October 22, 2012

The Voice အမှုကို အောက်တိုဘာလ ၂၆ ရက်နေ့ကို ပြန်လည်ချိန်းဆို



ဒီကနေ့ မနက်က ရန်ကုန်မြို့၊ ဒဂုံမြို့နယ် တရားရုံးမှာ သတ္တုတွင်း ဝန်ကြီးဌာနနဲ့ The Voice ဂျာနယ်တို့ အကြားမှာ ဖြစ်ပွားနေတဲ့ အမှုကို  ဒဂုံမြို့နယ် တရားရုံးက စစ်ဆေးကြားနာဖို့အတွက် ရုံးချိန်း ဆင့်ခေါ်ခဲ့ရာမှာ အဆိုပါ အမှုကို ခရိုင်ရုံးမှ စစ်ဆေးဆဲ ဖြစ်နေတာကြောင့် ကြားနာစစ်ဆေးမှုများ မပြုလုပ်ခဲ့ဘဲ အောက်တိုဘာ ၂၆ ရက်နေ့မှာ ရုံးချိန်း ထပ်မံခေါ်ယူခဲ့တယ်လို့ ပြောပါတယ်။ အဆိုပါ အမှုအား ရုံးချိန်းများနဲ့ ပတ်သက်ပြီး The Voice Journal ကအယ်ဒီတာချုပ် ဦးကျော်မင်းဆွေက “ဒီရုံးချိန်းကိစ္စအတွက် လာလာနေရတာ ကျွန်တော့်အတွက် တော်တော်ကို နစ်နာတယ် ကျွန်တော်တို့က သတင်းလုပ်ငန်းတွေ လုပ်နေတော့ ပိုပြီး ဆိုးတာပေါ့ဗျာ၊ အချိန်လဲ ကုန်တယ်၊ အလုပ်လဲရှုပ်တယ်ဗျ တကယ်ဆိုရင် ကျွန်တော်က ဘယ်သူ့ကိုမှ နစ်နာစေလိုတဲ့ သဘောနဲ့ ရေးခဲ့တာလဲ မဟုတ်ဘူး အခုတော့ တစ်ဖက်က သူတို့အတွက် နစ်နာတယ်ဆိုပြီး တရားစွဲဆိုတော့ ဒါက ရှင်းရှင်းပြောရရင် တစ်ဖက်နဲ့တစ်ဖက် ပဋိပက္ခ သဘောဆောင်သွားပြီ ကျွန်တော် ဖြစ်စေချင်တာက တကယ် သူတို့ နစ်နာတယ်ဆိုရင်လဲ နှစ်ဦးနှစ်ဖက် တွေ့ဆုံပြီး သေသေချာချာ ညှိနှိုင်းပြီး လုပ်ရင် ဒီကိစ္စက ပြီးသွားနိုင်ပါတယ် အခုတော့ သူတို့ရော ကျွန်တော်ရော အလုပ်တွေပျက် အချိန်တွေကုန် ဖြစ်နေတာပေါ့” လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီလိုဘဲ The Voice အကျိုးဆောင် ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးဝင်းရွှေကလည်း “ဒီအမှုကို ခရိုင်ရုံးက လက်ခံစစ်ဆေးမှာ ဖြစ်တဲ့အတွက် မြို့နယ်ရုံးမှာရှိတဲ့ သူနဲ့ သက်ဆိုင်တဲ့ အမှုတွဲကို ခရိုင်ကို လွှဲထားတာကြောင့် မြို့နယ်တရားရုံးက ကြားနာ စစ်ဆေးမှု မလုပ်ဘဲ ရုံးချိန်းပဲ ပေးတာပါ။ အမှုကြားနာ စစ်ဆေးမှု မပြုပေမယ့် တရားလိုရော တရားပြိုင်ရောက ရုံးချိန်းလာကြရမှာပါ။ ဒါက တရားရုံး လုပ်ထုံးလုပ်နည်းတွေကြောင့်ပါ။ ခရိုင်ရုံးက ဒီအမှု အမိန့်မချမချင်း မြို့နယ်ရုံးက စစ်မှာ မဟုတ်ဘဲ ရုံးချိန်းပဲ ပေးနေမှာ ဖြစ်တယ်” လို့ ပြောပြခဲ့ပါတယ်။ ဒါကြောင့်မို့ အဆိုပါ အမှုကို စစ်ဆေးနိုင်ရန်အတွက် လာမည့် အောက်တိုဘာလ ၂၆ ရက်နေ့မှာ အနောက်ပိုင်းခရိုင် တရားရုံးတွင် အဆိုပါအမှုနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးက လျောက်လဲချက် ပေးကြမည်ဖြစ်ပြီး ဒဂုံမြို့နယ် တရားရုံးကလည်း အဆိုပါ အောက်တိုဘာလ ၂၆ ရက်နေ့မှာ ရုံးချိန်း ခေါ်ယူထားတယ်လို့ သိရပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3