October 22, 2012

ဓာတ်ခွဲခန်းသုံးပစ္စည်းများ JICA ထောက်ပံ့ပေးအပ်


ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က မြန်မာနိုင်ငံ၏ ငှက်ဖျားနှင့် တီဘီရောဂါ တိုက်ဖျက်ရေး လုပ်ငန်း များတွင် အသုံးပြုရန် ဒေါ်လာ တစ်သိန်းခန့် တန်ဖိုးရှိသော ဓါတ်ခွဲခန်း သုံး ပစ္စည်းသုံးမျိုးကို ထောက်ပံ့ ခဲ့ကြောင်း ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်)မှ ခေတ္တ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာမျိုးခင် က ပြောကြားသည်။ ယင်း ဓာတ်ခွဲခန်းသုံး ပစ္စည်း များကို ဆေးသုတေသန ဦးစီးဌာန ၊ ကျန်းမာရေးဦးစီးဌာန ရောဂါနှိမ်နှင်းရေး စီမံချက် ၊ ဆေးသိပ္ပံပညာ ဦးစီးဌာန ဘွဲ့လွန်နှင့် ပါရဂူ သင်တန်းများအတွက် အသုံးပြုရန် ပံ့ပိုးပေးခဲ့ကြောင်း အောက် တိုဘာလ ၊ ၃ ရက်နေ့က ကျင်းပသော ဓာတ်ခွဲခန်းသုံးပစ္စည်းများလွှဲပြောင်း လက်ခံခြင်း အခမ်းအနား တွင် JICA (မြန်မာ) ရုံး၏ ဌာနေကိုယ်စားလှယ် Mr.Masahiko Tanaka က ပြောကြားသည်။ ၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံတွင် ဌက်ဖျားရောဂါ ခံစားရသူ ဦးရေ လေးသိန်း နှစ်သောင်း တစ်ထောင် ရှိသည့်အနက် ငါးရာ့ ခြောက်ဆယ် လေးဦး သေဆုံးခဲ့ပြီး ၊ ယခုအချိန်ထိ ဌက်ဖျားရောဂါ သည် ဖြစ်ပွားမှု အများဆုံး ရောဂါတစ်ခု အဖြစ် ကျန်ရှိသေးနေကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3