December 11, 2012

အန္တရာယ်ရှိသော Apple မြေပုံကို အသုံး မပြုရန် သြစတေးလျ ရဲတို့ သတိပေး


Apple မြေပုံ Application ကို အသုံး မပြုဖို့ တရားဝင် သတိပေးချက်ကို သြစတေးလျ ရဲတို့ ထုတ်ပြန် လိုက်ပြီ ဖြစ်ပါတယ်။ Apple ရဲ့  iOS 6 ပေါ်မှာ အလုပ် လုပ်တဲ့ Apple Map app ဟာ ယနေ့ ချိန်ထိ မူလ ပကတိ အနေ အထားသို့ ပြန်လည် မရောက် ရှိ သေးပါဘူး။ အမှား အယွင်းများ ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။ သြစတေးလျ နိုင်ငံ၊ Mildura မြို့အနီးမှာ ဘေးမဲ့တော ပန်းခြံတစ်ခု ရှိတယ်လို့ Apple မြေပုံက ပြသပြီး အမှန် စင်စစ် ၄၄ မိုင်ဝေးတာကို တွေ့ရ ပါတယ်။ ဒါကို မသိပဲ Apple Map အသုံးပြု သူဟာ Map ရဲ့  လမ်းညွန်ချက် အတိုင်းသွားတော့ ရေမရှိတဲ့ အပြင် အပူချိန် ၁၁၅ ဖာရင်ဟိုက် အထိ မြင့်မားတဲ့ ဒေသ ဖြစ်နေ ပါတယ်။ အကယ်၍ ကားသာ ယင်းနေရာမှာ တစ်ခုခု ဖြစ်ခဲ့ရင် ပြန်လှည့်ပြန်ဖို့ အခက်အခဲ ရှိတဲ့ အတွက် အသက် အန္တရာယ်တောင် စိုးရိမ် ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် Mildura မြို့က ရဲများဟာ Apple ရဲ့ မြေပုံကို အသုံး မပြုရန် သတိပေး ကြေညာ လိုက်ပါတယ်။ iPhone 5 စတင် ဖြန့်ချိခြင်း အတူထွက်ရှိတဲ့ Apple မြေပုံဟာ ယနေ့တိုင် မှားယွင်း နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် Google ရဲ့  မြေပုံကိုပဲ ပြန်လည် အသုံးပြုစေဖို့ Apple က တိုက်တွန်း ထားပါတယ်။ လက်ရှိ ပြင်ဆင်မှု မပြီး နိုင်သေးတဲ့ မြေပုံ အတွက် Apple စီအီးအို Tim Cook ကိုယ်တိုင် အောက်တိုဘာလ ၂၆ ရက်နေ့ဟာ တရားဝင် တောင်းပန် ထားပြီး ဖြစ်ပါတယ်။ သို့ပေမယ့် အများ ပြည်သူတို့ ထပ်ခါထပ်ခါ အသုံးပြု နေမှုကြောင့် သြစတေးလျ ရဲများဟာ Apple ကို တိုက်ရိုက် အကြောင်းကြား အသိပေးရတဲ့ အခြေအနေ အထိ ရောက်သွားကြောင်း သိရပါတယ်။

Techspace နည်းပညာဂျာနယ်

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3