် (မြန်မာတိုင်းမ်)

ဘရာဇီး ကွင်းလယ်လူ ၀ီလျံကို ချဲလ်ဆီးခေါ်ယူနိုင်ခဲ့

 
 
 
 
 
 
ချဲလ်ဆီး အသင်းသည် အန်ဇီနှင့် ဘရာဇီး ကွင်းလယ်လူ ၀ီလျံကို ပေါင် ၃၂ သန်းဖြင့် ခေါ်ယူလိုက်ပြီး အဆိုပါ ကစားသမားမှာ အလုပ်ပါမစ် ရရှိသွားခဲ့ပြီ ဖြစ်သည်။ ရှက်တာဒိုးနက် ကစားသမားဟောင်း ၀ီလျံသည် ချဲလ်ဆီး အသင်း နှင့် ၅ နှစ် စာချုပ် ချုပ်ဆိုခဲ့သည်။ ၀ီလျံသည် စပါး အသင်းနှင့် အပြောင်းအရွှေ့ ဖြစ်ရန် နီးစပ်နေပြီး ဆေးစစ်မှုပင် ခံယူခဲ့ပြီး ဖြစ်သော်လည်း နောက်ပိုင်းတွင် ချဲလ်ဆီး အသင်းသို့ ရောက်ရှိလာခဲ့သည်။ ၀ီလျံသည် ချဲလ်ဆီး အသင်းတွင် ကျောနံပါတ် ၂၂ ဂျာစီကို ၀တ်ဆင်မည် ဖြစ်သည်။ ယူကရိန်း ကလပ် ရှက်တာဒိုးနက်တွင် ကစားခဲ့သည့် ၀ီလျံက ချဲလ်ဆီး အသင်းသို့ ရောက်လာ၍ အလွန် ပျော်ရွှင်သလို ယင်းမှာ မိမိအတွက် ကာလရှည် မျှော်လင့် ခဲ့ရသည့် အိပ်မက်ပင် ဖြစ်ကြောင်း၊ ချဲလ်ဆီးမှာ ကမ္ဘာ့အကောင်းဆုံး အသင်းများထဲမှ တစ်ခု ဖြစ်နေပြီး ယခုတွင် မိမိမှာ ကမ္ဘာ့အကောင်းဆုံး နည်းပြများ အနက်မှ တစ်ဦး၏ လက်အောက်မှာ ကစားခွင့်ရမည် ဖြစ်၍ ကျေနပ် ပျော်ရွှင်ကြောင်း ပြောကြားခဲ့သည်။ ၀ီလျံသည် သောကြာနေ့ ဘိုင်ယန်နှင့် ကစားမည့် ဥရောပ စူပါဖလား ပွဲစဉ်တွင် ချဲလ်ဆီး အသင်း အတွက် ပါဝင်ဦးမည် မဟုတ်ဘဲ နိုင်ငံပွဲစဉ် ကာလများအပြီး ပြန်လည် စတင်မည့် စက်တင်ဘာ ၁၄ ရက်နေ့ အဲဗာတန် အသင်းနှင့် အဝေးကွင်း ပရီးမီးယားလိဂ် ပွဲစဉ်မှသာ ချဲလ်ဆီး အသင်း အတွက် ပထမဆုံး ပါဝင် ကစားမည် ဖြစ်သည်။ ချဲလ်ဆီး နည်းပြ မော်ရင်ဟိုက ၀ီလျံအနေဖြင့် လန်ဒန်ကလပ် အသင်း ၂ ခု ဖြစ်သည့် ချဲလ်ဆီးနှင့် စပါး အနက် ချဲလ်ဆီး အသင်းကို ရွေးချယ်ခြင်းမှာ သူ၏ ကိုယ်ပိုင် ဆန္ဒကြောင့် ဖြစ်ကြောင်း ဆိုသည်။

မောင်းတောပဋိပက္ခတွင် ပြစ်မှုကျုးလွန်ခဲ့သူ ဘင်္ဂါလီ ၇၀ ကျော်ကို ပြစ်ဒဏ်ချမှတ်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌် ပြီးခဲ့သည့်နှစ် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် မီးရှို့မှုများ ကျူးလွန်ခဲ့သူ ဘင်္ဂါလီလူမျိုး ၇၄ ဦးကို ပြစ်မှုကျူးလွန်မှုအလိုက် တစ်သက်တစ်ကျွန်း၊ ၁၀ နှစ်၊ ခုနစ်နှစ်စသော ထောင်ဒဏ်များ ကျခံစေရန် မောင်တောခရိုင် တရားရုံးက သြဂုတ်လ ၂၁ ရက်နေ့တွင် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။
မောင်တောမြို့နယ်တွင် သံဃာတော်တစ်ပါးကို သတ်ဖြတ်မှုဖြင့် ဘင်္ဂါလီသုံးဦးကို တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီး ၁၅ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးဦးလှသိန်းက ပြောကြားသည်။ မောင်တောမြို့နယ် ကံသာယာ အလယ်ရွာ မီးရှို့မှုကို ဦးဆောင်ခဲ့သူ ရော်ရှီတာမောက်ပါ အပါအဝင် ခုနစ်ဦး၊ မောရဝတီကျေးရွာ ကျန်းမာရေး ဆေးပေးခန်းကို မီးရှို့မှုဖြင့် ဘင်္ဂါလီ ခုနစ်ဦး၊ မောရဝတီကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်း မီးရှို့မှုကို ဦးဆောင်ခဲ့သူ ဒူဘီစလန် အပါအဝင် ၂၆ ဦး၊ ဘကုန်းနား ကျေးရွာအုပ်စုရှိ ဦးစောမောင် ပိုင်ဆိုင်သည့် ဗီဒီယိုရုံအား မီးရှို့မှုကို ဦးဆောင်ခဲ့သူ ဒူလာမီပါ အပါအဝင် ၁၆ ဦးတို့ကို ထောင်ဒဏ် ခုနစ်နှစ်စီ အသီးသီးပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ရခိုင်တိုင်းရင်းသူတစ်ဦးဖြစ်သူ မသီတာထွေးကို ဘင်္ဂါလီသုံးဦးက မုဒိမ်းကျင့် သတ်ဖြတ်မှုဂယက်နှင့် ဆက်စပ်ကာ တောင်ကုတ်မြို့တွင် အစ္စလာမ်ဘာသာဝင် ၁၀ ဦး အသတ်ခံရမှုများ ဆက်တိုက် ဖြစ်ပွားပြီးနောက် မောင်တောမြို့၌ ဇွန်လ ၈ ရက်နေ့တွင် ဗလီဝတ်ပြုရာမှ ပြန်လာသည့် ဘင်္ဂါလီများက အကြမ်းဖက်မှုများ ပြုလုပ်ရာမှ ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ တောင်ကုတ်မြို့တွင် ၂၀၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့က အစ္စလာမ်ဘာသာဝင် ၁၀ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ တောင်ကုတ်မြို့ ဒေသခံခုနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး သြဂုတ်လ ၂၆ ရက်နေ့က ဒုတိယအကြိမ်မြောက် တရားရုံးတင် စစ်ဆေးခဲ့သည်။
ရခိုင်ပြည်နယ်တွင် နှစ်ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် ပြစ်မှု ကျူးလွန်ခဲ့သည်ဟုဆိုကာ အမှုပေါင်း ၂၉၅ မှုဖြင့် ဒေသခံ တိုင်းရင်းသားများနှင့် ဘင်္ဂါလီများ စုစုပေါင်း ၁၁၈၉ ဦးကို ဖမ်းဆီးခဲ့ပြီး ယင်းအနက် အမှုပေါင်း ၁၉၅ မှုတွင် ပြစ်မှုကျူးလွန်ခဲ့သူ တိုင်းရင်းသားများနှင့် ဘင်္ဂါလီ ၅၀၇ ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဖြစ်ကြောင်း၊ ကျန်အမှုပေါင်း ၄၅ တွင် ပြစ်မှုကျူးလွန်ခဲ့သူဟုဆိုသူ ၆၆၂ ဦးကို ဆက်လက်စစ်ဆေး အရေးယူနေကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ဇူလိုင်လ ၉ ရက်နေ့တွင် ပြောဆိုထားသည်။
ယင်းပဋိပက္ခများကြောင့် လူပေါင်း ၁၉၀ ကျော် သေဆုံးပြီး တစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
The Voice Weekly

မိန်းကလေး ငယ်လေးတွေရဲ့ လိင်အင်္ဂါကို ခွဲစိတ်ပေးခြင်း ဓလေ့

Photo: မိန်းကလေးငယ်လေးတို့ ၏လိင်အင်္ဂါအားခွဲစိတ်ပေးခြင်းဓလေ့
Thursday, August 29, 2013

မိန်းကလေးငယ်လေးတွေရဲ့လိင်အင်္ဂါကိုခွဲစိတ်ပေးခြင်းကအာဖရိကနိုင်ငံမှာ
ပြု လုပ်လေ့ရှိတဲ့ဓလေ့တစ်ခု ဖြစ်ပါတယ်။

မိန်းကလေးငယ်လေးတွေရဲ့လိင်အင်္ဂါကိုအ၀ကို ဖြတ်
ထုတ်ပေးခြင်းကို ပြုလုပ်လေ့ ရှိပါတယ်။ထိုသို့ ပြုလုပ်ခြင်းကဆီးနှင့်ရာသီဓမ္မတာသွေး ဖြစ်ပေါ်တဲ့အခါမှာအဆင်ပြေစေဖို့ အတွက်ရည်ရွယ်ပြုလုပ်ခြင်းလို့ ဆိုကြပါတယ်။

ထိုသို့ ပြုလုပ်ပေးခံရသောမိန်းကလေးငယ်အဖို့  ဒဏ်ရာပျောက်
ကင်းဖို့ အတွက်လေးပတ် (တစ်လ) ကြာမြင့်ပြီး၊တစ်ရှုးအသစ်များဖြစ်ပေါ်စေပြီးပျောက်ကင်းသွားပါတယ်။

ထိုသို့ ပြုလုပ်ပေးခြင်းကိုမည်သည့်ဆေးတစ်စုံတစ်ရာမှ ( ထုံဆေး) မသုံးပဲ ပြုလုပ်ကြပါတယ်။ပြီးတော့ရောဂါပိုးမ၀င်ရောက်စေရန်
အတွက်လည်းအနည်းငယ်မျှသောကုသမှုတွေသာ ပြုလုပ်ပေးပါတယ်။

ပြုလုပ်မှုအတွက်ဘရိတ်ဓါး၊သင်တုန်းဓါး (သို့ ) ကတ်ကြေးကိုအသုံးပြုပြီး
ပြုလုပ်ကြပါတယ်။

KaungZay Yan
(Discoveries Myanmar)

မိန်းကလေးငယ်လေးတွေရဲ့ လိင်အင်္ဂါကို ခွဲစိတ်ပေးခြင်းက အာဖရိကနိုင်ငံမှာ ပြုလုပ်လေ့ရှိတဲ့ ဓလေ့ တစ်ခု ဖြစ်ပါတယ်။ မိန်းကလေး ငယ်လေးတွေရဲ့ လိင်အင်္ဂါ အ၀ကို ဖြတ်ထုတ်ပေးခြင်း ကို ပြုလုပ်လေ့ရှိပါတယ်။ထိုသို့ ပြုလုပ်ခြင်းကဆီးနှင့် ရာသီဓမ္မတာသွေး ဖြစ်ပေါ်တဲ့ အခါမှာ အဆင်ပြေစေဖို့ အတွက် ရည်ရွယ်ပြုလုပ်ခြင်းလို့ ဆိုကြပါတယ်။
ထိုသို့ ပြုလုပ်ပေးခံရသော မိန်းကလေးငယ်အဖို့ ဒဏ်ရာပျောက် ကင်းဖို့ အတွက်လေးပတ် (တစ်လ) ကြာမြင့်ပြီး၊ တစ်ရှုးအသစ်များ ဖြစ်ပေါ်စေပြီး ပျောက်ကင်းသွားပါတယ်။ ထိုသို့ ပြုလုပ်ပေးခြင်းကို မည်သည့်ဆေး တစ်စုံတစ်ရာမှ (ထုံဆေး) မသုံးပဲ ပြုလုပ်ကြပါတယ်။ ပြီးတော့ ရောဂါပိုး မ၀င်ရောက်စေ ရန်အတွက်လည်း အနည်းငယ်မျှသော ကုသမှုတွေသာ ပြုလုပ်ပေးပါတယ်။ ပြုလုပ်မှုအတွက် ဘရိတ်ဓါး၊ သင်တုန်းဓါး (သို့) ကတ်ကြေးကို အသုံးပြုပြီး ပြုလုပ်ကြပါတယ်။
KaungZay Yan (Discoveries Myanmar)

ဆီးရီးယားကိုတိုက်ခိုက်ပါက တူရကီ၊ ပြင်သစ်နှင့် ဗြိတိန်က အမေရိကန်ကို အကူညီပေးသွားမည်

 
 
