skip to main |
skip to sidebar

1:23 AM

ကျော်စွာစစ်သူ
No comments

ချဲလ်ဆီး
အသင်းသည် အန်ဇီနှင့် ဘရာဇီး ကွင်းလယ်လူ ၀ီလျံကို ပေါင် ၃၂ သန်းဖြင့်
ခေါ်ယူလိုက်ပြီး အဆိုပါ ကစားသမားမှာ အလုပ်ပါမစ် ရရှိသွားခဲ့ပြီ ဖြစ်သည်။ ရှက်တာဒိုးနက် ကစားသမားဟောင်း ၀ီလျံသည် ချဲလ်ဆီး အသင်း နှင့် ၅ နှစ်
စာချုပ် ချုပ်ဆိုခဲ့သည်။ ၀ီလျံသည် စပါး အသင်းနှင့် အပြောင်းအရွှေ့ ဖြစ်ရန်
နီးစပ်နေပြီး ဆေးစစ်မှုပင် ခံယူခဲ့ပြီး ဖြစ်သော်လည်း နောက်ပိုင်းတွင်
ချဲလ်ဆီး အသင်းသို့ ရောက်ရှိလာခဲ့သည်။ ၀ီလျံသည် ချဲလ်ဆီး အသင်းတွင်
ကျောနံပါတ် ၂၂ ဂျာစီကို ၀တ်ဆင်မည် ဖြစ်သည်။ ယူကရိန်း ကလပ်
ရှက်တာဒိုးနက်တွင် ကစားခဲ့သည့် ၀ီလျံက ချဲလ်ဆီး အသင်းသို့ ရောက်လာ၍ အလွန်
ပျော်ရွှင်သလို ယင်းမှာ မိမိအတွက် ကာလရှည် မျှော်လင့် ခဲ့ရသည့် အိပ်မက်ပင်
ဖြစ်ကြောင်း၊ ချဲလ်ဆီးမှာ ကမ္ဘာ့အကောင်းဆုံး အသင်းများထဲမှ တစ်ခု ဖြစ်နေပြီး
ယခုတွင် မိမိမှာ ကမ္ဘာ့အကောင်းဆုံး နည်းပြများ အနက်မှ တစ်ဦး၏ လက်အောက်မှာ
ကစားခွင့်ရမည် ဖြစ်၍ ကျေနပ် ပျော်ရွှင်ကြောင်း ပြောကြားခဲ့သည်။ ၀ီလျံသည် သောကြာနေ့ ဘိုင်ယန်နှင့် ကစားမည့် ဥရောပ စူပါဖလား ပွဲစဉ်တွင်
ချဲလ်ဆီး အသင်း အတွက် ပါဝင်ဦးမည် မဟုတ်ဘဲ နိုင်ငံပွဲစဉ် ကာလများအပြီး
ပြန်လည် စတင်မည့် စက်တင်ဘာ ၁၄ ရက်နေ့ အဲဗာတန် အသင်းနှင့် အဝေးကွင်း
ပရီးမီးယားလိဂ် ပွဲစဉ်မှသာ ချဲလ်ဆီး အသင်း အတွက် ပထမဆုံး ပါဝင် ကစားမည်
ဖြစ်သည်။ ချဲလ်ဆီး နည်းပြ မော်ရင်ဟိုက ၀ီလျံအနေဖြင့် လန်ဒန်ကလပ် အသင်း ၂ ခု
ဖြစ်သည့် ချဲလ်ဆီးနှင့် စပါး အနက် ချဲလ်ဆီး အသင်းကို ရွေးချယ်ခြင်းမှာ သူ၏
ကိုယ်ပိုင် ဆန္ဒကြောင့် ဖြစ်ကြောင်း ဆိုသည်။
0 comments:
Post a Comment