ဆူဒန်နိုင်ငံ ခါတွန်မြို့တော်အနီး အွမ်ဒူမန် အနောက်ဘက်မှာ ဆူဒန်စစ်လေယာဉ်တစ်စီး ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါ စီးနင်းလိုက်ပါလာသူ (၁၃) ဦး သေဆုံးကာ (၉) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆူနာသတင်းမှာ ဖော်ပြထားပါ တယ်။ အဆို ပါ လေယာဉ်ဟာ ခါတွန်မြို့တော်ကနေ အယ်ဖာရှားမြို့ကို သွားသော အန်တိုဖော့ (၁၂) လေယာဉ်ဖြစ်ပြီး လေယာဉ်မောင် (၆) ဦးနဲ့ အခြားစစ်တပ်မှ စစ်သည် (၁၆) ဦးတို့ လိုက်ပါသွားခဲ့တယ်လို့ ဆိုပါတယ်။ (၁၃) ဦးဟာ လေယာဉ်ပျက်ကျစဉ်မှာပင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ဆိုပြီး ဒဏ်ရာရရှိသူ (၉) ဦးကိုတော့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ လေယာဉ်ပျက်ကျမှုဟာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
0 comments:
Post a Comment