စစ်ဖြစ်ပွားမည့်လက္ခဏာများ ပိုထင်ရှားလာသဖြင့် ကမ္ဘာ့စတော့ဈေးကွက်မှာ ထိုးဆင်းသွားပြီး၊ ရေ နံ ဈေးနှုန်းများမှာ ခြောက်လအတွင်း အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။ ပြင်သစ်သမ္မတ ဟော်လန်ဒီ က ပြင်သစ်နိုင်ငံအနေဖြင့် ဆီးရီးယား လက်နက်ကိုင် သူပုန်အဖွဲ့ဖြစ်သည့် ဆီးရီးယား အမျိုးသားညွန့်ပေါင်း
အဖွဲ့အား စစ်ရေးအကူအညီများ တိုးမြှင့်ပေးအပ်သွားမည်ဖြစ်ပြီး ကြာသပတေးနေ့တွင် ထိုအဖွဲ့ ၏ခေါင်းဆောင်ဖြစ်သူ အာမက်အယ်လ်ဂျားဘားနှင့် တွေ့ဆုံ ဆွေးနွေးသွားမည် ဟုဆိုခဲ့ကြောင်း သြဂုတ် ၂၈ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံကလည်း ၎င်းတို့၏ တပ်ဖွဲ့များသည် ဆီးရီးယားအရေးနှင့် ပတ်သက်၍ အရေးပေါ်စီမံကိန်းများ ရေးဆွဲနေကြောင်း ပြောကြားခဲ့ပြီး၊ ဆီးရီးယားအရေး ဆွေးနွေးရန်အတွက် ၀န်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) က၊ ခေတ္တရပ်နားထားသည့် ဗြိတိန် လွှတ်တော်အား ပြန်လည် ခေါ်ယူခဲ့သည်။ သို့ရာတွင် ဗြိတိန်အနေဖြင့် အာဆတ်ကိုဖြုတ်ချရန် ကြိုးစားနေခြင်းမဟုတ်ဟု ဗြိတိန် ဒုတိယ၀န်ကြီးချုပ် Nick Clegg က ဆိုသည်။ တူရကီ နိုင်ငံခြားရေးဝန်ကြီး အာမက် ဒက်ဗူတိုဂလူ (Ahmet Davutoglu) က လည်း၊ သံသယရှိရသည့် ဓာတုဗေဒ တိုက်ခိုက်မှုမှာ လူသားချင်းစာ နာမှုကို ဖောက်ဖျက်ကျူးလွန်သည့် ရာဇ၀တ်မှုတစ်ခု ဖြစ်သဖြင့် အပြစ်မပေး၍မရဟု ဆိုခဲ့သည်။

ဓာတုလက်နက်များ အသုံးပြုခဲ့သည်ဟု စွပ်စွဲခြင်းခံထားရသည့် ဆီးရီးယား အစိုးရအား အမေရိကန်တပ်ဖွဲ့ များက တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီဟု အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။ မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို အံ့အားသင့်ဖွယ်ရာ စီမံဆောင်ရွက်ချက်များဖြင့် ခုခံသွားမည်ဖြစ်ကြောင်း သန်္နိဋ္ဌာန်ချထားသည်ဟု ဆီးရီးယားအစိုးရက ဆိုသည်။ ဆီးရီးယား၏ မဟာမိတ်ရုရှနှင့် အီရန်တို့ကမူ အကယ်၍ ဆီးရီးယားကို စစ်အင်အားသုံး တိုက်ခိုက်ပါက ဒေသတွင်းတွင် ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့သည်။ စစ်ဖြစ်ပွားတော့မည့် နိမိတ်လက္ခဏာများ ပိုထင်ရှားလာသဖြင့် ကမ္ဘာ့စတော့ ဈေးကွက်မှာ ထိုးဆင်းသွားပြီး၊ ကမ္ဘာ့ရေနံဈေးနှုန်း များမှာ ခြောက်လအတွင်း အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမား အမိန့်ပေးလာပါက အသင့်ဖြစ်နေစေရန် အမေရိကန် စစ်ဘက် အနေဖြင့် ပြင်ဆင်ထားသည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး ချက်ဟက်ဂယ်လ် (Chuck Hagel) က ဘရူနိုင်းနိုင်ငံတွင် ပြောကြားခဲ့သည်။ “ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်။ သမ္မတက ဘယ်လိုနည်းလမ်းကို ရွေးချယ် ရွေးချယ်၊ အကောင် အထည်ဖော်နိုင်စွမ်းရှိဖို့အတွက် ကျွန်တော်တို့အနေနဲ့ လက်နက်ကိရိယာတွေနဲ့ တပ်တွေကို လိုအပ်တဲ့ နေရာတွေကို ရွှေ့ပြောင်းထားပါတယ်” ဟု သူက ဆိုသည်။ ဒုံးကျည်များ သို့မဟုတ် ဗုံးကြဲလေယာဉ်များဖြင့် အမေရိကန်က တိုက်ခိုက်ဖွယ်ရှိသည့် စစ်ဆင်မှုမှာအလွန် ဆုံး နှစ်ရက်ခန့်သာကြာမြင့် မည်ဟု ခန့်မှန်းထားကြောင်းနှင့် ဆီးရီးယား၏ ဓာတုဗေဒ လက်နက်ခဲယမ်း တိုက်ကို တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်သွားမည်မဟုတ်ဘဲ တခြား စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကိုသာ တိုက်ခိုက်သွားမည် ဖြစ်ကြောင်း အမေရိကန် အစိုးရအကြီးတန်း အရာရှိများကို ကိုးကား၍ ၀ါရှင်တန်ပို့စ် သတင်းစာတွင် ရေးသားဖော်ပြထားသည်။

ဓာတုဗေဒလက်နက် အသုံးပြုခဲ့သည်ဟု စွပ်စွဲခြင်းခံထားရသည့် ဆီးရီးယားအား အပြစ်ပေးသွား ရန်အသင့် ဖြစ်နေပြီဟု ပဲရစ်မြို့ရှိ ပြင်သစ်သမ္မတ ဟော်လန်ဒီကလည်း ဆိုခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း က ဆီးရီးယားအစိုးရသည် ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့အနီး ဆင်ခြေဖုံးဒေသ များတွင် ဓာတုဗေဒ လက်နက်များသုံး၍ တိုက်ခိုက်ခဲ့သောကြောင့် လူရာပေါင်းများစွာ သေဆုံးခဲ့သည်ဟု ဆီးရီးယား အတိုက် အခံများက စွပ်စွဲထားကြသည်။ ဆီးရီးယားသမ္မတ အာဆတ်၏ အစိုးရအဖွဲ့ကမူ ထိုစွပ်စွဲချက်ကို ပြင်းပြင်းထန်ထန် ငြင်းဆန်ထားပြီး၊ သူပုန် များကသာ ဓာတုဗေဒလက်နက်များ သုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။

Mizzima - News in Burmese

မီးနီဖြတ်ခြင်း (သို့မဟုတ်) ရာသီလာစဉ် လိင်ဆက်ဆံခြင်း


အမျိုးသမီး၌ ရာသီလာနေပါက လိင်ဆက်ဆံမှုပြုရန် ယောက်ျားတိုင်းလိုလိုပင် ၀န်လေးတတ်ကြ ပါသည်။ အကြောင်းမှာ ရာသီလာခြင်းသည် လိင်အင်္ဂါများမှ အညစ်အကြေး ၊ မကောင်းသောသွေးများ ဆင်းခြင်းဟု ထုံးတမ်းအစဉ်အလာအရ ယူဆယုံကြည်ထားသောကြောင့် ဖြစ်သည်။
အမှန်အားဖြင့် ရာသီလာခြင်းမှာ မိန်းမကိုယ်မှအညစ်အကြေး၊ သွေးများစွန့်ထုတ်ခြင်း မဟုတ်ပဲ သဘာဝအရ ပဋိသန္ဓေမရှိ၍ သားအိမ်အတွင်း အမှေးကြွေကျခြင်းသာဖြစ်သည်။ သို့ဖြစ်၍ရာသီလာခြင်းကို မည်သို့မျှ ရွံရှာစက်ဆုပ်စရာ အကြောင်းမရှိပေ။ မိန်းမသဘာဝအရ ရာသီမလာမှီနှင့် လာနေစဉ်ကာလအတွင်း မိန်းမ၏ လိင်အင်္ဂါများသည် သွေးများဖြင့်ပြည့်လျက် ဖောင်းပြီး တာင့်တင်းနေတတ်ပါသည်။ လိင်အင်္ဂါများတောင့်တင်းတိုင်း လိင်စိတ်ထကြွတတ်ရာ ဤအချိန်များ၌ မိန်းမတို့၏ ကာမဆန္ဒစိတ်သည် ပိုမိုတက်ကြွကြပေသည်။ သို့ပါ၍ရာသီလာနေစဉ် ကာလအတွင်း မိန်းမတို့၏ သွေးသားဆန္ဒလိုအပ်ချက်အရ လိင်ဆက်ဆံမှုကို ကြိုဆိုတောင့်တ နေတတ်ကြပေသည်။ ရာသီလာနေစဉ် အတောအတွင်း လိင်ဆက်ဆံဖို့ အခြေအနေမပေးပါက အနည်းဆုံး သူစိမ်းယောက်ျား တစ်ယောက်နှင့် ပွတ်သီးပွတ်သပ်နေလိုခြင်းတော့ ဖြစ်တတ်ပေသည်။ သို့ရာတွင် ရာသီလာစဉ် လိင်ဆက်ဆံမှုပြုပါက မိန်းခလေးများအနေဖြင့် အောက်ပါအချက်များကို သတိပြုရပေမည်။
၁။ သွေးဖြင့်တင်းနေသော မိန်းမလိင်အင်္ဂါများသည် လိင်ဆက်ဆံမှုပြုခြင်းကြောင့် သွေးပိုမိုများလာပြီး ရာသီသွေးပိုဆင်းနိုင်ပါသည်။

၂။ သွေးသည်ရောဂါပိုးများအတွက် အစာလည်းဟုတ်၊ တွယ်ကပ်နေရန်နေရာ တစ်ခုလည်းဟုတ်ပေရာ ရာသီလာစဉ် လိင်ဆက်ဆံပါက မိန်းမအင်္ဂါများထဲသို့ ရောဂါပိုးများဝင်ရောက်ရန် အထူးလွယ်ကူပါသည်။ သို့ပါ၍ ရာသီလာစဉ် လိင်ဆက်ဆံမှုပြုချင်ကြသော မိန်းမသားတို့အနေဖြင့် မိမိနှင့်လိင်ဆက် ဆံသော ယောက်ျား၏လိင်တံမှာ ကျန်းမာသန့်စင်ဖို့လိုပါသည်။ ရောဂါပိုးများ မခိုမကပ်ပဲ ကင်းစင်နေအောင် လိင်ဆက်ဆံမှု မပြုမီ နှစ်ဦးစလုံးစင်ကြယ်သန့် စင်သွားအောင် သန့်ရှင်းရေးလုပ်ဖို့လိုပါသည်။ မိန်းမဖြစ်သူ၏ လိင်အင်္ဂါများ မထိခိုက် မပွန်းပဲ့စေရန် ညင်သာစွာဆက်ဆံသော နည်းကိုသုံးရပါမည်။

၃။ ရာသီမလာမီ လိင်ဆက်ဆံပါက သားအိမ်ထိခိုက် လှုပ်ရှားစေနိုင်သော မိန်းမမှောက်ခုံ၊ လေး ဘက်ထောက် (Doggy Style) စသည့်ပုံစံများဖြင့် မဆက်ဆံသင့်ပါ။ (ထိုသို့ပြုလုပ်ပါက မိန်းမ၏ တင်ဆုံကွင်းအတွင်း သွေးပိုမိုဝင်စေသဖြင့် ရာသီလာသောအခါ သွေးပိုမိုဆင်းတတ်ပေသည်။

၎။ လာရိုးလာစဉ်ထက် သွေးပိုမိုဆင်းနေပါက စိတ်ဆန္ဒပြင်းပြနေသော်လည်း လိင်ဆက်ဆံမှုကို လုံးဝရှောင်ကြဉ်ရပေမည်။ မနေနိုင်၍ လိင်ဆက်ဆံဖြစ်ပါက အင်္ဂါအတွင်းသို့ လိင်တံနက်ရှိုင်းစွာ ၀င်စေသောနည်းကို ရှောင်ကြဉ်ရပါမည်။ (ဤအချက်ကို မလိုက်နာပါက ရာသီအလာ မရပ်ပဲ သွေးဆင်းလွန်နိုင်ပါသည်)

၅။ မီးနီဖြတ် (ရာသီလာစဉ် လိင်ဆက်ဆံ) ပါက မဆက်ဆံမီနှင့် ဆက်ဆံပြီးစတွင် နှစ်ဦး စလုံး၏ လိင်အင်္ဂါများ၊ လိင်အင်္ဂါများ ပတ်လည်တ၀ိုက်နှင့် လက်များကို ဆပ်ပြာ၊ ရေနွေးများဖြင့် စင်ကြယ်အောင် ဆေးကြောသုတ်သင်ရပါမည်။ ဤသို့သန့်ရှင်းပေးပါမှ မိန်းမ၏ လိင်အင်္ဂါများ အတွင်းသို့ ရောဂါပိုးများ ၀င်ရောက်ပျံ့ နှံ့ခြင်းကို ကာကွယ်နိုင် သကဲ့သို့ ယောက်ျားဖြစ်သူ၏ ကိုယ်အစိတ်အပိုင်းကိုလည်း ရာသီသွေးမပေစေပဲ သန့်ရှင်းစင်ကြယ် စေမည်ဖြစ်သည်။ ရောဂါပိုး မ၀င်အောင် ကွန်ဒုံစွတ်၍ မဆက်ဆံသင့်ပါ။ အကြောင်းမှာ ၎င်းကွန်ဒုံများသည် ရောဂါပိုးမ၀င်ရောက်စေရန် အကာအကွယ် မဖြစ်သည်သာမက နူညံ့သော ယောနိကိုလည်း အလွယ်တကူ ပွန်းပဲ့စုတ်ပြဲ စေနိုင်သဖြင့် ရောဂါပိုးပိုမို ကူးစက်စေနိုင်ပါသည်။

