
ပါကစ္စတန် နိုင်ငံတွင် ပြီးခဲ့သော ရက်သတ္တပတ် ၅ ပတ်အတွင်း မုတ်သုံရေ ကြီးမှုကြောင့် လူ ၄၅၅ ဦး သေဆုံးခဲ့ပြီး ၅ သန်းထက်မနည်း ရေဘေးဒုက္ခ ခံစား ခဲ့ရကြောင်း အစိုးရ၏ ဘေးအန္တရာယ် ကယ်ဆယ်ရေး ဌာနမှ နောက်ဆုံး ထုတ်ပြန်ခဲ့သော ကိန်းဂဏန်း များအရ သိရှိ ရပါသည်။ ပြီးခဲ့သော ၂ နှစ်အတွင်း ရေကြီးမှု အန္တရာယ်ကို ဆိုးရွားစွာ ခံစား ခဲ့ရပြီး ၂ဝ၁ဝ ပြည့်နှစ်တွင် ဖြစ်ပွား ခဲ့သော နိုင်ငံဖြတ်ကျော် ရေကြီးမှုကြောင့် လူ ၁,၈ဝဝ ဦး သေဆုံးခဲ့ပြီး လူဦးရေ ၂၁ သန်း ရေဘေးဒုက္ခ ခံစား ခဲ့ရမှုသည် နိုင်ငံ သမိုင်းတွင် အဆိုးရွားဆုံး ဖြစ်ကြောင်း သိရှိ ရပါသည်။ ၎င်းကာလ အတွင်း ဆင်းပြည်နယ်တွင် နောက်ဆုံး ရေကြီးမှု ဖြစ်ပွားခဲ့ရာ လူဦးရေ ၃ သန်းခန့် ရေဘေးဒုက္ခ ခံစား ခဲ့ရပြီး ပန်ဂျပ် ပြည်နယ်တွင် ၈၉ဝ,ဝဝဝ ဦးခန့်နှင့် ဘလူချီစတန် ပြည်နယ်တွင် လူဦးရေ ၁ သန်း နီးပါးခန့် ရေဘေးဒုက္ခ ခံစား ခဲ့ရကြောင်း အမျိုးသားရေး ဆိုင်ရာ ဘေးအန္တရာယ် စီမံ ခန့်ခွဲမှု အဖွဲ့မှ ပြောကြား ခဲ့ပါသည်။
0 comments:
Post a Comment