
မြန်မာနိုင်ငံ အားကစားရေးရာ ဝန်ကြီးဌာနနဲ့ ဗြိတိန်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး လာမယ့် ဇူလိုင်လ (၁၁) ရက်နေ့မှာ ရန်ကုန်မြို့ရှိ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းမှာ Road to London အိုလံပစ် အထိမ်းအမှတ်ပွဲတစ်ခု ကျင်းပ ပြုလုပ်မယ်လို့ ပြောပါတယ်။ အဆိုပါ အစီအစဉ်မှာ မြန်မာနိုင်ငံ အားကစားရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး Mr.Andrew Heyn၊ ဗြိတိန်နိုင်ငံ စွမ်းအင်ဝန်ကြီးနဲ့ UKTI ရဲ့ စီးပွားရေး သံတမန်အဖွဲ့ဥက္ကဌ Lord Marland တို့က အဖွင့်အမှာစကားများ ပြောကြားကြမှာ ဖြစ်ပြီး၊ ကျောင်းသားကျောင်းသူလေးများက ပန်းဘွားအကများနဲ့ ကပြဖျော်ဖြေခြင်း၊ ဒါ့အပြင် မသန်မစွမ်း ကလေးငယ်များရဲ့ ပြေးပွဲပြိုင်ပွဲများ၊ မြန်မာအနုပညာရှင်များနဲ့ ဗြိတိသျှသံရုံး၊ ဗြိတိန်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ မျက်မမြင်ကျောင်းမှ ကလေးများ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစား အဖွဲ့ချုပ်မှ အားကစားသမားများ စုံညီစွာ တက်ရောက်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။
7:50 PM
ကျော်စွာစစ်သူ
Posted in:






0 comments:
Post a Comment