၆။ မိန်းမ၏လိင်အင်္ဂါဇာတ်၊ နှုတ်ခမ်းသားများနှင့် လိင်စေ့ကို ပွတ်တိုက်လှုံ့ဆော်၍ ဆက်ဆံမှု မပြုသင့်ပါ။ ယောနိအင်္ဂါအတွင်းသို့ လည်းလက်ဖြင့်နှိုက်၍ မလှုံ့ဆ်ာသင့်ပါ။ လှုံ့ဆ်ာပါက အထက်ပါ အင်္ဂါများ ဒဏ်ရာရ ပွန်းပဲ့စေနိုင်ပါသည်။

၇။ လိင်ဆက်ဆံမှုပြုစဉ် ခပ်ကြမ်းကြမ်း မဆက်ဆံသင့်ပဲ ညင်သာစွာ ဆက်ဆံရပေမည်။ ခပ်ကြမ်းကြမ်း ဆက်ဆံပါက ရာသီသွေး ပိုမိုဆင်းနိုင်ပါသည်။ မိန်းမဖြစ်သူတွင် ခါးလည်းနာနိုင်ပါသည်။ သို့ရာတွင် ရာသီလာစဉ် လိင်ဆက်ဆံပါက သာမန်အချိန် ဆက်ဆံမှုနှင့်မတူပဲ အမျိုးသမီးများအနေဖြင့် ထူးကဲသောခံစားမှု အရသာများကို ရရှိနိုင်ပေသည်။ သို့ဖြစ်၍ မိန်းမအတော်များများသည် ရာသီလာစဉ် လိင်ဆက်ဆံလိုစိတ် အထူးရှိကြကြောင်းတင်ပြလိုက်ရပေသည်။

နေမင်းသစ်

August 28, 2013

မိန်းကလေးများမှ ရဲကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်


ဇင်ဘာ​ဘွေ​နိုင်ငံ​တွင်​ ​အ​မျိုး​သ​မီး​များ​က​ ​အ​မျိုး​သား​များ​ကို​ အုပ်​စု​ဖွဲ့ ​မု​ဒိမ်း​ကျင့်​သည့်​ ​ကိ​စ္စ​များ​ကြောင့်​ ​ရဲ​တပ်​ဖွဲ့မှာ​ ​ခေါင်း​ခြောက်​နေ​ကြောင်း​ ​သိ​ရ​သည်​။ ​လွန်​ခဲ့​သော​ ​၁၁​ ​လ​အ​တွင်း​ ​အ​မျိုး​သား​ ​၆​ ဦး​မှာ​ ​အ​မျိုး​သ​မီး​များ​က​ ​အုပ်​စု​လိုက်​ ​မု​ဒိမ်း​ကျင့်​မှု​ ​ခံ​ခဲ့​ရ​သည်​။

ရဲဌာ​န​က​ ​ထို​ကိ​စ္စ​အ​တွက်​ ​ရှက်​ပြီး​ ​ရဲ​မ​တိုင်​သော​ ​အ​မျိုး​သား​များ​လည်း​ ​ရှိ​နိုင်​ကြောင်း​ ​သုံး​သပ်​ပြော​ကြား​ခဲ့​သည်။ ​အ​သက်​ ​၂၆​ ​နှစ်​ရှိ​ ​ရဲ​သား​တစ်ဦး​သည်​ ​ဘူ​လာ​ဝါ​ယို​တွင်​ ​တာ​ဝန်​ထမ်း​ဆောင်​နေ​စဉ်​ ​အ​သေး​စား​ ​မီ​နီ​ဘတ်စ်​တစ်​စင်း​က​ ​အ​ကူ​အ​ညီ​တောင်း​သ​ဖြင့်​ ​သွား​ရောက်​ခဲ့​ရာ​ ​ကား​ထဲ​ရှိ​ ​အ​မျိုး​သ​မီး​ ​၃​ ဦး​က​ ၎င်း​အား​ ​ဝိုင်း​ချုပ်​ခဲ့​ကြ​သည်​။ ​ယင်း​သည်​ ​ရုန်း​ကန်​ရန်​ ​ကြိုးစား​သော်​လည်း​ ​မျက်​နှာ​ကို​ ​မေ့​ဆေး​ဖြင့်​ ​အုပ်​ခံ​ရ​ပြီး​နောက်​ သ​တိ​လစ်​သွား​ကြောင်း​ ​ရဲ​တပ်​ဖွဲ့ ​အ​ကြီး​အ​ကဲ​ ဩ​ဂက်​စ​တင်း​ချီ​ဟွာ​က ​ဆို​သည်​။ ​ထို့နောက်​ ​ထို​ရဲ​သား​ ​သ​တိ​ပြန်​ရ​လာ​ချိန်​တွင်​ ၎င်း​သည်​ ​မြို့ပြင်​တော​အုပ်​ထဲ​ ​ရောက်​နေ​ပြီး​ ​အ​မျိုး​သ​မီး​ ​၃​ ဦး​က​ ​ယင်း​ကို​ ​လိင်​ဆိုင်​ရာ​ ​စော်​ကား​ပြုမူ​နေ​သည်​ကို​ ​သ​တိ​ပြုမိ​ခဲ့​သည်​။ ​ထို့နောက်​ ​စိတ်​ကျေ​နပ်​သွား​သော​ ​အ​မျိုး​သ​မီး​များ​သည်​ ​ရဲ​သား​တွင်​ ​ပါ​လာ​သော​ ​ငွေ​ကြေး​အ​နည်းငယ်​နှင့်​ ​မို​ဘိုင်း​ဖုန်း​တို့ကို​ ​ရ​ယူ​ကာ​ ၎င်း​အား​ ​မြို့ပင်​တွင်​ ​ထား​ခဲ့​ပြီး​ ထွက်​ပြေး​သွား​ကြောင်း​ ​ချီ​ဟွာ​က​ ​ပြော​ကြား​ခဲ့​သည်​။ ​ထို​သို့သော​ ​လုပ်​ဆောင်​ချက်​နှင့်​ ​ပ​တ်​သက်​ပြီး​ အ​ကြောင်း​ရင်း​ကို​ ​မ​သိ​ရ​ဟု​ ​ချီ​ဟွာ​က​ဆို​သည်​။

ဇင်​ဘာ​ဘွေ​ ဥ​ပ​ဒေ​အ​ရ​ ​မု​ဒိမ်း​မှု​သည်​ ​အ​မျိုး​သ​မီး​များ​ ​ပြုကျင့်​ခံ​ရ​မှ​သာ​ ​အ​ကျုံး​ဝင်​ပြီး​ ​အ​မျိုး​သား​များ​အ​တွက်​ ​သတ်​မှတ်​မ​ထား​ချေ​။ ပြီး​ခဲ့​သည့်​လ​က​လည်း​ ​အ​မျိုး​သ​မီး​ ​နှစ်ဦး​သည်​ ​အ​သက်​ ​၄၄​ ​နှစ်​အ​ရွယ်​ ​အ​မျိုး​သား​ ​တစ်ဦး​အား​ ၎င်း​တို့​နှင့်​ ​လိင်​ဆက်​ဆံ​ရန်​ ​အ​တင်း​ခိုင်း​စေ​ခဲ့​သည်​။ ​ထို​စ​ဉ်​က​ ​ယင်း​အ​မျိုး​သား​သည်​ ​အိပ်​ယာ​တစ်​ခု​ကို​ ​ဝယ်​လာ​ပြီး​ ​ကာ​ရိုး​အ​နောက်​ပိုင်း​ရှိ​ ​နေ​အိမ်​သို့ ​သယ်​သွား​ချိန်​တွင်​ ​အ​မျိုး​သ​မီး​များ​က​ ​ယ​ခု​လို​ ခိုင်း​စေ​ခဲ့​ခြင်း​ဖြစ်​သည်​။


ယ​မန်​နှစ်​ ​နို​ဝင်​ဘာ​လ​က​လည်း​ ​အ​မျိုး​သ​မီး​ ​၂​ ဦး​သည်​ ​အ​သက်​ ​၁၈​ ​နှစ်​အ​ရွယ်​ ​ချာတိတ်​တစ်ဦး​ကို​ ​ဟာ​ရာ​ရာ​ရှိ​ ​ရို​မန်​ကက်​သ​လစ်​ ​ဘု​ရား​ကျောင်း​အ​တွင်း​ ​သော့​ခတ်​ပိတ်​ကာ​ ​မု​ဒိမ်း​ကျင့်​ခဲ့​ကြ​သည်​။ ယ​ခု​ကဲ့​သို့ ​ရဲ​သား​တစ်ဦး​အား​ ​မီ​နီ​ဘတ်စ်​ပေါ်​ ​လိုက်​လာ​သည့်​ ​အ​မျိုး​သ​မီး​များ​က​ ​မု​ဒိမ်း​ကျင့်​ခဲ့​ကြောင်း​ ​သ​တင်း​ထွက်​ပေါ်​လာ​ပြီး​နောက်​ ​ပြည်​တွင်း​သ​တင်း​စာ​တစ်​စောင်​က​ ​လမ်း​ပေါ်​မောင်း​လာ​သည့်​ ​မီ​နီ​ဘတ်စ်​ကို​ ​အ​လု​အ​ယက်​ ​ဝိုင်း​တား​နေ​သည့်​ ​အ​မျိုး​သား​ ​အ​မြောက်​အ​မြား​ပုံ​ကို​ ​ကာ​တွန်း​ရေး​ဆွဲ​ ​သ​ရော်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။

မယားကောင်းဆိုတာ အိပ်ယာထဲမှာ ပြည့်တန်ဆာလို နေရ၊ ကျင့်ရမည်



ဆရာရှင့် ကျွန်မရဲ့စိတ်အကြောင်းမေးချင်လို့ပါ။ ကျွန်မနဲ့ကျွန်မအမျိုသား အတူနေတဲ့အခါ ကျွန်မယောက်ျား ကပြောပါတယ် ကျွန်မကို ကျောက်ရုပ်ကြီးကျနေတာပဲတဲ့။ သူ့ကိုစိတ်ပါသေးရဲ့ လားလို့လဲ မေးပါတယ်။ ကျွန်မဘာလို့အဲဒီ့လိုဖြစ်နေရတာလဲ။ အမှန်တိုင်းပြောရရင် ကျွန်မတို့အိမ်ထောင်သက် ၂ နှစ်ပြည့်ခါနီးပေ မယ့် ကျွန်မရှက်တုန်းပဲ။ ကလေးတစ်ယောက် ရသွားပေမယ့် ရှက်နေတုန်းပဲ။ အဲဒါဘာဖြစ်လို့ပါလည်းရှင်။ သူ့အပေါ်တာဝန်မကျေသလို ခံစားရပါတယ်။ သူ့အပေါ် တာဝန်ကျေချင်ပါတယ်ရှင့်။ ပြောပြပေးပါဦး။

မေးတဲ့သူဟာ အခုလိုမေးသင့်တယ်လို့ထင်တဲ့၊ စိတ်ဆန္ဒရှိနေတာဟာ အလားအလာအတော်ကြီး ကောင်းပါ တယ်။ ရှက်စိတ်ရှိတာ ပုံမှန်ပါ၊ လူဆန်ပါတယ်။ အကြံတခုပေးချင်တာက ဒီလိုရှက်စိတ်ဟာ “ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်" ဆိုတာ လူတိုင်းအသိပါ။ ပြောဘို့ မယဉ်ကျေးတဲ့ မရှက်တရား နောက် တပါးကတော့ “တရားဝင် အကြင်လင်မယား နှစ်ဦးသားဟာ ဆက်ဆံရာမှာရှက်နေစရာ မလိုဘူး”။ ဒါဖြင့်ရင်“အရှက်ကိုမရှိရတော့မှာလား”ဆိုတာတော့လဲမဟုတ်ပါ။ လင်မယားတွေ ပေါင်းလာကြတာ နှစ်တွေ အများကြီးကြာပေမဲ့လဲ ဘယ်အရေးကိစ္စမှာမဆို သူသူကိုယ်ကိုယ် ရှက်နေကြရသေးတာပါ။ အဖိုးကြီး၊ အဖွါးကြီးဖြစ်တဲ့အထိပါ။

