December 9, 2012

ချဲဂဏန်းပေး ငှက်ပျောသီးကျွေး Kissing လေးပါ အပိုပေးတဲ့ ဘုန်းဘုန်း


သာသနာတော် ပြန်ပွားအောင် အကျိုးတော်ဆောင် နေကြသော တကယ် ကြည်ညိုဖွယ် ကောင်းသော ဘုန်းတော်ကြီးများကို ဦးစွာပထမ ရှိခိုးတောင်း ပန်အပ်ပါသည် အရှင်ဘုရား။ သာသနာကို စော်ကား လိုခြင်း မဟုတ်သလို ဗုဒဘာသာကို စော်ကားခြင်းလည်း မဟုတ်ပါ။ ကျွန်တော်လည်း မြန်မာလူမျိုး တစ်ယောက်ပါ။ မြန်မာလူမျိုး တစ်ယောက်အနေနဲ့ ဒီလိုမျိုးတွေ မြင်တွေ့ နေရတာ တော်တော်ကို စိတ် မကောင်း ဖြစ်မိပါသည်။ ယခုဖြစ်ရပ်မှာ ဘုန်းကြီးကိုပဲ အပြစ်တင်လို့ မရပါဘူး။ ဒကာမတွေ ဘက်မှာလည်း မလုပ်သင့်တဲ့ အရာတစ်ခုပါ။ ချဲဂဏန်း တောင်းတာတို့ အတိတ်ကောက်တာ တို့ဆိုရင် သိပ်ကို ၀ါသနာ ပါကြတာ မြန်မာလူမျိုး အချို့ရဲ့ အားနည်းချက်ပါ။ ဒီဗီဒီယိုမှာ ကြည့်လိုက်ရင်ပေး တဲ့ ဘုန်းကြီး ကလည်း ဘာတွေပေးမှန်းမသိ သလို ကောက်တဲ့ လူတွေ ကလည်း ဘယ်လိုတွေနားလည် ကြမယ်မှန်းတော့ မသိပါဘူး။ သိတာ တစ်ခုကတော့ မိန်းမရဲ့နှုတ်ခမ်းကို လူတွေရေ့မှာ နမ်းလိုက်ရတယ်။ ပါးကို နမ်းလိုက်ရ တယ်။ ရင်ဘတ်ခြင်း ထိလိုက်ရတယ်။ ပေါင်ကို ပွတ်နေလို့ ရတယ် ငှက်ပျောသီး ခွံ့ကျွေးဖို့ အခွင့်အရေး ရတယ် ရည်းစား စကားလည်းပြော လိုက်ရသေးတယ်ဗျာ။ မိုက်တယ်နော် ကျွန်တော် စော်ကားတာ မဟုတ်ပါဘူး။ မြင်တာကို မြင်တဲ့အတိုင်း ပြောပြတာပါ။ တကယ် သာသနာ အကျိုးဆောင်ရွက်နေတဲ့ ကြည် ညိုဖွယ် ကောင်းတဲ့ ဘုန်းတော်ကြီးတွေ မြန်မာပြည် မှာအများကြီးပါ။ အခု ဒီဗီဒီယိုလေးက အဲဒီ ဆရာ တော်ကြီးတွေကို စော်ကား လိုက်သလို ဖြစ်သလို ဒါဟာ ဘယ်လိုမှ အဓိပါယ် မရှိတဲ့ လုပ်ရပ် ဖြစ် ပါတယ်။ ဒကာမ တွေကလည်း ချဲဂဏာန်းရမယ် အတိတ်ကောက် လို့ရမယ် ဆိုရင် ဘာကိုမှ မစဉ်းစားတော့ ပဲ အကုန်လုံးကို လျစ်လျူရှုထား သလို ဖြစ်တာပေါ့ဗျာ။ သင်္ကန်းစီး ထားတာကြောင့် သင်္ကန်းကိုတော့ ရှိခိုးကန်တော့ တောင်းပန်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးတွေကို အယုံလွယ်ပြီး နာက်ထပ် မြန်မာ မိန်းကလေး များယုံစားမိမှာ စိုးတဲ့အတွက် ပြီးရင်ဒီလို လုပ်စားနေသူတွေကို တွေ့ရင်လည်း အစစ်အမှန် ဟုတ်မဟုတ် ဆိုတာသေချာ လေ့လာပြီးမှ ယုံကြည်ကိုးကွယ် ကြပါလို့ သတိပေးတိုက်တွန်း လိုက်ပါတယ်။ (စော်ကားပြောဆိုခြင်း မဟုတ်ပါ)။

အမည်မသိ

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3