December 9, 2012

တွေ့ရာ မိန်းကလေး ဓာတ်ပုံများ တင်၍ ပြည့်တန်ဆာ ဆောင်းပါး ဖော်ပြသော The Voice Weekly Journal

The Voice Weekly ၏ မတောင်းပန်သော ဖြေရှင်းစာ
The Voice Weekly ဂျာနယ် သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ထုတ် Vol 8,No 48 စာမျက်နှာ ၁၈ တွင် ဘဝနွံ ထဲက အကြွေပန်းလေးများ ဟုဆိုသော ခေါင်းစဉ်ဖြင့် လမ်းမကြီးဘေးတွင် မကောင်းတာ လုပ်စားသော (ဖာ) ပြည့်တန်ဆာ အမျိုးသမီးများဘဝ အား ဆောင်းပါးတစ်ပုဒ်ဖော်ပြခဲ့ရာ တွင် ထိုဆောင်း ပါး တွင် ပါရှိသော ဓါတ်ပုံမှာ လမ်းဘေးတနေရာတွင် အမျိုးသမီးငယ်တစ်စု စုစည်းနေပုံကို ပိုင်ရှင် မသိပဲ ခိုးယူရိုက်ယူခဲ့ပြီး ဆောင်းပါးနဲ့ တွဲစပ်၍ ပြည့်တန်ဆာ(ဖာ)များအသွင် သရုပ်ဖော်ခဲ့ပါသည်။ ထို့နောက် ယခုအခါ ထိုဓါတ်ပုံကြောင့် ပြဿနာများ ဖြစ်ပွါးလာပြီဖြစ်သောကြောင့် ဖြေရှင်းချက် ဟု ခေါင်း စဉ် တပ်ကာ ထိုအမျိုးသမီး ၄ ဦးမှာ ပြည့်တန်ဆာ(ဖာ)များမဟုတ်ကြောင်း ပြန် လည်ရေး သားသော်လည်း တောင်း ပန်ခြင်း ဝန်ခံခြင်း အလျင်းမပြုလုပ်ပဲ ဝတ်ကြေတန်းကြေ ဖြေရှင်းချက်ဟု၍ ထုတ်ခဲ့ပါသည်။

ထိုဓါတ်ပုံကြောင့် ဓါတ်ပုံတွင် ပါရှိလာသော အမျိုးသမီး တစ်ဦးဖြစ်သူ (ထဘီ ဝတ်ဆင်ထားသူ) မအေးအေးနွယ် (အမည်ပြောင်းထား) ဆိုသူ သည် စမ်းချောင်းမြို့နယ်ရှိ အိမ်ခြံမြေ ဝယ်/ရောင်း အကျိုးဆောင် ကုမ္မဏီ တွင် အလုပ်လုပ်နေရာမှ နှူတ်ထွက်ခဲ့ရပြီး ပတ်ဝန်းကျင်တွင် အရှက်ကွဲကာ ယခုအခါ ဆေးခန်းတစ်ခုတွင် depression ခေါ် စိတ် ဓါတ်ကျဆင်းခြင်း ဖြစ်နေ၍ စိတ်ရောဂါကု ဆရာဝန်တစ်ဦးနှင့် ကုသနေရပါသည်။ မြန်မာ မီဒီယာတို့သည် အဆင့်အတန်းလွန်စွာ ထိုးကျနေပြီး ယခင် ရက်သတ္တပတ်ကလည်း ဆူပူမှူ ပဋိပက္ခများ တွင် မီဒီယာများ အရေးအသား အတင်အပြတတ်စေရန် တိုင်းတပါးသားတို့မှပင် လာရောက် သင်ပေးခဲ့ရဖူးသည်။ 
The Voice Weekly ၏ တာဝန်မဲ့ ဖော်ပြချက်

သိက္ခာရှိ မြန်မာ အမျိုးသမီးငယ်များအား ဖာသယ်မ ပြည့်တန်ဆာများဟု ဓါတ်ပုံနှင့်တကွ ဖော်ပြခဲ့သော် လည်း တောင်းပန်ခြင်းအလျင်းမရှိပဲ ဖြေရှင်းချက်ဟုဆိုကာ သာမန်ကာ လျှံကာမျှသာ ရေးသားထားပါသည်။ လွန်စွာ စုတ်ပြတ်ရိုင်းစိုင်းသော အမျိုးသမီးများအား တန်ဖိုးမထားတတ်သော အယ်ဒီတာ ကျော်မင်းဆွေ သည် တွေ့မြင်ရာ အမျိုးသမီးများအား ဖာသာသာ လိင်ဆက်ဆံရန်သာ မြင်နေတတ်သူတစ်ဦးလား ဟု မေးခွန်း ထုတ်စရာဖြစ်လာပါသည်။ 