ဒါပေမဲ့ အခုမေးလာသူလို လိုအပ်ချက်ရယ်လို့ရှိလာပြီဆိုရင်တော့ ပြင်ယူရပါလိမ့်မယ်။ တနှစ်က သတင်းစာမှာ ဖတ်ရတယ်။ ကမ္ဘာ့နံပါတ်တစ် အားကစားမယ်တယောက် ရုပ်ရည်ကလဲ အင်မတန်ချော ပါတယ်။ သူ့ (ဘွိုင်း-ဖရင်း) က ပြောတယ် “အိပ်ယာထဲမှာဆို ဒီမိန်းကလေးဟာ သစ်တုံးလိုဘဲ” တဲ့။ သူတို့ဆီကတော့ အကြင်လင်မယားမဖြစ်သေးလဲ အဲလို နေကြတာကထုံးစံပါ။ နာမည်ကြီးသူဆိုရင် သတင်းလိုက်သူတွေကလဲ ရှောင်လို့မရဘူး။ ပြန်ပြောပေါ့ “ကျမတယောက်တည်း မဟုတ်ဘူး (ဆယ်လီဘရက်တီ) အပျိုမလဲ ကျမလိုပါဘဲ” လို့။

မြန်မာအရပ်စကားတခုလဲ ရှိသေးတယ်။ “မယားကောင်းဆိုတာ အိပ်ယာထဲမှာ ပြည့်တန်ဆာလို နေရ-ကျင့်ရတယ်” တဲ့။ ဒီအကြံပေးချက်ဟာ လက်တွေ့ဘဝတွေကနေ လာပုံရတယ်။ တခုရှိတာက ကိုယ်ခန္ဓာ ရောင်းစားသူတွေ၊ ငွေယူပြီး လိင်ဇာတ်ကား ရိုက်ပေးသူတွေဟာ ကြည့်တဲ့သူတွေပို သဘောကျ၊ အားကျစေအောင် တမင်တကာ သရုပ်ဆောင်ကြရတယ်။ ဥပမာ အမျိုးသမီးတွေက ခံစားမှုရှိနေသယောင်၊ သာယာနေသယောင် သရုပ်ဆောင်ကြတယ်။ ဒါတင်မကဘူး လိင်ဆန္ဒ ပြည့်ဝ ပြီးစီးတာကိုပါ အတုလုပ်လေ့ရှိတယ်။ ဒါကို Women Fake Orgasm လို့ခေါ်တယ်။

ဒီလိုအတုလုပ်ကြတာက ကြေးစာမိန်းမတွေမှ မဟုတ်သေးဘူး။ အနောက်နိုင်ငံတွေမှာ (မြန်မာနိုင်ငံမှာတာ့ လေ့လာမှု မရှိလို့ မပြောနိုင်ပါ။) အတွဲထားတဲ့ အမျိုးသမီးများကလဲ ပြီးစီးမှု အတုလုပ်တတ်ကြတယ်။ AskMen.com ကနေ အမေရိကန်၊ ကနေဒါ၊ ယူကေနဲ့ သြစတြေးလျ မှာ ယောက်ျား-မိန်မပေါင်း ငါးသောင်းကို လေ့လာမှုလုပ်တော့ ၃ ပုံ ၁ ပုံသော အမျိုးသမီးတွေက (အော်ဂဇင်) ရသယောင်ဆောင်ပါသတဲ့။ (ကိုလန်ဘီယာ) က Farnaz Kaighobadi ကနေလုပ်တဲ့ သုတေသနအရ ၄ဝ-၆ဝ% အမျိုးသမီးတွေက အဲလိုအတုလုပ်ကြရတာဟာ Mate retention tactic သူတို့ ယောက်ျားဖေါ်တွေ သူတို့ဆီကနေ ခွါမသွားစေအောင်လုပ်ရတဲ့ ဗျူဟာလို့ ဆိုပါတယ်။

နောက်တခုလဲ ကြားဘူးကြမှာပါ။ “ယောက်ျားသား ဖေါက်ပြားတာဟာ သူ့မိန်းမက အလိုကို လိုသလို မဖြည့်နိုင် လို့” ဆိုတာ။ ဒီအချက်က တဝက်တပျက်သာ မှန်ပါမယ်။ ဖေါက်ပြားချင်သူ ဆိုတာ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် စ (ဇ) ရှိသူတွေက ဇနီးမယား၊ ယောက်ျား ခင်ပွန်းဘက် က ပြောစရာမလိုပေမဲ့ ဖေါက်ပြန်ကြပါတယ်။

လင်မယားနေကြရာမှာ အချိန်ကာလအရ တိုးတက်လာကြရတယ်။ မေးတဲ့သူလဲ တိုးတက်လာအောင် လုပ်သင့်ပါတယ်။ ပိုပြီး နားလည်လာရမယ်။ သာယာမှုရှာတဲ့နေရာမျိုးမှာ ပိုပြီးသာယာမှုကိုဖြစ်လာစေ သင့်တယ်။ ခွင့်လွှတ်စရာမျိုးကို ပိုပြီး ခွင့်လွတ်လာကြတာမျိုးလိုပါဘဲ။ အပြန်အလှန်ပါဘဲ။ ယောက်ျား လုပ်သူကလဲ နားလည်မှု ပြန်ပေးဘို့လိုတယ်။ မိန်းမသဘာဝဟာ တမျိုးဆိုတာ သိသင့်တယ်။ ပိုးပြီးရှက် တတ်တယ်။ လိင်စိတ်ဖြစ်လာတာ အချိန်ပိုယူတယ်။ အခါတိုင်း အပြီးမသတ်ပေမဲ့ သိပ်ကိစ္စမရှိတတ်ဘူး။ လစဉ်ဓမ္မတာနဲ့အတူ ဟော်မုန်းသတ္ကိကြောင့် လိင်စိတ် အတက်အကျ ရှိတတ်တယ်။ အိမ်ထောင်မကျ ခင်ဘဝ၊ နောက်ခံ (လိင်) ကျန်းမာရေးသုတ ဆိုတာမျိုးကို တမင်တကာ လိုက်ရှာနေတတ်သူမျိုး ဆိုတာ ယောက်ျားတွေနဲ့ယှဉ်ရင် အရေအတွက်နည်းပါးတယ်။ ဒီတော့ လိုနေတယ်ထင်ရင် ပြင် လာစေအောင် ကူညီရမယ်။ သုတအရလိုနေရင် သုတဖြည့်ပေးပါ။ ကျန်းမာရေးကြောင့်ဆိုရင် ခွင့်လွတ်ပေးပါ။ တိုးတက်လာတိုင်း အသိအမှတ်ပြုပေးပါ။

လိင်မှုကိစ္စဟာ တခြားအရေးအရာတွေလိုဘဲ။ နှစ်ဦးနှစ်ဘက် ပါဝင်ပတ်သက်ရတယ်။ လက်လုပ်တီးတာ လက်နှစ်ဖက် ပါရသလိုမျိုး။ လက်နှစ်ဖက်တော့ ဟုတ်ပါရဲ့ တဖက်လက်ဝါးက ဖြန့်ကော့ထားရင် မည်တဲ့ လက်ခုပ်သံက မပြီသဘူး။ တက်ညီ-လက်ညီ ရှိကြတာ ကောင်းတဲ့ဂုဏ်တရပ်ပါ။ ရှေ့သွား၊ နောက်လိုက် ညီကြတယ်ဆိုတာ အများအမြင်သာ ဖြစ်တယ်။ ဘက်ညီတယ်ဆိုတာမှာ အတူနေတဲ့ကိစ္စလဲ ပါသင့်တယ်။

စိတ်မပျက်ပါနဲ့။ အားငယ်စရာမဟုတ်ပါ။ အိမ်ထောင်ရေး ပိုသာယာတာ အခုမေးတဲ့သူမှာ သေခြာပေါက်ဖြစ် လာမယ်လို့ ယူဆပါတယ်။ ဖတ်ပါ၊ လိုက်နာပါ။ မေးမြန်းပါ၊ လိုက်လုပ်ပါ။ ကိုယ့်က ကျောက်ရုပ် (သစ်တုံး) လိုဖြစ်မနေအောင် လိုသေးရင် ဆရာဝန်ကိုမေးပါ။
 
ဒေါက်တာတင့်ဆွေ

ကြိမ်ဖူးဟင်းချို



ငွေဆောင်ကမ်းခြေတွင် ဖြစ်သည်။ အချိန်က နေ့လယ် ၂ နာရီထိုးခါနီးပြီ။ နေက အတော်ပင်ပူပါသည်။ ကမ်းခြေတစ်လျှောက်မှာ ငါးပိုက်ဆွဲနေသည့် တံငါသည်များကို ကျွန်တော်နေပူပူထဲတွင် ဓာတ်ပုံလိုက်ရိုက်နေသည်။ ကမ်းခြေတွင် ပိုက်ဆွဲနေသူများကတော့ ဘယ်လိုရှိသည် မသိ။ သောင်ပြင်ပေါ်တွင် ငါးများ သူတို့နေပူလှန်းနေသည်ကို ဓာတ်ပုံရိုက်နေ ရင်း နေပူလှန်းသူများထဲတွင် ၀င်ကူနေသည့် ကလေးတစ်ယောက် ၏ခြေထောက်ကို သတိထားမိလိုက်သည်။

ကလေးမလေးက အသက်ရှစ်နှစ်၊ ကိုးနှစ်အရွယ်လောက်သာရှိပြီး ခြေထောက်တွင် အမာရွတ်များမှာ အစင်းလိုက်အစင်းလိုက် ဖြစ်နေသည်။ ကျွန်တော်က ဘာဖြစ်တာလဲဟုမေးတော့ သူ့အဖေက ရခိုင်သံလား၊ ထားဝယ်သံလားတော့ မပြောတတ်။ ထိုကဲ့သို့ အသံဝဲ၀ဲဖြင့် နပေါက်မပါလို့လေ။ ပြောစကား၊ ဆိုစကား နားမထောင်မလို့ ရိုက်တာ။ နားမှာ အပေါက်မပါတဲ့ ကလေးတွေက အဲဒီလိုရိုက်ပေးမှရတယ်ဟု ကျွန်တော့်ကို ပြန်ပြောသည်။

အဲဒီလူကြီး စကားဆုံးသွားတော့ ကလေးလေးရဲ့ခြေထောက်ကိုကြည့်ပြီး ကျွန်တော်စဉ်းစားကြည့်မိသည်။ အဲဒီလောက်ငယ်တဲ့ ကလေးလေးတစ်ယောက်ကို အမာရွတ်တွေထင်သွားအောင် ရိုက်သင့်ရဲလား။ ကျွန်တော် ငယ်ငယ် ကျောင်းကပြန်လာပြီး ပုဆိုးလဲတော့ ကျွန်တော့်အစ်မက လှမ်းမေးသည်။ နင့်ခြေထောက်က အရာကြီးတွေက ဘာဖြစ်တာလဲတဲ့။ ကျွန်တော်ကတော့ ဘာမှမဖြစ်ပါဘူးဟု ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။ အစ်မကထပ်မေးသည် နင် အရိုက်ခံထားရတာ မဟုတ်လားတဲ့။ မဟုတ်ပါဘူး စက်ဘီးလဲထားလို့ဟုလိမ်ပြီး ကျွန်တော်အိမ်ပေါ်သို့ ပြေးတက်သွားလိုက်သည်။ အိမ်ပေါ်ရောက်တော့မှ ကျွန်တော့်ခြေသလုံးကို သေချာပြန်ကြည့်လိုက်သည်။ ခြေသလုံးမှာ အရှိုးလိုက်အရှိုးလိုက် အညိုအမည်းစွဲနေသည်။ အဲဒီတုန်းက ကျွန်တော်ငါးတန်းနှစ် ကျွန်တော်တို့ကျောင်းမှာ ကြိုသက်ဆိုသည့် ဘာသာရပ်တစ်ခုကို အလယ်တန်းကျောင်းသားဘ၀က သင်ရသည်။

မြန်မာနိုင်ငံလုံးတွင် ကြိုသက်ဘာသာသင်ရသည့်ကျောင်းမှာ ကျောင်းငါးဆယ်ခန့်သာရှိသည်ဟု ဆိုသည်။ ကြိုသက်ဘာသာသည် ယောက်ျားလေးများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံများကို သင်ကြားရသည်ဖြစ်ပြီး မိန်းကလေးများက အိမ်တွင်းမှုအခြေခံကိုသင်ရသည်။ မိန်းကလေးများ သင်ရသည့်ဘာသာနှင့် ယောက်ျားလေးများသင်ရသည့် ဘာသာကမတူပေ။ ထို့ကြောင့် ကြိုသက်ချိန်ရောက်ပြီဆိုလျှင် အခန်းနှစ်ခန်းပေါင်းကာ ယောက်ျားလေးသတ်သတ်၊ မိန်းကလေးသတ်သတ်ပေါင်းပြီး သီးခြားစီသင်ရသည်။ ကျွန်တော်က ဘီခန်းကဖြစ်သည်။ ကြိုသက်ချိန်ရောက်ပြီဆိုလျှင် ဘီခန်းက မိန်းကလေးများက စီခန်းသို့သွား၍ စီခန်းမှ ယောက်ျားလေးများက ကျွန်တော်တို့ဘီခန်းကိုလာပြီး စာသင်ရသည်။ ကျွန်တော်တို့ကျောင်းမှာ ထုံးစံက အတန်းတိုင်း ဘုရားညောင်ရေအိုးနှင့် ဆရာ၊ ဆရာမထိုင်သည့် စားပွဲပေါ်တွင် ဖန်ပန်းအိုးလေးတစ်လုံးရှိသည်။ ၀ါ၊ စိမ်း၊ နီ၊ ပြာ အသင်းခွဲထားပြီး ယောက်ျားလေးများက အသင်းကျသည့်နေ့တွင် သောက်ရေသွားခပ်ရသည်။ မိန်းကလေးများက အသင်းကျသည့်နေ့တွင် အခန်းကို တံမြက်စည်းလှည်းရသည်။ ပိုက်ဆံစုကာ ဘုရားပန်းအိုးနှင့် ဆရာ၊ ဆရာမ စားပွဲပေါ်က ပန်းအိုးလေးကို ပန်းထိုးပေးရသည်။

