ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်း လမ်းဘေး အုတ်နံရံများ၊
အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် ဆေးရောင်စုံများ အသုံးပြု၍
ရုပ်ပုံစာသားများ ရေးဆွဲနေခြင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရ အရေးယူတော့မည်ဖြစ်ကြောင်း သက်ဆိုင်ရာ က ယနေ့ ထုတ်ပြန်ကြေညာသည်။ အဆိုပါ ရုပ်ပုံပန်းချီကား များကြောင့် ပြည်သူများ၏
စိတ်ညိုညင်မှု ဖြစ်ပေါ်နေပြီး ယင်းသို့ စည်းကမ်းမဲ့မှု များအား ကာကွယ်ရန်
ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ကြေငြာချက် တွင်ဖော်ပြပါရှိသည်။ အလားတူ "ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက် မရရှိဘဲ
ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ အများပြည်သူများနှင့်
သက်ဆိုင်သော အဆောက် အအုံများနှင့် ယင်းတို့၏ အစိတ်အပိုင်းများ၊
လမ်းတံတားများ၊ စာသင်ကျောင်းများ၊ ပန်းခြံနှင့် အားကစား ကွင်းများနှင့်
ယင်းတို့၏ အစိတ်အပိုင်းများတွင် လည်းကောင်း၊ အခြား အဆောက်အအုံနှင့် ယင်းတို့၏
အစိတ်အပိုင်း တွင်လည်းကောင်း ဆေးရောင်စုံများကို အသုံးပြု၍ အများပြည်သူ၏
မြင်ကွင်း တွင် ဆေးခြယ်ခြင်း၊ စာလုံးများ ရေးသားခြင်းနှင့်
ရုပ်ပုံများမည်သူမျှ ရေးဆွဲခြင်းမပြုရ" ဟု ဖော်ပြထားသည်။ ယနေ့ထုတ်နိုင်ငံပိုင် သတင်းစာများတွင် ကြေညာချက် ထွက်ရှိလာခြင်းနှင့် ပတ်သက်၍
သမ္မတ ဦးသိန်းစိန်နှင့် အိုဘားမားပုံများကို Graffiti ရေးဆွဲခဲ့သူ ကိုအာကာက
"အရင်ကတော့ ဥပဒေ သေချာ မရှိခဲ့ဘူးဆိုတော့ ပြဿနာမရှိဘူး။ ခုတော့
ဒီကြေညာချက် ထွက်လာတော့ ကျွန်တော်တို့အတွက် စဉ်းစား ရတာပေါ့။
ကျွန်တော် တို့ကိုလည်း နေရာတစ်ခုလောက် လုပ်ပေးနိုင်ရင် ကောင်းမယ်။
နိုင်ငံတကာ မှာဆိုရင်တော့ ကြော်ငြာကုမ္ပဏီတွေ ဘာတွေနဲ့
အာဏာပိုင်တွေကို ပေါင်းပြီး လုပ်ပေးတာမျိုး ရှိတာပေါ့။ ကိစ္စတော့ မရှိပါဘူး။
ဒီလိုထွက်လာတော့လည်း ကျွန်တော်တို့အတွက် စဉ်းစားစရာလေးတွေ ပိုထွက် လာတာပေါ့"
ဟု ပြောသည်။
Myanmar Express
0 comments:
Post a Comment