December 6, 2012

ရန်ကုန်မြို့၏ အရှက်ကင်းမဲ့ဇုန်လော

 
ဒီနေရာလေးကို ဖြတ်သွားတိုင်း တွေ့နေရတာကတော့ လမ်းမဘက်ကို ဦးလှည့် ထားတဲ့ စုံတွဲတွေ၊ ကန် ဘက် ကို မျက်နှာမူ ထားတဲ့ စုံတွဲတွေ အပြည့် ရှိနေ တတ်တဲ့ နေရာလေးပါပဲ။ ရန်ကုန် တက္ကသိုလ်ကြီး သာ ဒီနေရာမှာ အရင်လို ရှိလို့ကတော့ ဒီထက်ဆိုးတဲ့ မြင်ကွင်းတွေတောင် တွေ့နိုင်လေ မလားလို့ တွေးစရာ ပါ။ တစ်ခါက အတူသွားဖူးတဲ့ ဆရာ တစ်ယောက်က ဒီနေရာဟာ အရှက်ကင်းမဲ့ဇုန်ပဲ။ ဘယ်နေ့များ ငါ့သ မီးလေး ဒီရောက်နေမလဲ ဆိုတာ တွေးပူနေ ရတယ်လို့ ဆိုဖူးခဲ့ပါတယ်။ အဆိုးဆုံးကတော့ ထိုနေရာ ကို ကျောင်းသားအရွယ် ကလေးငယ်များပင် ရောက်ရှိနေကြခြင်းပင်။ ပြီးခဲ့သည့်နှစ် များကတော့ ဓာတ်ပုံ ရိုက်ပြီး ဂျာနယ်များတွင် ထည့်မည်။ မိဘများကို ခေါ်ယူ အသိပေးမည်ဟု လုပ်ခဲ့ ဖူးသည်။ သို့ပေမယ့် အရင် အတိုင်း မပြောင်းလဲသေးဘဲ ရှိနေတုန်းပင်။ ထိုသတင်းနှင့် ပတ်သက်၍ ဧရာဝတီတွင် တင်ထားသော သတင်းအား ထပ်ဆင့် ဖော်ပြလိုက်ပါသည်။ ဓာတ်ပုံများတွင် ကိုယ့်တူ၊ ကိုယ့်သား၊ ကိုယ့်သမီးများ ပါနေပါက နောင်တွင် ဆင်ခြင်နိုင်စေရန် ဆုံးမပါလေ။
 
ရန်ကုန်စုံတွဲများ ရောက်တတ်ကြ၊ ဆုံတွေ့တတ်ကြတဲ့ ရိုမန်တစ်ဆန်တဲ့ နေရာထဲမှာ အင်းလျားကန်လည်း  ပါပါတယ်။ ကန်ဘောင်ပေါ်မှာ ပူးကပ်ထိုင်ကြတဲ့ အတွဲတွေရဲ့ လုံခြုံရေးအကာ အကွယ်ကတော့  ဖွင့်ပြီး ခပ်အုပ်အုပ်ဆောင်းထား ကြတဲ့ ထီးတွေ ပါပဲ။ " ဒီနေရာမှာ ဒီထီးက အရမ်း အရေးပါတာပဲ " လို့ ၂၅ နှစ်အရွယ် ကိုမိုးဇော်က ပြောပါတယ်။ စုံတွဲတိုင်း ထီးလိုအပ်တာတော့ မဟုတ်ပါဘူး။ ချိန်းတွေ့ချိန် သီးခြားကမ္ဘာလေး ဖန်တီးလိုသူတွေ အတွက်တော့ အမှန်တကယ် လိုအပ်ပါတယ်။ ဒီအကြောင်း အင်းလျားကန်ဘောင်မှာ လမ်းလျှောက်ခဲ့သူ ဧရာဝတီ သတင်းထောက် လ၀ီဝမ်းကရေးထားပါတယ်။

မူရင်း သတင်းလင့်က  နှိပ်ပါ  ဖြစ်ပါတယ်။
 
 
ဒီလို ပန်းခြံဥယျာဉ်တွေမှာပဲ စုံတွေတွေ ကျက်စားတာ မဟုတ်ပါဘူး၊ ဘုရားတွေမှာလည်း ချိန်းကြ တွေ့ကြ ပါတယ်တဲ့။ ဘုရားရင်ပြင်မှာ ထိုင်ကြတဲ့ စုံတွဲတချို့က ကျောက်ချထိုင်ရင်း နမ်းကြပြုကြလို့ ထင်ပါရဲ့ ရန်ကုန်မြို့ ဘုရားပရ၀ုဏ်တွေမှာ စုံတွေမထိုင်ရ ဆိုတဲ့ ဆိုင်းဘုတ်များ ထင်ထင်ရှားရှား ချိတ်ဆွဲထား တတ်ကြပါတယ်။ ထိုင်ရုံတင်ပဲ ဆိုရင်တော့ ဒီလိုဆိုင်းဘုတ်မျိုး ပေါ်မလာဘူးလို့ ယူဆရပါတယ်။ ဟုတ်ပါတယ် ဘာသာရေးဆိုင်ရာ နယ်မြေတွေကတော့ စုံတွဲတို့ရဲ့ လွတ်မြောက်နယ်မြေ မဖြစ်သင့်ပါဘူး။ သူတို့ဘက်ကလည်း နေရာ အခက်အခဲ ရှိနေပါတယ်။ ရန်ကုန်မှာရှိတဲ့ ပန်းခြံ၊ ဥယျာဉ် အရေအတွက်က ရန်ကုန်စုံတွဲအင်အားနဲ့ မမျှ ဖြစ်နေပါတယ်။
 


ရန်ကုန်မြို့မှာ ချစ်သူစုံတွဲတွေ တွေ့ဆုံနိုင်ရေးအတွက်သာမက အများပြည်သူ လည်ပတ် အပန်းဖြေဖို့ ပန်းခြံဥယျာဉ် ပိုမို လိုအပ်နေတာကတော့ အမှန်ပါပဲ။ ဒီအကြောင်းက ရန်ကုန်တိုင်း လွှတ်တော် မှာ ဆွေးနွေးဖို့ လိုအပ်မယ်လို့ ယူဆပါတယ်။ ပန်းခြံ၊ ဥယျာဉ် အရေအတွက် တိုးချဲ့ဖို့ ကျပြီ ဆိုရင်တော့ စုံတွဲများအတွက် သတင်းကောင်းပေါ့။ ချစ်သူများ တွေ့ဆုံဖို့ ထီးလည်း လိုအပ်သလို ပန်းခြံတွေလည်း အရေးတကြီး လိုအပ်နေပြီလို့ ဆိုနိုင်ပါတယ်။
 
Opposite Eyes

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3