တစ်ရက်... ကြိုသက်ချိန်ရောက်တော့ မိန်းကလေးတွေက စီခန်းသို့ပြောင်းသွားပြီး စီခန်းကယောက်ျားလေးတွေက ဘီခန်းသို့ ရောက်လာကြသည်။ ကြိုသက်ချိန်ရဲ့ ထုံးစံအတိုင်း စာသင်မည့်ဆရာက ရောက်မလာသေးပေ။ ထိုအချိန်မှာ စီခန်းက စာလာသင်သည့် ကျောင်းသားများထဲမှ ဆရာ၊ ဆရာမ စားပွဲနှင့် နီးသူများက စားပွဲပေါ်ရှိ ပန်းအိုးထဲက နှင်းဆီပန်းလေးများကို လက်ဖြင့်လှမ်းပြီး ပွင့်ဖတ်လေးတွေကို ခြွေကြသည်။ စီခန်းကယောက်ျားလေးတွေက ပန်းအိုးထဲက နှင်းဆီပန်းပွင့်ဖတ်လေးတွေကို အဲဒီလိုလှမ်းလှမ်းပြီး ခြွေချနေတာကို ကျွန်တော်တို့ ဘီခန်းက မိန်းကလေးတွေက ဘယ်လိုသိသွားမှန်းမသိ မိန်းကလေးနှစ်ယောက်ရောက်လာပြီး ပန်းတွေကို လာယူသွားသည်။ အဲဒီလိုပန်းတွေကို ယူသွားချိန်မှာ ကျောင်းသားတွေက မယူရန်တားရင်းက ၀ိုင်းလုကြသည်။ အတန်းကြီးလာမှသာ မိန်းကလေးတွေ၊ ယောက်ျားလေးတွေက မျက်ထောင့်လေးတွေ ပေစောင်းပေစောင်းကြည့်ပြီး သူငယ်ချင်းအရမ်းခင်တယ်လို့ ဖြစ်သွားကြပေမယ့် ငါးတန်းခြောက်တန်းအရွယ်မှာတော့ ယောက်ျားလေးနဲ့ မိန်းကလေးသည် ရန်သူဖြစ်သည်။ အဲဒီတုန်းက ကျွန်တော်တို့ကလည်း ယောက်ျားလေးပီပီ ဘာလို့ဒီလိုလာယူရမှာလဲဆိုပြီး ကျွန်တော်လည်း ယောကျာ်းလေးတွေဘက်က၀င်ပြီး ပန်းတွေကိုကူလုသည်။

အဲဒီလိုလုရင်းက မိန်းကလေးနှစ်ယောက်က ပန်းတွေကို လွှင့်ပစ်ထားခဲ့ပြီး ထွက်သွား သည်။ နောက်တော့ ကောင်မလေးတစ်ယောက်က ကြိုသက်ဆရာကို ငိုပြီးသွားတိုင်သည်။ ကျွန်တော်က သူ့ကျောကုန်းကို လက်သီးနဲ့ထိုးပါတယ်တဲ့။ အဲဒီတော့မှ ကြိုသက်ဆရာက ရောက်လာပြီး ကျွန်တော့်ကို အတန်းရှေ့ထွက်ရပ်ခိုင်းသည်။ အဖြစ်မှန်ကိုလည်းမမေး ဘယ်လိုဖြစ်ကြသည်လည်း မစုံစမ်း။ မင်း သူ့ကိုထိုးလားတဲ့ ကျွန်တော့်ကို လာမေးသည်။ ကျွန်တော်မှ မထိုးတာ ကျွန်တော်က မထိုးဘူးဆိုတော့ လက်ထဲက ကြိမ်လုံးကို စားပွဲပေါ်ကို နှစ်ချက်သုံးချက်လောက် ရိုက်လိုက်သည်။ အဲဒီလိုရိုက်လိုက်တော့ ကျွက်စီကျွက်စီပြောနေတဲ့စကားတွေ တိတ်သွားသည်။ အဲဒီလိုတိတ်သွားတော့မှ အရှေ့ဆုံးမှာ ထိုင်နေတဲ့ ကျောင်းသားကို ကြိမ်လုံးကြီးပြပြီး မေးသည်။ ဒီကောင်မလေးကျောကုန်းကို သူက လက်သီးနဲ့သွားထိုးတယ်ဆို ဟုတ်လားဆိုတော့ အဲဒီကောင်လေးက ဟုတ်ပါတယ် ဟု ဖြေသည်။ နောက်တစ်ယောက်ကို ထပ်မေးပြန်သည် နောက်တစ်ယောက်ကလည်း ဟုတ်ပါတယ်လို့ပဲဖြေသည်။ သူတို့ပြောတာ ဟုတ်တယ်တဲ့ မင်းဝန်ခံမှာလား ကြိမ်လုံးကြီးကိုပြပြီး ကျွန်တော့်ကိုမေးသည်။ မင်းဝန်မခံဘူးဆိုရင် ကျောင်းထွက်ရမယ်။ ကျောင်းထွက်ပြီးရင်တော့ ဘူတာရုံမှာ ကူလီသာထမ်းနေပေတော့ဟု ပြောသည်။ မင်းဝန်မခံဘဲ ကျောင်းထွက်မှာလား၊ ၀န်ခံပြီး အရိုက်ခံမှာလားတဲ့။

ကျွန်တော် ကျောင်းထွက်ရမှာတော့ ကြောက်ပါသည်။ ကျွန်တော် ငါးတန်းကျောင်းသား ဘ၀က တွေးလိုက်မိသည်က ၀န်ခံလိုက်ရင် ရိုက်ခံရမည်၊ ၀န်မခံရင် ကျောင်းထွက် ရမည်။ ကျောင်းတော့မထွက်နိုင်။ အရိုက်ပဲခံတော့မည်ဟု ဆုံးဖြတ်ကာ ကျွန်တော် တကယ်မထိုးခဲ့ပေမယ့်လည်း ထိုးပါသည်ဟု ပြောလိုက်တော့သည်။ ၀န်ခံလိုက်ပြီဆိုတော့ စတိတ်စင်ပေါ်တက်ခိုင်းပြီး ပုဆိုးကိုဒူးခေါင်းထိ လှန်ခိုင်းသည်။ ပြီးတော့ လက်ညှိုးလောက်ရှိသော ကြိမ်လုံးဖြင့် ခြေသလုံးကို ငါးချက်လွှဲရိုက်သည်။ ဆယ်နှစ်သားအရွယ်မှာ လူကြီးအားဖြင့် လွှဲရိုက်ခံရသော ငါးချက်သည် တော်တော်နာသည်။ ကျွန်တော်ငိုချင်သည် ဒါပေမဲ့ မငိုမိအောင် မျက်ရည်ကိုထိန်းထားလိုက်သည်။ စာသင်ခန်းထဲမှာ ဒီတိုင်းကြိတ်ထိုင်နေပြီး အိမ်ပြန်ခဲ့လိုက်သည်။ အရိုက်ခံရချင်းနေ့က ခြေသလုံးမှာ အစင်းစင်းတွေ အပိန့်လိုက်အပိန့်လိုက်ဖြစ်နေပြီး အရေခွံများပွန်းကာ တချို့နေရာမှာ သွေးနည်းနည်းစို့နေသည်။

နောက်နေ့ရောက်တော့ အစင်းတွေပျောက်သွားပေမယ့် အညိုအမည်းစွဲပြီး ကျန်ရစ်ခဲ့သည်။ ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့လူမျိုးမှာ အခုအထိ အရိုးစွဲနေကြတာက အိုးကောင်းတစ်လုံးဖြစ်လာအောင် နာနာရိုက်ရမယ်။ ကျွန်တော့်ငယ်ဘ၀က တွေ့ကြုံခဲ့တဲ့ဖြစ်ရပ်ဖြစ်သည်။

ကျောင်းတွေ၊ ကျောင်းတွေမှာ မိဘတွေ၊ မိဘတွေမှာ ကျွန်တော်တွေ့ကြုံခဲ့တဲ့ ဖြစ်ရပ်ထက် ဆိုးအောင်ရိုက်တာတွေ ဘယ်လောက်တောင်ရှိနေမလဲ။ အတိအကျမသိပေမယ့် အရွယ်နှင့်မမျှအောင် ရိုက်ခံနေကြရတာတွေကတော့ သေချာပေါက်ရှိမှာပါ။ ကျွန်တော်တို့ငယ်ငယ်ကဆိုလျှင် တချို့မိဘများက အရိုက်ကြမ်းသည်ဆိုသော ကျူရှင်များမှာပင် ရွှေ့ထားသည်ကို တွေ့ဖူးပါသည်။ ကျွန်တော်တို့လည်း ထိုကျူရှင်တွင်ပင် တက်ရပါသည်။ ဒီနေ့ မီးနင်းတွေအလွတ်ကျက်ခဲ့။ နောက်နေ့စာမေးလို့ တစ်လုံးမရလျှင် သစ်သားပေတံဖြင့် တစ်ချက်ရိုက်သည်။ တစ်ခါတစ်ရံတွင် ရိုက်ရင်းဖြင့် ထင်းရှူးသစ်သားပေတံ ကွဲသွားသည်ကိုပင် ကြုံခဲ့ဖူးသည်။ ဒါပေမဲ့ စာညံ့တဲ့ကလေးကတော့ အရိုက်ခံရလွန်းလို့ ကျူရှင်ပြေး ချင်စိတ်သာ ဖြစ်လာသည်။ စာကတော့ တော်မလာပါ။ ငယ်ရွယ်စဉ်ကာလမှာ အထိုက်အလျောက် ရိုက်သင့်သည်ဆိုတာကို လက်ခံကောင်းလက်ခံလို့ရနိုင်ပေမယ့် အရွယ်နှင့်မမျှအောင် အလွန်အကျွံရိုက်နှက်ခြင်းကတော့ လုံးဝမဖြစ်သင့်ပါ။ အဲဒီလို အရွယ်နဲ့မမျှအောင် ရိုက်လိုက်တော့ရော အဲဒီကလေးက နားလည်သွားလား။ အဲဒီကလေးက တကယ်လိမ္မာသွားလား။ အဲဒီလိုစဉ်းစားနေရင်း ကြည်ဖြူသျှင် အမေရိကားမှာ ဆုရသည့် ၀သုန်ရဲ့ကောက်ကြောင်း ၁၅ မိနစ်စာ မှတ်တမ်းရုပ်ရှင်ထဲမှာ ပန်းချီဝသုန်ပြောသွားတာ သွားသတိရလိုက်သည်။ ကျွန်တော့်ကလေးတွေကို တစ်ခါမှမရိုက်ဖူးဘူး မယုံရင်မေးကြည့်ပါလား။ ကျွန်တော်ငယ်ငယ်က အရိုက်ခံရတယ်။ အဲဒီလိုအရိုက်ခံရရင် ကျွန်တော်အရမ်းစိတ်ဆိုးတယ်။ ပြီးတော့ ကလေးဆိုတာ ရိုက်တိုင်းလည်း လိမ္မာတာမှမဟုတ်တာတဲ့။ တစ်ချိန်ကျရင် ကျွန်တော့်မှာရော မိတ်ဆွေတို့မှာပါ ကလေးတွေရှိလာပေလိမ့်မည်။ တချို့ဆိုလျှင် အခုကတည်းက ရှိနှင့်ပြီးသား ဖြစ်နေပေလိမ့်မည်။ အဲဒီအချိန်ကျရင် ကလေးတွေကို ကြိမ်ဖူးဟင်းချိုလို့ တင်စားခေါ်တဲ့ ကြိမ်လုံးကြီးနဲ့ ကိုယ်လိုရာပုံကို ရိုက်သွင်းတဲ့ brainwash နည်းလမ်းကို ဆက်လက်သုံးသွားကြဦးမှာလား။

ရေးသားသူ- စိုးဇေယျာထွန်း

ဆီးရီးယားကို သြဂုတ် ၂၉ ရက်တွင် စတင်တိုက်ခိုက်ဖွယ်ရှိကြောင်း အမေရိကန်ပြောကြား



ဆီးရီးယားတွင် အစိုးရက အရပ်သားများကို ဓာတုလက်နက်များဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲမှုများ ပေါ်ထွက်ခဲ့ပြီးနောက် အမေရိကန်နှင့် မဟာမိတ်တပ်များသည် ဆီးရီးယားကို တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း ခန့်မှန်းမှုများ မြင့်မားနေချိန်တွင် အမေရိကန် ထိပ်တန်းတာဝန်ရှိသူများက ဆီးရီးယားကို သြဂုတ် ၂၉ ရက် အစောဆုံးထား တိုက်ခိုက်ဖွယ်ရှိကြောင်းကို NBC News ပြောကြားခဲ့ကြောင်း သိရသည်။ သို့သော် ဆီးရီးယား အစိုးရကို အပြောင်းအလဲ ပြုလုပ်ရန် မဟုတ်ဘဲ သမ္မတ ဘာရှားအယ်လ်အာဆတ် အစိုးရအား အပြစ်ပေးရန်သာ ရည်ရွယ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ အိမ်ဖြူတော်သည် အာဆတ်အစိုးရကို ဖြုတ်ချရန် မစဉ်းစားကြောင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမား ပြောခွင့်ရပုဂ္ဂိုလ် ဂျေးကာနေးက ပြောကြားခဲ့သည်။

