December 9, 2012

မြန်မာနိုင်ငံတွင် အေအိုင်ဒီအက်စ် ရောဂါကြောင့် တစ်နာရီတွင် လူ ၂ ဦးနှုန်း သေဆုံး

 
မြန်မာနိုင်ငံတွင် အေအိုင်ဒီအက်စ်ရောဂါကြောင့် တစ်နာရီတွင်လူ ၂ ဦးနှုန်း သေဆုံးပြီး၊ တစ်ရက်တွင် အယော က်  ၅၀ ၀န်းကျင်ခန့် သေဆုံးသော အခြေအနေမှ သုည အခြေအနေသို့ ကျဆင်းအောင် ပြုလုပ် မည်ဖြစ်ကြောင်း လူထု အခြေပြုကွန်ရက် (၇) ခုမှ ဦးဆောင် ကျင်းပသော ကမ္ဘာ့ အေအိုင်ဒီအက် နေ့အ ထိမ်းအမှတ် အခမ်း အ နားတွင် မြန်မာနိုင်ငံ အိတ်(ခ်ျ)အိုင်ဗွီပိုး ရှိသူများ ကွန်ရက်မှ  ဒေါ်ခိုင်မာဆွေ က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ အိတ်(ခ်ျ)အိုင် ဗွီပိုးရှိသူများ ကွန်ရက်၏ စစ်တမ်းအရ ရောဂါပိုး ရှိသူများ၏ ၃၀ရာခိုင်နုန်း သည် ရပ် ရွာကျေးရွာ ကိစ္စများတွင် ပါဝင်ခွင့် မရရှိခြင်းများ၊ ၁၅ ရာခိုင်နှုန်းသည် မိသားစု များ၏ အခန်းကဏ္ဍတွင် ပါဝင်ပတ်သက်ခွင့် မရရှိခြင်း များနှင့် ၄၁ ရာခိုင်နှုန်းသည် အလုပ်ခန့် အပ်ရန် ငြင်းဆန် ခံရခြင်းနှင့် လုပ်ဖော် ကိုင်ဖက်များ၏ ခွဲခြားဆက်ဆံခံရမှု များကြောင့် အိတ်(ခ်ျ)အိုင် ဗွီရော ဂါ ခံစားနေရသူ များသည် ကိုယ့်ကိုကိုယ် သက်သေချင်စိတ်နှင့် မိမိကိုယ်ကို အပြစ်ရှိသူအဖြစ် ခံစားနေရ ကြောင်း သိရှိရသည်။ '' ခွဲခြားဆက်ဆံမှု တွေရှိနေသ၍ ကာကွယ်တား ဆီးရေးနဲ့ ကုသရေးတွေမှာ အခက်တွေ့နိုင်ပါတယ်။ သူတို့ကိုယ် သူတို့ အိတ်(ခ်ျ)အိုင်ဗွီပိုး ရှိကြောင်း ဖွင့်မပြော ရင်လည်း ပတ်ဝန်းကျင်မှာ အခက်တွေ့နိုင်ပါတယ်။ ဒါကြောင့် ဖွင့်ပြောလာဖို့နဲ့ ကာကွယ်ရေး တွေ ထိထိရောက်ရောက် လုပ်နိုင်ဖို့၊ ကုသရေးတွေ ပိုပြီး လုပ် နိုင်အောင် လို့ ခွဲခြား ဆက်ဆံမှုတွေ မရှိဖို့လို အပ်ပါတယ် '' ဟု ဒေါ်ခိုင်မာဆွေက ဆက် လက်  ပြော ကြား ခဲ့ သည်။ နှစ်စဉ် အသက် ၁၅ နှစ်နှင့် အထက် လူပေါင်း ၈၀၀၀ ခန့်သည် အိတ်(ခ်ျ)အိုင်ဗွီပိုး ကူးစက်ခံနေရကြောင်း ပညာရှင်များက ခန့်မှန်းကြသည် ကိုလည်း သိရသည်။ မြန်မာနိုင်ငံတွင် နေ့တစ်နေ့ကို အရွယ်ရောက်ပြီး သူပေါင်း ၂၀ကျော်သည် ယင်းရောဂါပိုးကူး စက်ခံနေ ရကြောင်းလည်း သိရှိရသည်။ မြန်မာနိုင်ငံ အိတ်(ခ်ျ)အိုင် ဗွီပိုးရှိသူများ ကွန်ရက်ကို ၂၀၀၆ ခုနှစ်က စတင်တည်ထောင် ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ရည်ရွယ်ချက်မှာ အိတ်(ခ်ျ)အိုင် ဗွီ၊ အေအိုင်ဒီအက်ဖြင့် အသက်ရှင်နေထိုင် သူများ၏ အခန်းကဏ္ဍ ကို မြှင့်တင်ပေးခြင်း၊ အိတ်(ခ်ျ)အိုင်ဗွီပိုး ရှိသူများ အချင်းချင်း ဆက်သွယ်ပေးခြင်း၊ အိတ်(ခ်ျ)အိုင်ဗွီပိုး ရှိသူများ၏ ကိုယ့်အားကိုယ်ကိုး အဖွဲ့များကို ဖွံ့ဖြိုးတိုးတက် စေခြင်းဖြစ်ကြောင်း သိရှိရသည်။
 
Eleven

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3