skip to main |
skip to sidebar

12:54 AM

ကျော်စွာစစ်သူ
No comments
စစ်ဖြစ်ပွားမည့်လက္ခဏာများ
ပိုထင်ရှားလာသဖြင့် ကမ္ဘာ့စတော့ဈေးကွက်မှာ ထိုးဆင်းသွားပြီး၊
ရေ နံ ဈေးနှုန်းများမှာ ခြောက်လအတွင်း အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။ ပြင်သစ်သမ္မတ ဟော်လန်ဒီ က ပြင်သစ်နိုင်ငံအနေဖြင့် ဆီးရီးယား လက်နက်ကိုင် သူပုန်အဖွဲ့ဖြစ်သည့် ဆီးရီးယား အမျိုးသားညွန့်ပေါင်း
အဖွဲ့အား စစ်ရေးအကူအညီများ တိုးမြှင့်ပေးအပ်သွားမည်ဖြစ်ပြီး ကြာသပတေးနေ့တွင် ထိုအဖွဲ့ ၏ခေါင်းဆောင်ဖြစ်သူ အာမက်အယ်လ်ဂျားဘားနှင့် တွေ့ဆုံ ဆွေးနွေးသွားမည် ဟုဆိုခဲ့ကြောင်း သြဂုတ် ၂၈ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။
ဗြိတိန်နိုင်ငံကလည်း ၎င်းတို့၏ တပ်ဖွဲ့များသည် ဆီးရီးယားအရေးနှင့် ပတ်သက်၍
အရေးပေါ်စီမံကိန်းများ ရေးဆွဲနေကြောင်း ပြောကြားခဲ့ပြီး၊ ဆီးရီးယားအရေး
ဆွေးနွေးရန်အတွက် ၀န်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) က၊
ခေတ္တရပ်နားထားသည့် ဗြိတိန် လွှတ်တော်အား ပြန်လည် ခေါ်ယူခဲ့သည်။ သို့ရာတွင် ဗြိတိန်အနေဖြင့် အာဆတ်ကိုဖြုတ်ချရန် ကြိုးစားနေခြင်းမဟုတ်ဟု ဗြိတိန် ဒုတိယ၀န်ကြီးချုပ် Nick Clegg က ဆိုသည်။ တူရကီ နိုင်ငံခြားရေးဝန်ကြီး အာမက် ဒက်ဗူတိုဂလူ (Ahmet Davutoglu) က လည်း၊ သံသယရှိရသည့် ဓာတုဗေဒ တိုက်ခိုက်မှုမှာ လူသားချင်းစာ နာမှုကို ဖောက်ဖျက်ကျူးလွန်သည့် ရာဇ၀တ်မှုတစ်ခု ဖြစ်သဖြင့် အပြစ်မပေး၍မရဟု ဆိုခဲ့သည်။
ဓာတုလက်နက်များ အသုံးပြုခဲ့သည်ဟု စွပ်စွဲခြင်းခံထားရသည့် ဆီးရီးယား
အစိုးရအား အမေရိကန်တပ်ဖွဲ့ များက တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီဟု
အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။ မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို အံ့အားသင့်ဖွယ်ရာ စီမံဆောင်ရွက်ချက်များဖြင့် ခုခံသွားမည်ဖြစ်ကြောင်း သန်္နိဋ္ဌာန်ချထားသည်ဟု ဆီးရီးယားအစိုးရက ဆိုသည်။ ဆီးရီးယား၏ မဟာမိတ်ရုရှနှင့် အီရန်တို့ကမူ အကယ်၍ ဆီးရီးယားကို
စစ်အင်အားသုံး တိုက်ခိုက်ပါက ဒေသတွင်းတွင် ဆိုးရွားသည့် အကျိုးဆက်များ
ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့သည်။ စစ်ဖြစ်ပွားတော့မည့် နိမိတ်လက္ခဏာများ ပိုထင်ရှားလာသဖြင့် ကမ္ဘာ့စတော့ ဈေးကွက်မှာ ထိုးဆင်းသွားပြီး၊ ကမ္ဘာ့ရေနံဈေးနှုန်း များမှာ ခြောက်လအတွင်း အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။
အမေရိကန်သမ္မတ ဘားရက်အိုဘားမား အမိန့်ပေးလာပါက အသင့်ဖြစ်နေစေရန် အမေရိကန်
စစ်ဘက် အနေဖြင့် ပြင်ဆင်ထားသည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး ချက်ဟက်ဂယ်လ်
(Chuck Hagel) က ဘရူနိုင်းနိုင်ငံတွင် ပြောကြားခဲ့သည်။ “ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်။ သမ္မတက ဘယ်လိုနည်းလမ်းကို ရွေးချယ် ရွေးချယ်၊ အကောင် အထည်ဖော်နိုင်စွမ်းရှိဖို့အတွက်
ကျွန်တော်တို့အနေနဲ့ လက်နက်ကိရိယာတွေနဲ့ တပ်တွေကို လိုအပ်တဲ့ နေရာတွေကို
ရွှေ့ပြောင်းထားပါတယ်” ဟု သူက ဆိုသည်။ ဒုံးကျည်များ သို့မဟုတ် ဗုံးကြဲလေယာဉ်များဖြင့် အမေရိကန်က တိုက်ခိုက်ဖွယ်ရှိသည့် စစ်ဆင်မှုမှာအလွန် ဆုံး နှစ်ရက်ခန့်သာကြာမြင့် မည်ဟု ခန့်မှန်းထားကြောင်းနှင့် ဆီးရီးယား၏ ဓာတုဗေဒ လက်နက်ခဲယမ်း တိုက်ကို
တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်သွားမည်မဟုတ်ဘဲ တခြား စစ်ဘက်ဆိုင်ရာ
ပစ်မှတ်များကိုသာ တိုက်ခိုက်သွားမည် ဖြစ်ကြောင်း အမေရိကန် အစိုးရအကြီးတန်း
အရာရှိများကို ကိုးကား၍ ၀ါရှင်တန်ပို့စ် သတင်းစာတွင် ရေးသားဖော်ပြထားသည်။
ဓာတုဗေဒလက်နက် အသုံးပြုခဲ့သည်ဟု စွပ်စွဲခြင်းခံထားရသည့် ဆီးရီးယားအား အပြစ်ပေးသွား ရန်အသင့် ဖြစ်နေပြီဟု ပဲရစ်မြို့ရှိ ပြင်သစ်သမ္မတ ဟော်လန်ဒီကလည်း ဆိုခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း က ဆီးရီးယားအစိုးရသည် ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့အနီး ဆင်ခြေဖုံးဒေသ များတွင် ဓာတုဗေဒ လက်နက်များသုံး၍ တိုက်ခိုက်ခဲ့သောကြောင့်
လူရာပေါင်းများစွာ သေဆုံးခဲ့သည်ဟု ဆီးရီးယား အတိုက် အခံများက
စွပ်စွဲထားကြသည်။ ဆီးရီးယားသမ္မတ အာဆတ်၏ အစိုးရအဖွဲ့ကမူ ထိုစွပ်စွဲချက်ကို ပြင်းပြင်းထန်ထန် ငြင်းဆန်ထားပြီး၊ သူပုန် များကသာ ဓာတုဗေဒလက်နက်များ သုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။
Mizzima - News in Burmese
0 comments:
Post a Comment