အမေရိကန်နှင့် မဟာမိတ်များ အရှိန်ယူနေ
အမေရိကန်နှင့် မဟာမိတ်တို့သည် ရေငုပ်သင်္ဘောများ၊ စစ်သင်္ဘောများ၊ လေယာဉ်များ အသုံးပြုကာ ဆီးရီးယားပြင်ပ ရေပိုင်နက်နှင့် ဝေဟင်တို့မှတစ်ဆင့် ပစ်ခတ်တိုက်ခိုက်ဖွယ် ရှိသည်ဟု လေ့လာသူများက သုံးသပ်ထားသည်။ ဆီးရီးယားကို တိုက်ခိုက်ပါက ရက်ပိုင်းသာ ကြာမြင့်နိုင်ပြီး စစ်ဘက်အဆောက်အအုံများကို ပစ်မှတ်ထားနိုင်သော်လည်း ဓာတုလက်နက်များကိုမူ ပစ်မှတ်ထားဖွယ် မရှိကြောင်း ၀ါရှင်တန်ရှိ သတင်းရင်းမြစ်များက ဆိုသည်။ ဆီးရီးယား အဓိကအတိုက်အခံ (SNC) ကလည်း လေဆိပ်များ၊ စစ်အခြေစိုက် စခန်းများ၊ လက်နက်ရုံများ စသည်တို့ ပါဝင်သည့် ပစ်မှတ်များကို လမ်းညွှန်ပေးမည်ဖြစ်ကြောင်း သိရသည်။ ဆီးရီးယား အတိုက်အခံ လက်နက်ကိုင် အဖွဲ့ဖြစ်သော (FSA) နှင့် မဟာမိတ်နိုင်ငံတို့ကြား ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြောင်း SNC တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ကာကွယ်ရေး ၀န်ကြီးဌာနသည် လေကြောင်းတိုက်ခိုက်မှုကို သုံးရက်ကြာ ဆောင်ရွက်ရန် စီစဉ်ထားကြောင်း၊ မြေထဲပင်လယ်တွင်းရှိ ရေတပ်ဖျက်သင်္ဘောများ၊ ရေငုပ်သင်္ဘောများမှ ဒုံးကျည်တိုက်ခိုက်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိပ်တန်းတာဝန် ရှိသူများက NBC News ကို ပြောကြားခဲ့ကြောင်း သိရသည်။ အမေရိကန်သည် မကြာသေးမီ ရက်များ အတွင်းက မြေထဲပင်လယ်တွင်းမှ ဖျက်သင်္ဘောများကို မြေထဲပင်လယ် အရှေ့ဘက်စွန်းရှိ ဆီးရီးယားအနီးသို့ ရွှေ့ဆိုင်းခဲ့ရာ ရေတပ်သင်္ဘောများဖြစ်သည့် USS Barry၊ USS Mahan၊ USS Ramage နှင့် USS Gravely တို့သည် တိုက်ခိုက်ရန် အသင့်ဖြစ်နေကြောင်း ရေတပ်တာဝန် ရှိသူများက ပြောကြားခဲ့သည်။

ဓာတုလက်နက် တိုက်ခိုက်မှုအတွက် ဖြစ်လာနိုင်သော လက်တုံ့ပြန်မှု အမေရိကန် စစ်တပ်သည် အဆင်သင့် ရှိနေပြီဖြစ်ပြီး သမ္မတ ဘာရက်အိုဘားမား၏ အမိန့်ကို စောင့်ဆိုင်းနေကြောင်း ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်က ပြောကြားခဲ့သော်လည်း ၀ါရှင်တန်က နောက်ဆုံးဆုံးဖြတ်ချက် မချရသေးပေ။ ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီး ၀ါလက်မူအာလင်က မိမိတို့တွင် အညံ့ခံ အရှုံးပေးခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်း နည်းလမ်းနှစ်ခုအနက် ဒုတိယနည်းလမ်းသည် အကောင်းဆုံး ဖြစ်မည်ဖြစ်ကြောင်း သြဂုတ် ၂၇ ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်။ ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှု နောက်ကွယ်တွင် ပါဝင်သူများအား အပြစ်ပေးရန် ပြင်သစ်က အဆင်သင့်ဖြစ်နေကြောင်း သမ္မတ ဖရန်ဆွာအော်လွန်ဒ်က ပြောကြားခဲ့သည်။

သြဂုတ် ၂၇ ရက်တွင် အိုဘားမားသည် ကင်မရွန်ထံ ဖုန်းဆက်ပြီး ဆီးရီးယားအရေး ကိစ္စကို ဆွေးနွေးခဲ့ကြောင်း၊ အိုဘားမားသည် သြစတြေးလျ၊ ကနေဒါ၊ ပြင်သစ် ခေါင်းဆောင်များနှင့်လည်း ဖုန်းဆက်ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။ ဆီးရီးယားအပေါ် စစ်ရေးဖြင့် အရေးယူမှုအား မဟာမိတ်ရုရှားနှင့် အီရန်တို့က ကန့်ကွက်ထားသည်။ သို့သော် ဆီးရီးယား မဟာမိတ်ဟောင်းနှင့် ဒေသတွင်း အင်အားကြီး တူရကီကမူ ယင်းဓာတုလက်နက်ဖြင့် တိုက်ခိုက်မှု ဖြစ်စဉ်အတွက် တာဝန်ရှိသူများ အပြစ်ပေးမခံရဘဲ လွတ်မြောက်နေမှုမှာ မဖြစ်သင့်ကြောင်း ပြောကြားခဲ့သည်။

ဆရာဝန်တစ်ဦး မှတ်ချက်ပေးတဲ့ မီးဟုန်းဟုန်း တောက်တော့မည့် မြန်မာပြည်














ကျွန်တော်သည် ဆရာဝန်တစ်ဦးဖြစ်ပါသည်။ အစိုးရနှင့် တိုက်ရိုက်ပတ်သက်မှု မရှိပါ။ တစ်ပါတီပဲဖြစ်ဖြစ်၊ ပါတီစုံပဲဖြစ်ဖြစ် ကျွန်တော် သမ္မတလည်းမဖြစ်နိုင်၊ ၀န်ကြီးလည်းမဖြစ်နိုင်ပါ။ ကျွန်တော်၏ အလုပ်မှာ ဆေးကုသရန်သာ ဖြစ်ပါသည်။ ယခု တိုင်းပြည်မျက်နှာ တစ်ခုတည်းကိုသာ ကြည့်၍ ဘယ်သူ့ဘက်မှ မလိုက်ဘဲ ဒီမိုကရေစီကျကျ ရေးသား တင်ပြလိုပါသည်။

ကျွန်တော်၏ စစ်မှန်သော စေတနာကို ပြည်သူများ နားလည် နိုင်ကြပါစေ။ လက်ရှိအစိုးရသည် အားနည်းချက် ပေါင်းများစွာ ရှိခဲ့ကြောင်း မည်သူမျှ မငြင်းနိုင်ပါ။ တစ်မိန့် တစ်အာဏာဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့ခြင်း၊ အာဏာရှင် ဆန်လွန်းခြင်း၊ အခွင့်အရေးယူလွန်းခြင်း၊ ပြည်သူလူထုနှင့် ကင်းကွာလွန်းခြင်း၊
စည်းစိမ်ယစ်မူးပြီး မလုပ်၊ မရှုပ်နေကြခြင်း၊ ဆင့်ကဲဆင့်ကဲ လိမ်ခဲ့ကြခြင်း၊ တိုင်းပြည်စီးပွားရေး ခွက်ခွက်လန် အောင် နိမ့်ကျလာစေခြင်း၊ နောက်ဆုံးတွင် လူပေါင်းများစွာ သေဆုံးခဲ့ ရသော သွေးထွက်သံယိုမှုကြီးများ အကြီး အကျယ်ဖြစ်ပွား စေခြင်းစသည့် အားနည်းချက်ပေါင်းများစွာ ရှိခဲ့သဖြင့် ယခုကဲ့သို့ တစ်တိုင်းပြည်လုံး ပျက်ခမန်းလုလု ဖြစ်နေရသည်ကိုလည်း မှန်မှန်ကန်ကန် ၀န်ခံရပေမည်။

ဤနေရာတွင် အစိုးရဆိုသော စကားလုံးမှာ ဘယ်အဆင့်အထိ သတ်မှတ်ရမည်နည်းဆိုသော ပြဿနာကို စဉ်းစားရပေမည်။ အမှန်တော့ အစိုးရဆိုသည်မှာ အုပ်ချုပ်သူ လူတန်းစားဖြစ်၍ နိုင်ငံတော် သမ္မတမှစပြီး ရပ်ကွက်ပြည်သူ့ကောင်စီများအထိ ပါဝင်ကြသည်။ အဆင့်ဆင့်သော ပါတီတာဝန် ထမ်းဆောင်နေ သူများ၊  ပြည်သူ့ရဲများနှင့် အခြားအုပ်ချုပ်ခွင့်ရှိသူ အစိုးရ၀န်ထမ်းများ အားလုံးသည်လည်း အစိုးရပင်ဖြစ်သည်။

အစိုးရ ညံ့ဖျင်းသည်ဟုဆိုရာတွင် ၎င်းတို့အားလုံးသည်လည်း အစိုးရပင်ဖြစ်သည့်အတွက် ၎င်းတို့ အားလုံးသည်လည်း တာဝန်ရှိ ပေသည်။ တိုင်းပြည်အကျိုး ထက် မိမိအကျိုးကိုသာကြည့်ကြခြင်း၊  တစ်မတ်ဖိုးအာဏာရှိသူက တစ်မတ်ဖိုး ညစ်ပတ်ခြင်း၊ ရဲကလည်း ရဲအလျောက်၊ ကောင်စီက လည်း ကောင်စီအလျောက်၊ ပါတီကလည်း ပါတီအလျောက်၊ တရားသူကြီးကလည်း တရားသူကြီး အလျောက်၊ အခြားရုံးများ၊ ဌာနများ အသီးသီးကလည်း သူ့နေရာနှင့် သူ အလျောက် လာဘ်စားကြခြင်း၊ အကျင့်ပျက်ကြခြင်း၊ တတ်နိုင်သမျှ ညစ်ပတ်ခဲ့ကြောင်း ပြည်သူအားလုံးအသိပင်ဖြစ်သည်။

တစ်ဦးချင်း- ဥပမာတစ်ခုချင်းပြရလျှင် ကျမ်းဖွဲ့၍ ပြရပေမည်။ တစ်ဖန် အစိုးရမကောင်း သလို ပြည်သူတွေအနေဖြင့်ရော တိုင်းပြည်အပေါ်တွင် ဘယ်လောက်ကောင်းခဲ့ကြသလဲဆိုတာ ပြန်လည် ဆန်းစစ်ဖို့လိုပါသည်။ ယနေ့ လမ်းမများပေါ်တွင် လှည့်လည်၍ အစိုးရထွက်ပေးဟု အော်နေကြသော ကုန်သည်၊ ပွဲစားများကို မေးလိုပါသည်။ လုပ်သားပြည်သူများ စားဝတ်နေရေး ချောင်လည်အောင်၊ ကုန်ဈေးနှုန်းကျဆင်းအောင် ဘာတွေများ တတ်စွမ်းသလောက် ဆောင် ရွက်ခဲ့ ကြပါသလဲ။ မိမိတို့ ကိုယ်ကျိုးကိုသာ ရှေးရှု ၍ ဈေးနှုန်းများကစားခြင်း၊ ကုန်သိုလှောင်ခြင်း လုပ်ခဲ့ကြသူတို့မှာ ဘယ်သူတွေလဲ။ အမြတ်ခွန်တွေကိုကော မှန်မှန်ကန်ကန် ပေးခဲ့ကြသလားဟု မေးလိုပါသည်။ ဈေးနှုန်းတက်စရာရှိ လက်မနှေးဘဲ လွယ်လွယ်ကူကူ တက်ပစ်လိုက်၏။ ကျစရာရှိလျှင်တော့ ဖြည်းဖြည်းပေါ့ဟု ဆိုကြ၏။

