December 9, 2012

ထိုင်းနိုင်ငံသည် ပညာရေး အကဲဖြတ် အဆင့်တွင် အညံ့ဆုံးဖြစ်

 
 
 
နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ဝေသည့် ဘန်ကောက်ပို့စ် သတင်းစာ တွင် နိုင်ငံပေါင်း ၄၀ ကို ပညာရေး လေ့လာ ဆန်းစစ်မှုများ ပြုလုပ်ရာ၌ ထိုင်းနိုင်ငံသည် အဆင့် ၃၇ တွင်ရှိနေသောကြောင့် အညံ့ ဆုံး အနေ အထား သို့ရောက်နေကြောင်း သိရသည်။ ထိုလေ့လာဆန်းစစ်ချက်ကို ဗြိတိန်ပညာရေး သုတေ သန အဖွဲ့ Person Plc မှပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လေ့လာဆန်းစစ်ချက်အရ ဖင်လန်နိုင်ငံသည် ရမှတ်ပေါင်း ၁ ဒသမ ၂၆ မှတ်ဖြင့် ပထမနေရာ တွင်ရှိေ ကြာင်း၊ ဒုတိယနေရာတွင် တောင်ကိုရီးယားနှင့် တတိယနေရာတွင်ဟောင်ကောင်တို့ ကလိုက်ကြောင်း၊ စတု တ္ထေ နရာမှာ ဂျပန်၊ ပဉ္စမနေရာတွင် စင်ကာ ပူနိုင်ငံတို့ဖြစ်သည်။ ထိုင်းနိုင်ငံသည် ရမှတ်ပေါင်း ၁ ဒသမ ၄၆ မှတ်ဖြင့် အဆင့် ၃၇ တွင်ရောက်နေပြီး၊ သူ့နောက်တွင် ၃ နိုင်ငံ သာ ရှိတော့သည်ဟုဆိုသည်။ ထိုသို့နိုင်ငံအဆင့်များ သတ်မှတ်ရာတွင် စမ်းသပ် စစ်ဆေးရာ၌ စာဖတ်၊ စာရေးနှင့် သင်္ချာဆိုင်ရာ စွမ်းရည် များနှင့် ပညာရေး ဆိုင်ရာ အောင်မြင်မှုရလဒ် များကိုကြည့်ကာ ဆုံးဖြတ် အမှတ်ပေးခြင်းဖြစ်သည်။ ထို့ပြင် နိုင် ငံ ၄၀ အတွင်း စာတတ်မြောက် မှုနှုန်းထားနှင့်၊ ပညာတတ်ဘွဲ့ ရမွေးထုတ်ပေးနိုင်မှု အနေအထားတို့ အပေါ်ကြည့်ပြီး အ မှတ်ပေးခြင်းဖြစ်သည်။ ထိုင်းနိုင်ငံတွင် ပညာရေး နိမ့်ကျနေသည် ဆိုသည့် အကဲဖြတ်ခံရ မှုနှင့်ပတ် သက်ပြီး အွန်လိုင်း ဘလော့ဂ် များတွင် ဝေဖန်ရေးသားကြရာ၌ “ဆရာတွေ ညံ့ဖျင်းလို့” “ပညာရေးကို ဘယ်လောက်အောင်မြင်သလဲဆိုတာနဲ့တွက်လို့မရပါဘူး။ ပညာတတ်ဆိုတာ ပညာတတ်ပြီး ဘာမှ မလုပ်နိုင်ရင် အလကားပဲ” “ပညာရေးအတွက် ဆရာကောင်းတွေရှိဖို့ ငွေတွေအများကြီး စိုက်ထုတ်သုံး ဖို့လိုသေးတယ်” “ကျုပ်တို့နိုင်ငံ တက္ကသိုလ်ပညာ တတ်တွေဆိုတာက ဘွဲ့သာရတယ်၊ အထက်တန်း အဆင့်တွေလောက်ေ တာင် မတတ်ဘူး” “ငွေပေးနိုင်က ဘွဲ့တွေရဆိုတဲ့ အလေ့အထကြီးကို မပြင်နိုင်သမျှ ဟန်မကျဘူး” ဆိုသည့် ဝေဖန်ချက် များ ကို တွေ့ေ နရ သည်မှာ ပြန်လည်စဉ်းစား စရာဖြစ်သည် ဟုသိရသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3