
ဗြိတိန် အဆိုတော် အက်ဒလီသည် သူမ၏ ရင်သွေးလေးကို အောက်တိုဘာ ၁၉ ရက်ညက မွေးဖွား လိုက်ပြီ ဖြစ်ကြောင်း Daily Mail သတင်းစာ၏ ဖော်ပြချက် အရ သိရသည်။ The Rolling in the Deep တေး သီချင်းဖြင့် ကျော်ကြား လာခဲ့သည့် အက်ဒလီနှင့် သူမ၏ ချစ်သူ ဆိုင်မွန် ကိုနက်ကီ တို့သည် ၎င်း တို့ နှစ်ဦး၏ ပထမဆုံး သားဦးလေးကို မွေးဖွားနိုင်ခဲ့ သည့် အတွက် အလွန် ပျော်ရွှင်လျက် ရှိကြောင်း ၎င်းတို့နှင့် ရင်းနှီးသူ တစ်ဦးက Daily Mail သတင်းစာသို့ ပြောကြား ခဲ့သည်။ အက်ဒလီ ရင်သွေးလေး မွေးဖွားခြင်းနှင့် ပတ်သက်၍ မိမိတို့ အနုပညာ အေဂျင်စီက မည်သည့် အရာကိုမျှ ဖွင့်ဟ ပြောကြားထားခြင်း မရှိကြောင်း အက်ဒ လီ၏ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။ အက်ဒလီနှင့် ကိုနက်ကီ တို့သည် ချစ်သူ သက်တမ်း တစ်နှစ်ကျော် ကြာမြင့်နေပြီ ဖြစ်ပြီး အက်ဒလီက သူမတွင် ရင်သွေးလေး လွယ်ထား ရပြီ ဖြစ်ကြောင်း သူမ၏ ဝက်ဘ်ဆိုက်တွင် ဇွန်လက တရားဝင် ထုတ်ဖော် ပြောကြား ခဲ့သည်။
8:40 PM
ကျော်စွာစစ်သူ
Posted in:






0 comments:
Post a Comment