ကားသမားကလည်း ကားသမားအလျောက်၊ စပယ်ယာကလည်း စပယ်ယာအလျောက် ပြည်သူ ကို နှိပ်စက်၏။ မိမိကိစ္စ အောင်မြင်ရေးအတွက် ရိုးရိုးသားသားရှိခဲ့ကြသော ၀န်ထမ်းများကို လာဘ်ထိုးခြင်းဖြင့် ဖျက်ဆီးကြ၏။ ယူသူကလည်း ယူ၏၊ ပေးသူကလည်း ပေး၏။ ထို့နောက် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စွပ်စွဲ အပြစ်ဖို့ကြ၏။ (ယနေ့ စင်ပေါ်တက်၍ အာပေါင် အာရင်းသန်သန် ဟောပြော နေကြသော ရုပ်ရှင်သရုပ်ဆောင်တို့က အမြတ်ခွန် မပေးရလေအောင် နည်းမျိုးစုံ ကျင့်ကြံခဲ့ကြ၏။)

ရောင်းဝယ်မှု၊ အပေးအယူမှု အသီးသီးတို့တွင် ငွေမည်းတို့ဖြင့် ကစားခဲ့၊ လှည့်ပတ်ခဲ့ကြ၏။ အခြား မကုန်နိုင်အောင် ထောက်ပြစရာများ ရှိပါသည်။ ယေဘုယျအားဖြင့် ပြည်သူလူထုဘက်မှလည်း တိုင်းပြည်အပေါ် တာဝန်ပျက်ကွက်ခဲ့ကြကြောင်း ရိုးရိုးသားသား ၀န်ခံကြစေလို ပါသည်။ အချုပ် ဆိုရင်လျှင် တိုင်းပြည်ပျက်ရခြင်းတွင် အစိုးရတာဝန်ရှိသလို ပြည်သူတို့ဘက်မှလည်း တာဝန်မကင်းကြောင်း နားလည် ကြစေ လိုပါသည်။ လက်ရှိအရေးအခင်းများကို ဆက်လက်၍ သုံးသပ်တင်ပြပါမည်။ ယခု တစ်တိုင်းပြည်လုံး အော်ဟစ်တောင်းဆိုနေကြသော ဒီမိုကရေစီသည် အင်မတန် ကောင်းမွန်၍ လွတ်လပ်မျှတသော စနစ် တစ်ခုလည်း ဖြစ်ပါသည်။ ကျွန်တော် အလွန်ကြိုက်ပါသည်။ ထို့ ကြောင့် လုပ်သားပြည်သူတို့ ငြိမ်းချမ်းစွာ လှည့်လည်၍ ဒီမိုကရေစီပေးရေး တောင်းခံမှုကို ကျွန်တော် ထောက်ခံ ကြိုဆိုပါသည်။ သို့သော် တဖြည်းဖြည်း ကျွန်တော် ထိတ်လန့်လာပါသည်။ တိုင်းပြည်အရေးအတွက် ရင်လေးမိပြီး တုန်လှုပ်ချောက် ချားလာပါသည်။

ကျွန်တော်တို့ မြန်မာ ပြည်သားများ ဒီမိုကရေစီကို မသုံးတတ်ကြောင်း နားလည်လာရပါသည်။ ဥပမာအချို့ပြရလျှင် နိုင်ငံတော်အလံကို ဇောက်ထိုးတပ်ကြခြင်း၊ တချို့က လုံးခြေ၍ ခြေထောက်ဖြင့် တက်နင်းပြခြင်း၊ ရုပ်ရှင်မင်းသမီးတစ်ဦးက တိုင်းပြည်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ စာအုပ်ကို ခြေထောက်ဖြင့် နင်းပြခြင်း (ဟောပြောသူတစ်ဦးက စင်မြင့်ပေါ်မှ နေ၍ အစိုးရအဖွဲ့ အစည်းအသီးသီးအား မအေနှင့် ကိုင်တုတ်ခြင်း)၊ ကားများ ချောဆွဲခြင်း၊ လူတွေ မတန်တဆ တက်စီး ကြခြင်း၊ သင်္ကြန်ကဲ့သို ဟေးလားဝါးလား အပျော်ကြူးကြခြင်း၊ လမ်းလွှဲမရှိသော အချို့ဆင်ခြေဖုံး ရပ်ကွက်များကို ပိတ်၍ နာရီပေါင်း များစွာ ဟောပြောပွဲကျင်းပနေသဖြင့် ယာဉ်များ လုံးဝမသွားနိုင်ဘဲ လုပ်သားပြည်သူပေါင်းများစွာ ဒုက္ခ ရောက်ခဲ့ကြခြင်း စသည်တို့ကို ပြည်သူများ တွေ့မြင်ကြပါလိမ့်မည်။

ထို့ပြင် ရန်ကုန်ဆေးရုံကို ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်အတွက် အစိုးရအား ပြင်းထန်စွာ ဝေဖန်ရှုတ်ချကြသည်။ ကျွန်တော်လည်း လုံးဝ စိတ်ဆိုးခဲ့ပါသည်။ သို့ရာတွင် ရက်ပေါင်းများစွာ ဆေးရုံကြီးကို သပိတ်စခန်းဖွင့်၍  တို့အရေး၊ တို့အရေးဟု အသံကုန် အော်ဟစ်နေကြခြင်းကို ဘာကြောင့် မတားဆီးခဲ့ကြပါ သနည်း။ ဆေးရုံပေါ်တွင် ရှိနေသော အသည်းအသန်လူနာ တို့ကို ကြွေးကြော်သံ၊ ဆူပူအော်ဟစ်သံ တို့ကြောင့် ဘယ်လိုထိတ်လန့်ဝေဒနာ တိုးကြမည်ကို မည်သူမျှ မစဉ်းစားမိကြတော့ဘူးလား။

ဒီမိုကရေစီကျကျ ပွင့်ပွင့်လင်းလင်း ရေးသားရလျှင် ဆရာဝန် တစ်ဦးအနေဖြင့် ဆေးရုံကို ပစ်ခတ်ခြင်း အတွက် ရှုတ်ချသလို သပိတ် စခန်းဖွင့် ခြင်းကိုလည်း ရှုတ်ချပါသည်။ ကျွန်တော့အနေဖြင့် ဩဂုတ်လ ၂၄ ရက်နေ့ည၊ နိုင်ငံတော်သမ္မတ ဒေါက်တာ မောင်မောင် တိုင်းပြည်သို့ မိန့်ခွန်းပြော ကြားပြီး ကတည်းက  သပိတ်အောင်ပွဲ ရရှိပြီဟု နားလည်ပါသည်။ အလွန် အနှစ်သာရ ပြည့်ဝသော မိန့်ခွန်းတစ်ခု ဖြစ်ပြီး  နိုင်ငံတော်သမ္မတကိုယ်တိုင်က ကတိအတန်တန်ပေးထားပြီဖြစ်ရာ ကိုယ့် တိုင်းပြည်ကို ချစ်ကြလျှင်၊ လူမျိုးကို ချစ်ကြလျှင် သပိတ်လှန်၍ အလုပ်ခွင်သို့ ပြန်ဝင်ကြရန်သာ ရှိပါသည်။ ဥပဒေ ဘောင်အတွင်းမှ စနစ်တကျ ပြည်သူတို့ ဆန္ဒ လိုက်လျောခြင်းဖြစ်၍ လက်မခံ နိုင်စရာ မရှိပါ။

စက်တင်ဘာလ ၁ ရက်နေ့တွင် နောက်တစ်ကြိမ် ထပ်မံ၍ တိုင်းပြည်သို့ မိန့်ခွန်းပြောခဲ့ပြန်သည်။ သူ့မိန့်ခွန်းများတွင် တိုင်းပြည်အပေါ် ထားရှိသော သူ့စေတနာကို အထင်အရှား သိနိုင်ပါသည်။ သမ္မတတစ်ဦးအနေဖြင့် လိုက်လျောနိုင်သမျှ အစွမ်းကုန် လိုက်လျောနိုင်၊ မလိုက်လျောနိုင်သော ကိစ္စများကိုလည်း အကျေအလည် ရှင်းလင်းတင်ပြထားပါသည်။ ကျွန်တော် လူမှန်းသိကတည်းက  တိုင်းပြည်သို့ တိုက်ရိုက်မိန့်ခွန်းပြော၍ ရှင်းလင်းတင်ပြသော သမ္မတဟူ၍ ယခုတစ်ဦးတည်း သာ တွေ့ဖူးပါသည်။ ဒေါက်တာမောင်မောင် ကဲ့သို့ ခေါင်းဆောင်ကောင်းတစ်ဦး လက်လွှတ်လိုက်ရမည်ကို ကျွန်တော် အင်မတန် နှမြောမိပါသည်။ ယခုလို တိုင်းပြည်ပျက်ခါမှ သမ္မတတက်လုပ်ပြီး  သူ့ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် ကြိုးစားစွမ်းဆောင်နေသော ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် များစွာချီးကျူးဂုဏ်ပြု ထိုက်ပေသည်။ သူ အာဏာမလိုချင်မှန်း ကျွန်တော် သိပါသည်။

ယခုသပိတ်တိုက်ပွဲသည် တဖြည်းဖြည်းနှင့် အခြေအနေပိုဆိုးလာသည်။ နိုင်ငံရေးအမြတ်ထုတ်မှုများ၊ သမဂ္ဂများ မှိုလိုပေါက်လာကြသည်။ ပါတီစုံမဖြစ်ရသေးဘဲ တွဲရေးကွဲရေးများ ဖြစ်နေ ကြပြီ။ ထောင်များလည်း ကျိုးပေါက်၍ ထောင်သားများ လွတ်မြောက်လာကြသည်။ လုကြ၊ သတ်ကြ၊ ယက်ကြ၊ ဖြတ်ကြ ဖြစ်လာကြသည်။ ဒီမိုကရေစီဟု အော်ဟစ်ထွက်ပေါ်လာကြသော စာစောင်များလည်း  စီးပွားရေးဆန်ဆန် အလုအယက် ထွက်ပေါ်လာကြသည်။ ဒီမို ကရေစီကျကျ ရေးဖို့ထက် အစိုးရကို များများတွယ်လေ လူကြိုက်များလေဖြစ်၍ အစိုးရကို ပို၍ ဖိအားပေး နှိပ်ကွပ်နေကြသည်။

နိုင်ငံခြားသားများလည်း ခြေရှုပ်လာကြသည်။ ဘီဘီစီ၊ ဗွီအိုအေတို့မှလည်း ကောလာဟလမျိုးစုံ၊ အတို့အထောင် မျိုးစုံတို့နှင့် တိုင်းပြည်ကို မပျက်ပျက်အောင် လုပ်လာကြသည်။ ပြည် တွင်း ကောလာဟလဖြန့်ချိရေး အဖွဲ့မှလည်း တိုင်းပြည် ပျက်စီးရာပျက်စီးကြောင်း ကောလာ ဟလပေါင်းစုံကို တစ်နေ့ တစ်မျိုး ရအောင် ထုတ်လွှင့်ပေးခဲ့သည်။ နယ်စွန်နယ်ဖျားမှ သူပုန် သောင်းကျန်း သူတို့ ရန်ကုန်မြို့တွင်းသို့ ၀င်ရောက်လာကြပြီး ကင်းစောင့်ရာမှ ပြဿနာဖြစ်ပြီး ရပ်ကွက် အချင်းချင်း အပြင်းအထန် သတ်ဖြတ်ကြသည်။

အစိုးရယန္တရား တစ်ခုလုံးလည်း ပျက်ယွင်းပေပြီ။ ဓာတ်ဆီ လုံးဝမချက်တော့သဖြင့် ဓာတ်ဆီ လုံးဝမရှိ၊  ထို့ကြောင့် ကား ဈေးနှုန်း ကြီးမြင့်လာ၍ လက်လုပ်လက်စားတို့ ငတ်ကြလေပြီ။ ငတ်သဖြင့် လုကြ၏။ ပြည်သူတို့ကို နှိပ်စက်ခိုးဆိုး အကြံအဖန်လုပ်ခဲ့ကြသော ၀န်ထမ်း အသီးသီးတို့သည် ယခုအခါ  အပြစ်ကင်းစင်သော သူရဲကောင်းများ ဖြစ်လာကြ၏။ အစိုးရကို ကလော်ဆဲကြ၏။ တစ်လလုံး လှည့်လည်သပိတ် မှောက်ပြီး လကုန်ရက် လခထုတ်စရာရှိတော့ အပြည့်အ၀ သွားရောက်ထုတ်ယူကြ၏။ ဒီလ အလုပ် မလုပ်ပါလား၊ ဒါကြောင့် လခမယူတော့ဘူးဟု ငြင်းသူမရှိ။ လခထုတ်ပြီး နောက်တစ်နေ့ သပိတ်ဆက်မှောက်၏။

အချုပ် ဆိုရသော် တိုင်းပြည်ကြီး ရစရာမရှိအောင် ပျက်ယွင်းသွားလေပြီ။ နဂို ကတည်းက အပျော်ကြူးရမည်ဆိုလျှင် ဗိုလ်မထားသော ကျွန်တော်တို့ မြန်မာ ပြည်သူပြည်သားများသည်  ဒီမိုကရေစီကို လွဲမှားစွာ အသုံးချကုန်ကြလေပြီ။ ဤအတိုင်းဆိုလျှင် မကြာမီပင် မြန်မာနိုင်ငံကြီး မီးဟုန်းဟုန်းတောက်လောင်ပေတော့မည်။ သွေးချောင်းစီးပွဲများ ဖြစ်ရမည်မှာ မလွဲပါ။ ယခုလို အရေးကြီးသည့်အချိန်တွင် အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် တိုင်းပြည်ကို ကယ်တင်ရန် အရေးကြီးလှပေ သည်။

ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးသည် ယခုအခါ ချောက်နှုတ်ခမ်းပေါ်တွင် တဲတဲလေးသာ ကျန်တော့သည်။ ယခင်က လုပ်ခဲ့ကိုင်ခဲ့ကြသူ ခေါင်းဆောင်များအနေဖြင့်လည်း တိုင်းပြည်ကို ကယ်တင်ဖို့ထက် မိမိတို့ အာဏာရရှိရေး အတွက် အပြင်းအထန် စည်းရုံး၍ တိုင်းပြည်ကို ချောက်ထဲသို့ အတင်းတွန်း ချနေကြသည်။ တကယ်အရေး အကြောင်း၊ တိုင်းပြည်အတွက် လိုအပ်စဉ်ကာလက ၎င်းတို့ ဘယ်မှာ ပုန်းခိုနေ ကြသည်မသိ၊ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး တစ်ဦးတည်းသာ အမိုက်ခံ၊ အနစ်နာခံ၍
တိုင်းပြည်၏ ပကတိအခြေ အနေကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်တင်ပြခဲ့ပေသည်။

သူ့စာများတွင် အမှားအယွင်း အနည်းငယ်ပါရှိသော်လည်း မူရင်း စေတနာနှင့်ယှဉ်လျှင် မပြောပလောက်ပါ။ ယခု လောလောဆယ်လည်း သူ့အနေဖြင့် ဘာမှလက်လွတ်စပယ် ဟောပြောခြင်း၊ ပုဂ္ဂလိက တိုက်ခိုက်ခြင်းမျိုး မပြုလုပ်ဘဲ ဒီမို ကရေစီကျကျ ပြောဆိုလုပ်ကိုင်နေသည်ကို တွေ့ရပေသည်။ အချို့နိုင်ငံရေးခေါင်းဆောင်ဟောင်းများစွာ အစိုးရက ဘွဲ့ထူး ဂုဏ်ထူးတွေ ချီးမြှင့်စဉ်ကပင် ကျေကျေ နပ်နပ် လက်ခံ ယူခဲ့ကြပြီး ပေးအပ်သော ငွေကြေးနှင့် အခြား ခံစားခွင့်ရှိသည်တို့ကိုလည်း အပြည့်အ၀ ခံစားခဲ့ကြပေပြီ။ လေး-ငါး သောင်းခန့် တန်ဖိုးဖြင့် အစိုးရပေးသော ကားများကိုယူ၍ စီးပွားရှာကြသည်။ အချို့မှာ နှစ်သိန်းပတ်ဝန်းကျင်ဖြင့် ပြန်၍ ရောင်းချကြသည်။
အစိုးရကို မကျေနပ်လျှင် အစကတည်းက ငြင်းပယ်ခဲ့ကြပါလား။

မိမိကိုယ်တိုင်က အစိုးရပေးသော အခွင့်အရေးများကို အသိအမှတ်ပြုခံစားပြီး ယခုအခါကျမှ အစိုးရ ကို ဘာကြောင့် ပုဂ္ဂလိက တိုက်ခိုက်နေ ကြသလဲဟု ပြန်လည်စဉ်းစားကြစေလိုသည်။ ဗိုလ်ချုပ်ကြီးဟောင်း တင်ဦး ဆိုလျှင် ၎င်းဖော်ထုတ်ဟောပြောခဲ့သော သွေးထက်သံယိုမှုပေါင်းစုံတို့၏ သုံးပုံ နှစ်ပုံခန့်တွင် မိမိသည် အစိုးရ၏ ထိပ်တန်းခေါင်းဆောင်အဖြစ် တာဝန်အရှိ ဆုံး ပါဝင်ခဲ့သည်ကို မေ့လျော့နေ သလားဟု မေးကြည့်ချင်ပါသည်။

ယနေ့ ဒီမိုကရေစီ အမြန်ပေးပါဟု အော်ဟစ် ကြွေးကြော်နေသော တပ်မှူးဟောင်းများ မိမိတို့ ဘာကြောင့် တပ်မှ အထုတ်ပယ်ခံရ သည်ကို ပြန်လည် စဉ်းစားကြစေလိုသည်။ မိမိတို့ ကျူးလွန်ခဲ့သည့် မဲဆွယ်မှု၊ မဲခိုးမှုတို့အတိုင်း ယခု ပြန်လုပ်ကြမည်စိုး၍ ဆန္ဒခံယူပွဲ မလုပ်သင့်ပါဟု အော်နေကြသလားဟုပင် ထင်မိပါသည်။ တစ်ချိန်လုံး ဘယ်နေရာတွင် အိပ်နေမှန်းမသိသော ရှေ့နေများ ကောင်စီက လည်း ဒေါက်တာမောင်မောင်၏ မိန့်ခွန်းကို အကိုး အကားများ ထုတ်၍ ကန့်ကွက်ခဲ့ကြ၏။

အခြေခံ ဥပဒေကို အစိုးရက အကြိမ်ကြိမ် ချိုးဖောက်ခဲ့ကြောင်း၊ ပုဒ်ထီး ပုဒ်မများဖြင့် အတိတ်ကို ပြန်လည်ဖော်ထုတ်ခဲ့ကြ၏။ ၎င်းရှေ့နေများကို ကျွန်တော်တစ်ခု မေးလိုပါသည်။ အစိုးရအနေဖြင့် ၎င်း အခြေခံဥပဒေများကို ချိုးဖောက်ခဲ့စဉ်က ရှေ့နေများကောင်စီက ဘာကြောင့် တရားဝင် ကန့်ကွက်လွှာ မတင်သွင်း ခဲ့ကြပါသနည်း။ ဒါတော့ ပြောလို့ရမှာ မဟုတ်ဘဲဟု ဆင်ဝှေ့ရန်ရှောင် မပြုလုပ်ကြစေလိုပါ။

အစိုးရအနေဖြင့် အရေးယူသည်၊ မယူသည်မှာ မိမိတာဝန်မဟုတ်၊ ဥပဒေကို နားအလည်ဆုံးဖြစ် သည့် ရှေ့နေများ ကောင်စီအနေဖြင့် အစိုးရက ဥပဒေချိုး ဖောက်နေကြောင်း သိလျှင် ရဲရဲဝံ့ဝံ့ ကန့်ကွက်လွှာတင်သွင်းရန် တာဝန်ရှိပေသည်။ ဥပဒေကိုချိုးဖောက်နေကြောင်း သိလျက်နှင့် ငြိမ်နေခြင်းသည် ဥပဒေ ကျူးလွန်ရာရောက်သည်ဟု ကျွန်တော် နားလည်ပါသည်။ ယခုလို ဘေးရန် ကင်းရှင်းမှ လက်ခမောင်းခတ်သူများကို ပြည်သူတို့ ဘယ်လိုမြင်ကြမည်ကို စဉ်းစားကြည့်စေလိုပါသည်။

နောက်တစ်ခုအနေနှင့် ပြောရလျှင် "ယနေ့ ပါတီစုံစနစ်ကို တောင်းဆိုနေကြသူများ စင်ပေါ်တွင် အော်ဟစ်ပြောဟော နေကြသူများက "ရွေးကောက်ပွဲလုပ်စရာ မလိုပါ။ ပါတီစုံစနစ်ကိုသာ တန်းပြီး ပေးလိုက်ပါတော့"ဟု ဘာကြောင့် တောင်းဆိုနေကြပါသလဲ။ တစ်ဖက်က လည်း ဒီမိုကရေစီဟု တောင်းဆိုသည်။ တစ်ဖက်မှလည်း ရွေးကောက်ပွဲလုပ် မနေနှင့်တော့။ ပါတီစုံကို တစ်ခါတည်းသာ ပေးလိုက်တော့"ဟု ဆိုပြန်ရာ မီးစ တစ်ဖက်၊ ရေမှုတ်တစ်ဖက် ဖြစ်မနေ ဘူးလားဟု မေးလိုပါသည်။

ပြည်သူများ ဆန္ဒကို မသိချင်ကြတော့ဘူးလား။ တစ်ပါတီစနစ်ကိုသာ လိုလားသူ ပြည်သူ သန်းပေါင်းများစွာ ရှိနေကြပါသည်။ ယင်းကိုထည့်၍မစဉ်းစားဘဲ အဓမ္မ တောင်းဆိုနေကြခြင်းမှာ ဒီမိုကရေစီ ဟုတ်ပါရဲ့လား။ ပါတီစုံကို တစ်ခါတည်း ပြောင်းလိုက်လျှင် တစ်ပါတီလိုလားသူ ပြည်သူလူထုကို ဘယ်လောက် နစ်နာ သွားမည်ကို ဒီမိုကရေစီကျကျ စဉ်းစားမိ ကြရဲ့လား။ ပြည်သူအားလုံး၏ ဆန္ဒပါဝင်သော တစ်ပါတီနှင့် ပါတီစုံ ဆန္ဒခံယူပွဲကို သန့်သန့်ရှင်းရှင်း မလုပ်ရဲကြတော့ဘူးလား။ ပြည်သူအားလုံး၏ဆန္ဒ မပါဝင်ဘဲ  ပါတီစုံစနစ်ကို အတင်းအဓမ္မ တောင်းဆိုနေကြခြင်းမှာ ဒီမိုကရေစီ ဟုတ်ပါရဲ့လား။ ပြည်သူအားလုံး၏ဆန္ဒ ပါဝင်သော တစ်ပါတီနှင့် ပါတီစုံ ဆန္ဒခံယူပွဲကို သန့်သန့်ရှင်းရှင်းနှင့် မလုပ်ရဲကြဘူးထား၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိကြဘူး လားဟု အထပ်ထပ်အခါခါ မေးမြန်းလိုပါသည်။ 

လုပ်သားပြည်သူအပေါင်းတို့ခင်ဗျား နိဂုံးချုပ်ဆိုပါမည်။ ကျွန်တော်တို့ တိုင်းပြည်ပျက်စီးပုံ အရေးကို မြင်ကြပါ။ ကျွန်စော်နံလာပြီကို သတိပြုကြပါ။ အစိုးရသည် အစိုးရသာဖြစ်ပါသည်။ တိုင်းပြည်မဟုတ်ပါ။ အစိုးရကို မုန်းတီးရုံ၊ ဦးနေ၀င်း၊ ဦးစန်းယုကို မုန်းတီးရုံနှင့် တိုင်းပြည်ကို မဖျက်ကြပါနှင့်။ ကျွန်တော်တို့သည် တိုင်းပြည်မျက်နှာကိုသာ ကြည့်ရမည်ဖြစ်ပါသည်။ ဦးနေ၀င်း မျက်နှာကို ကြည့်စရာမလိုပါ။ ထို့အတူ ဒေါက်တာမောင်မောင်၊ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး၊  ဗိုလ်ချုပ်ကြီးဟောင်း တင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် စသည်ဖြင့် ဘယ်သူ့မျက်နှာကိုမျှ ကြည့်စရာမလိုပါ။ သန်းပေါင်းများစွာသော ပြည်သူတို့၏ အကျိုး၊ တိုင်းပြည်၏အကျိုးကိုသာ ရှေးရှု၍ တိုင်းပြည်ချစ် စိတ်မွေးကြပါ။ တရားမျှတသော၊ ဒီမိုကရေစီကျသော ဥပဒေဘောင်အတွင်းမှ ဆန္ဒခံယူပွဲများတွင် ကြိုက်သလိုပါဝင်ကြပါ။

မိမိတို့အလုပ်ကို ပြန်လုပ်ကြရင်း တိုင်းပြည် ချစ်ကြောင်း၊ အစိုးရ မကောင်းသော်လည်း မိမိတို့ကောင်းကြောင်းပြကြပါ။ အစိုးရများ အနေဖြင့်လည်း နုတ်ထွက်ပေးမည်ဖြစ်ကြောင်းကို အထပ်ထပ် ဖြေပြီးဖြစ်ပါသည်။ မိမိတို့လက်ထဲတွင် ဒီမိုကရေစီရောက်နေကြောင်း စဉ်းစားကြည့်လျှင် သိနိုင်ပါသည်။ မှန်မှန်ကန်ကန် ဆုံးဖြတ်ကြပါ။ ကြားကြားသမျှ ကောလာဟလများကိုလည်း ဉာဏ်ရှိသူများပီပီ ချင့်ချိန်၍ ယုံကြပါ။

ထပ်၍ဆိုပါမည်။ ကျွန်တော်သည် တိုင်းပြည်ကို ချစ်မြတ်နိုးသော ဆရာဝန် တစ်ဦးသာဖြစ်၍ ဘယ်ဘက်သို့မှ မလိုက်ဘဲ ဒီမိုကရေစီကျကျ ရေးသား တင်ပြကြောင်း ပြည်သူကို သိစေချင်ပါသည်။ ကျွန်တော် ဆွေမျိုးရင်းချာတစ်ဦးလည်း အရေးအခင်းထဲတွင် သေနတ်မှန်၍ သေဆုံးခဲ့ရပါသည်။

သို့သော်လည်း မိမိ၏ ဆွေမျိုးတစ်ဦး၏အရေးထက် တိုင်းပြည်၏အရေးကိုသာ ကျွန်တော် ကြည့်ပါသည်။

( ဆရာဝန်တစ်ဦး )

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3