December 11, 2012

ခြေထောက် နှစ်ဖက်စလုံး မပါသူက ကန္တရကို သုံးရက်ကြာ ဖြတ်သန်းခဲ့ရ

 

ယာဉ်မတော် တဆမှုကြောင့် ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးထားသူ တစ်ယောက်က ကန္တာရထဲမှာ သုံးရက် ကြာ အစာရေစာပြတ် လပ်ခဲ့ပြီး ဘီးတပ် ကုလားထိုင်နှင့် သူ့ကို အထောက်အကူ ပေးမည့် ပစ္စည်းများ မရှိဘဲ ခန္ဓာကိုယ်ကိုယ် တရွတ်တိုက် ဆွဲပြီး ကန္တရကိုတစ် ယောက်တည်း ဖြတ်သန်း ခဲ့ရသည်။ အမေရိ ကန်ပြည်ထောင်စု နယူးမက္ကဆီကို ပြည်နယ်ရှိ ကန္တာရတွင် သူ၏ သူငယ်ချင်းများနှင့် အချင်း များရာမှ သူ့အား ကားထဲမှ ဆွဲထုတ်ကာ ကန္တာရထဲတွင် တစ်ယောက်တည်း ထားရစ်ခဲ့သည်။ ကန္တာရထဲမှာ ကုတ်အကျီ မပါ စားနပ်ရိက္ခာ များမပါဘဲ အိမ်ပြန်ခရီးနှင်ရန် သုံးရက်ကြာ အားထုတ် ခဲ့ရသည်။ လမ်းတွင် သူ့ဘေးနားမှ ဖြတ်သန်းသွားသည့် ယာဉ်များအား ကားကြုံလိုက်ရန် အကူအညီ တောင်း ခဲ့သော်လည်း မည်သည့် ယာဉ်ကမှ သူ့အား ရပ်တန့်ပေးခြင်း မရှိခဲ့ဟု ဆိုသည်။ သို့ဖြင့် ခြေထောက် နှစ်ဖက်စလုံး ဆုံးရှုံးထားသည့်  ရစ်ကီဂီမိုးသည် ခန္ဓာကိုယ်ကို တရွတ်တိုက် ဆွဲပြီး ဆယ်မိုင်ကျော် ခရီးကို ခက်ခဲ စွာ ဖြတ်သန်းခဲ့ရသည်။ ယခုအခါ ဆေးရုံရောက်နေပြီ ဖြစ်သည့် ရစ်ကီက AP သတင်းဌာနနှင့် တွေ့ဆုံစဉ် လူသားချင်း မစာနာသည့် သူများ၏ လုပ်ရပ်အား ပြန်ပြောင်းပြောပြနေသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3