တစ်ဖန် လက်ပံတောင်းတောင်ရှိ စည်းကမ်း မလိုက်နာသူ သံဃာတုများ ဦးဆောင်သော လူထု အား ပြည်သူ့ရဲတပ်ဖွဲ့ဝင်များမှ ဖြိုခွဲစဉ်ကလည်း ပြည်ထဲရေးဝန်ကြီးဌာနမှ နိုဝင်ဘာ ၂၇ ရက်နေ့ည ၁၂ နာရီ နောက်ဆုံးထား၍ လူစုခွဲပါဟု တရားဝင် အမိန့်ထုတ်ပြန်ခဲ့သော်လည်း ဘုန်းကြီးတုများမှာ ထွက်ခွါခြင်းမရှိခဲ့ပဲ နိုဝင်ဘာ ၂၉  ရက်နေ့အထိ ပေကပ်နေခဲ့သောကြောင့် နိုဝင်ဘာ ၂၈ ရက်နေ့တွင် ည ၁၂နာရီမှာ လူစုမခွဲပါက ရဲလုပ်ထုံးလုပ်နည်း ဥပဒေများနှင့် အညီ အရေးယူ ဆောင်ရွက် သွားမယ်ဟု နိုဝင်ဘာလ ၂၈ ရက်နေ့ ည ၇ နာရီခွဲ တွင် တစ်ကြိမ်၊ ၈ နာရီ ၁၀ မိနစ်တစ်ကြိမ်၊ ၈နာရီ ၅၀ မိနစ်တွင် တစ်ကြိမ် အထပ်ထပ် ကြောငြာခဲ့ပြီးမှ ရဲလုပ်ထုံး လုပ်နည်းနှင့် လူစုခွဲသည်ကို သိရှိပါလျှက်နှင့် မြန်မာစတုတ္တမဏ္ဍိုင်ဟု ကြွေးကြော်ထားသော The Voice Weekly အယ်ဒီတာ ကျော်မင်းဆွေမှ  (အထိကရုဏ်း နှိမ်နင်းတဲ့အခါ နိုင်ငံတကာမှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေရှိတယ်။ ပထမဦးဆုံး အဆင့် က မေတ္တာရပ်ခံ သတိပေးတာ၊ နောက်တစ်ဆင့်က ဘယ်အချိန်နောက်ဆုံးထားပြီး ဆန္ဒပြတာကို ရပ်ဆိုင်း ဖို့ အသိပေးကြေညာတာ၊ နောက်တစ်ဆင့်က အဲဒီသတ်မှတ်ချိန်ကျော်ရင် အထိက ရုဏ်းနှိမ် နင်းရေး ရဲတွေက အင်းအားသုံး ဖြိုခွဲတာ၊ အင်အားပြင်းရေပိုက်နဲ့ ပက်တာ၊ အဲလိုပက်လို့မှ ဆန္ဒပြ တဲ့ သူတွေက ထိန်းမနိုင်သိမ်းမရ ဆူပူမှုဖြစ်တယ်၊ ပြန်တိုက်ခိုက်တယ်ဆိုရင် မျက်ရည်ယိုဗုံးခွဲပြီး ဖြိုခွင်းတာ၊ အဲဒါမှမရဘူး အပြင်းအထန်ပြန်ခုခံတယ်ဆိုရင် နံပါတ်တုတ်နဲ့ ရိုက်တာ အဲလိုအဆင့်တွေရှိတဲ့အကြောင်း အကြမ်းဖျင်းနားလည်ထားတယ်။အခု လက်ပတောင်းတောင် စီမံကိန်းမှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတဲ့ သံဃာတော်တွေရဲ့ စခန်းကို လက်နက်ကိုင် သူပုန်စခန်းဝင်စီးသလို အချိန်မတော် အလစ်ဝင်ပြီး အကြမ်း ဖက်တာ) ဟု ဗဟုသုတ မရှိ မလေ့လာပဲမနက်မိုးလင်းအချိန်အခါတွင်မှ မာဆတ်ဟုခေါ်သော အနှိပ်ခန်းမှ ပြန်ရောက်လာပြီး ကမူးရှူးထိုးပြောကြားခဲ့ပါသေးသည်။

ဂျာနယ်လစ်အချင်းချင်းလည်း တွယ်ကုန်ပြီ

The Voice Weekly ဂျာနယ်သည် ယခင်အယ်ဒီတာ ဒေါက်တာနေဝင်းမောင် ကွယ်လွန်ပြီး ကတည်းက ခွေး ဖြစ်နေပြီ ဟုလည်း ဂျာနယ်သတင်းထောက်လောကတွင် ပျံနှံ့နေပြီ ဖြစ်သကဲ့သို့ The Voice Weekly ဂျာနယ်၏ စီးပွါးပြိုင်ဖက်ဖြစ်သူ အခြား နာမည်ကြီး ဂျာနယ်မှ သတင်းထောက်တစ်ဦးကလည်း The Voice Weekly  ဖတ်မဲ့ အစား ခွေးသာ ပလာ တာကျွေးပြီး ဟောင်ခိုင်းတော့ ဟု သူ၏ Facebook စာမျက်နှာတွင် ရေးသားခဲ့ပါသည် ။

ဤသို့ ဗဟုသုတလည်းမရှိ ဆင်ခြင်လည်း မရှိ တွေ့မြင်ရာ သတင်းဖြစ်ပြီးရောဟု လုပ်နေသော မြန်မာအမျိုး
သမီးငယ်များကို မလေးစားပဲ ဖာသယ်မ(ပြည့်တန်ဆာ) ကဲ့သို့ ရှူမြင်နေခြင်းရှိသည့် The Voice Weekly အယ်ဒီတာ ကျော်မင်းဆွေနှင့် အပေါင်းအပါတို့အား ပြည်သူလူထုမှ မည်သို့ အပြစ်ဒဏ်ပေး  ကြမည်နည်းဟု မောင်ကျောက်ခဲမှ မေးလိုက်ချင်ပါသည်။ လွန်ခဲ့သော နှစ်ကမူ အမေရိ ကန်ပြည်ထောင်စုတွင် သတင်းမမှန်ဖော်ပြခဲ့သော ညနေခင်းသတင်းစာ ဂျာနယ်တိုက်ကို တမြို့လုံးက ဝိုင်းဝန်း မီးရှို့ခဲ့ကြဖူးသည်။

မောင်ကျောက်ခဲအဖွဲ့ 

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3