October 22, 2012

တေးစီးရီးသစ် မိတ်ဆက်


အညတရ သူရဲကောင်း တေးစီးရီး မိတ်ဆက်ပွဲကို အောက်တိုဘာ ၁၆ ရက် နံနက် ၁ဝ နာရီက ရန်ကုန်မြို့ ဗိုလ်ချုပ် အောင်ဆန်းလမ်းရှိ စင်ထရယ် ဟိုတယ်၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ အညတရ တေးစီး ရီး ဖြစ်မြောက်ရေး အတွက် တေးရေး၊ တေးဆို၊ တီးခတ်၊ စီစဉ် ဖန်တီးသူ ဆောင်းဦးလှိုင်က အညတရ သူရဲကောင်း တေးစီးရီးနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး အလင်းတန်း ဂျာနယ်မှ ဦးဝင်းငြိမ်းနှင့် လျှပ်တစ်ပြက် ဂျာနယ်မှ ဦးမြတ်ခိုင် တို့က အမှာစကား ပြောကြား ခဲ့သည်။ အညတရ သူရဲကောင်း တေးစီးရီးကို နိုဝင်ဘာ လဆန်းတွင် ချိုကြည်သာ တေးသံသွင်းမှ AUDIO CD အဖြစ် ဖြန့်ဝေ သွားမည် ဖြစ်သည်။ အမျိုးသမီး အဆိုရှင် ငါးဦး ဖြစ်သည့် ခိုင်ဇာသွေး၊ မီးနို၊ သီရိစံ၊ ပိုပိုနှင့် Orchid တို့ကို ပွဲထုတ်ထားပြီး ဆောင်းဦးလှိုင် ကိုယ်တိုင်လည်း ပါဝင် သီဆိုထားပြီး ကိုယ်ပိုင် သံစဉ်   သီချင်း သစ်များ ဖြစ်ကြောင်း သိရသည်။ အညတရ သူရဲကောင်း အခွေသည် ပရဟိတ လူမှုရေး အခွေဟု ဆိုသော်လည်း ပရိသတ် ကြိုက်နှစ်သက်မည့် အချစ် သီချင်းများ အပါအဝင် စုစုပေါင်း သီချင်း (၁၁) ပုဒ် ထည့်သွင်း ထားသည်။ ''ကျွန်တော်တို့ တိုင်းပြည်ရဲ့ နယ်ပယ် အသီးသီးမှာ ပြည်သူလူထု အကျိုးအတွက် ဆောင်ရွက်ပေး ခဲ့တဲ့ ပုဂ္ဂိုလ်တွေ အများအပြား ရှိပါတယ်။ အဲဒီ အထဲမှာ အချို့က ကျော်ကြားပြီး အချို့က မကျော်ကြား ကြဘူး။ အဲဒီလို ရုပ်ပိုင်းနှင့် စိတ်ပိုင်း ဆိုင်ရာ အားပေးမှု နည်းနေတဲ့ ပုဂ္ဂိုလ်များကို ဂုဏ်ပြုတဲ့ အနေနဲ့ အညတရ သူရဲကောင်းလို့ အမည်ပေး ထားတာပါ'' ဟု အဆိုတော် ဆောင်းဦးလှိုင်က တေး စီးရီးနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား ခဲ့ကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3