ဆီးဂိမ်း ပြိုင်ပွဲဝင်မည့် ယူ-၂၃ အသင်း ပြိုင်ပွဲမတိုင်ခင် ကြံ့ခိုင်မှု ၁၀၀
ရာခိုင်နှုန်းရရှိအောင် ဆောင်ရွက် မည်ဟု နည်းပြချုပ်ပတ်ဆောင်
ဟွာကထုတ်ဖော်ပြောကြားသည်။ ယူ-၂၃ အသင်းကစားသ မားအများစု၏ ကြံ့ခိုင်မှုနှုန်းမှာ လက်ရှိတွင် ၅၀
ရာခိုင်နှုန်းသာ ရှိနေသည်ဟု မီဒီယာများကို ပြောကြားထားပြီး
မာဒေးကားပြိုင်ပွဲ အပြီး ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိချိန်တွင်
ကြံ့ခိုင်မှု ၈၀ ရာ ခိုင်နှုန်းရရှိအောင် လေ့ကျင့်သင် ကြားပေးသွားမည်ဖြစ်ကာ
အောက် တိုဘာလအတွင်း ကိုရီးယားနှင့် ဂျ ပန်နိုင်ငံတို့တွင် လေ့ကျင့်ရေးကာ လ
သုံးပတ်အတွင်းကြံ့ခိုင်မှု ဆယ် ရာခိုင်နှုန်းနှင့် ပြိုင်ပွဲ မတိုင်မီ
ဆယ်ရာခိုင်နှုန်း စုစုပေါင်းရာနှုန်းပြည့် ကြံ့ခိုင်မှုရရှိအောင် ဆောင်ရွက်
သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ နည်း ပြချုပ် ပတ်ဆောင်ဟွာက ''ကြံ့ ခိုင်မှုက
အချိန်အတိုအတွင်း ချက် ချင်းလုပ်ယူလို့ ရတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့
ကျန်ရှိနေတဲ့ သုံးလအတွင်း ကြံ့ခိုင်မှုနဲ့ အသင်း လိုက်စုစည်းမှု ကောင်း အောင်
လုပ်သွားမယ်''ဟု ပြောသည်။ ထို့အပြင်လက်ရွေးစင် အ သင်းနည်းပြချုပ် ဦးဆန်းဝင်းက မြန်မာ ယူ-၂၃
အသင်းအနေဖြင့် ဆီးဂိမ်း၌ ရွှေတံဆိပ် ကျိန်းသေပေါက် ရရှိနိုင်ကြောင်းကို
ယူ-၂၃ အသင်းနှင့် ခြေစမ်းပွဲ ကစားပြီးချိန်တွင် ယင်း၏ အမြင်ကို သုံးသပ်
ပြောကြားခဲ့သည်။
''ဆီးဂိမ်းပြိုင်ပွဲဆိုတာ အရှေ့တောင်အာရှ အသင်းတွေပဲ ပြိုင်တဲ့
ပြိုင်ပွဲဖြစ်ပါတယ်။ ဒါကြောင့် ကစားသမား တွေအနေ နဲ့ ကြောက်လန့်နေစရာ
မရှိပါဘူး။ စုစုစည်းစည်းနဲ့ ဆီးဂိမ်းမှာ ရွှေရရမယ်ဆိုတဲ့ သန္နိဋ္ဌာန်ချ ထားပြီး
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ ကစားရင် ရွှေ့မရစရာ အကြောင်း
မရှိပါဘူး''ဟု ပြောသည်။ ယင်းအပြင် ဘောလုံးအား ကစားနည်း ကျွမ်းကျင်သူများက မြန်မာ ယူ-၂၃အသင်း
ဆီးဂိမ်း ပြိုင်ပွဲမှာ အောင်မြင်မှု ရရှိလိုပါ က အသင်းအနေဖြင့် မိနစ် ၉၀ အ
ထိ ကြံ့ခိုင်မှုအပြည့်ဖြင့် ကစားနိုင်ရန် လိုအပ်သည် ဟုဆိုသည်။
''ကမ္ဘာကျော် ဘောလုံးအ သင်းတွေ၊ ကလပ်တွေကိုလေ့လာ ကြည့်ရင် သိနိုင်ပါတယ်။
ဥပမာ- မန်ယူ အသင်းဆိုရင် တစ်ဦးချင်း စွမ်းရည်ကောင်းတဲ့ ကစားသမား တွေ
အများကြီးမပါဝင်ပေမယ့် အသင်းလိုက် စုစုစည်းစည်း၊ စိတ် ဓာတ်ကောင်းကောင်းနဲ့
ကစား နိုင်တဲ့အခါ သူတို့လိုချင်တဲ့ ပန်း တိုင်ရောက်အောင် သွားနိုင်တယ်။
ဒါကြောင့် ယူ-၂၃ အသင်းအနေ နဲ့ ဆီးဂိမ်းမှာ ရွှေရချင်တယ်ဆို ရင် မိနစ် ၉၀
ကြံ့ခိုင်မှု အပြည့်၊ စိတ်ဓာတ် ကောင်းကောင်းနဲ့ က စားရင် ရွှေရရှိမှာပါ''ဟု
ဝါရင့် နည်းပြ/ အုပ်ချုပ်သူဟောင်း ဦးခင် မောင်ကြိုင်အပါအဝင် ပြည်တွင်း
နည်းပြအများစုက ယူ-၂၃ အ သင်းအပေါ် သုံးသပ်ကြသည်။
ညီသစ်လူ
0 comments:
Post a Comment