အိန်အိန်းက မင်းနဲ့တို့ ချစ်တာ ဆိုပြီး ဒီလို သီချင်းလေးတစ်ပုဒ်ကို ဆိုပြီး တင်လိုက်တယ်။ သီချင်းလဲ ပျက်၊ လူတွေလဲ ရှက်၊ ယဉ်ကျေးမှုတွေတော့ ခက်ပါပြီဆိုပေမယ့် ခွင့်ပြုခဲ့ပါတယ်။ နောက်တစ်ခါ ယုန်လေးရဲ့ သီချင်းခွေ။ အတည်လား နောက်တာလား ဆိုပေမည့် လူအများကတော့ လက်မခံ ခဲ့ကြပြန်ပါဘူး။ ဒါရိုက်တာရဲ့ ဗီဒီယိုဖိုင်။ မော်ဒယ်ဆိုတာ ဖော်ဟယ်ဆိုပြီး ခိုင်းစေဖို့များလား ထင်ရမတတ်။

နာမည်ကျော်မင်းသမီး သက်မွန်မြင့်က နမ်းရမည့် ဇာတ်ဝင်ခန်းကို ရိုက်ကူးရန် ငြင်းဆန်သောကြောင့် ဇာတ်လမ်းကောင်းသည့် ရုပ်ရှင်တကားကို လက်လွှတ် လိုက်လိုက်ရမည့် အခြေအနေဖြစ်နေသည် ဟု အလင်းတန်း ဂျာနယ်သို့ ပြောပြသည်။ ကျွန်မကနှင်းဆီ ပါမောင် အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးမည့် ဒါရိုက်တာဝိုင်းက အဆိုပါ ဇာတ်ဝင် ခန်းက အရေးကြီးသည့် ဇာတ်ဝင်ခန်းဖြစ်သောကြောင့် “မဖြုတ်ပေး နိုင်ဘူး” ဟု မှတ်ချက်ပြုထားကြောင်း သက်မွန်မြင့် က ပြောသည်။ တနင်္လာနေ့ထုတ် အလင်းတန်း ဂျာနယ်တွင် ယင်းသို့ ပြော ဆိုလိုက်ခြင်း ဖြစ် သည်။ “သက်မွန်ရဲ့ ပရိသတ်တွေကလည်း အဲဒါမျိုးတော့ လက်မခံဘူး ထင်ပါတယ်။ နောက် ထားသခင်ရဲ့ စရိုက်ကလည်း ဒါမျိုး မဟုတ်ဘူး ထင်ပါတယ်” ဟု သက်မွန်မြင့်က အလင်းတန်းဂျာနယ်ကို ရှင်းပြသည်။ ယခင်ကလည်း ဒါရိုက်တာဝိုင်း ရိုက်ကူးခဲ့သည့် ဇာတ်ကားတခုနှင့် ပတ်သက်ပြီး သူ၏ ပရိသတ်က ငြိုငြင်ခဲ့ဖူးသည်ဟု မင်းသမီးက ဆိုသည်။ “Sexy Dance ကခိုင်းတာ။ မလုပ်လို့ မရဘူး ဆိုလို့ ရိုက်ခဲ့တယ်။ ပရိသတ်တွေက သူ့ကို မပြောဘူး။ သက်မွန်ကိုပဲ ၀ိုင်းပြီး ပြောကြတာလေ” ဟု မင်းသမီးက ပြောသည်။ ဒါရိုက်တာဝိုင်းနှင့် ရိုက်ကူးသည့် ဇာတ်ကား တိုင်း အောင်မြင်ခဲ့ကြောင်း၊ ပုဂ္ဂိုလ်ရေးအရ ပြဿနာ မရှိကြောင်း၊ ဒါရိုက်တာကို ဆရာလုပ်ခြင်းလည်း မဟုတ်ကြောင်း မင်းသမီး သက်မွန်မြင့်က ပြောသည်။ ချင်းတိုင်း ရင်းသူတဦးဖြစ်သည့် မင်းသမီးချော သက်မွန်မြင့်သည် ဒါရိုက်တာဝိုင်း ရိုက်ကူးသည့် “အာဒမ် ရယ် ၊ ဧ၀ ရယ်၊ ဒသရယ်” နာမည်ကျော် ဇာတ်ကားဖြင့် အကယ်ဒမီ သက်မွန်မြင့် ဖြစ်လာခဲ့သည်။
0 comments:
Post a Comment