October 22, 2012

ရုရှား Pantsyr တာတိုပစ်ဒုံးပျံများ စမ်းသပ်ပစ်ခတ်


ရုရှားတပ်ဖွဲ့များ အနေဖြင့် ခရုဇ် ဒုံးပျံများအား ကြားဖြတ် တိုက်ခိုက်သည့် Pantsyr တာ တိုပစ် လေကြောင်းရန် ကာကွယ်ရေး စနစ်အား ရုရှားနိုင်ငံ မြောက်ပိုင်း၌ ကျည်စစ် ကျည်မှန်များဖြင့် စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီး ဌာနမှ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ပြောကြား ခဲ့ပါသည်။ သတ်မှတ် ထားသည့် အကွာ အဝေးမှ ပစ်ခတ်လိုက်သော ခရုဇ်ဒုံးပျံ အစစ်အမှန် များအား ပထမဆုံး အကြိမ် Pantsyr တာတိုပစ် ဒုံးကျည်များဖြင့် စမ်းသပ် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန သတင်း အရင်းအမြစ် တစ်ခုက ပြောကြား ခဲ့ပါသည်။ အဆိုပါ လေကြောင်းရန် ကာကွယ်ရေး စနစ်အား ယခင်က ပစ်မှတ် အတုအယောင် များဖြင့်သာ စမ်းသပ် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပါသည်။ ခရုဇ် ဒုံးပျံများသည် သေးငယ်၍ အလွန် လျင်မြန်ပြီး ရေဒါ ဖမ်းယူနိုင်မှု နည်းပါးသည့် အတွက် ခက်ခဲသော ပစ်မှတ် တစ်ခုပင် ဖြစ်ကြောင်း သိရှိ ရပါသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3