
အာဖဂန် နစ္စတန် နိုင်ငံမှ NATO တပ်ဖွဲ့များ ရုပ်သိမ်းသွားပြီး နောက်ပိုင်း အာဖဂန် နစ္စတန် နိုင်ငံ အတွင်းရှိ ကိစ္စရပ် များကို တာဝန်ယူ ဖြည့်ဆည်း ဆောင်ရွက် သွားရန် ရုရှား နိုင်ငံက NATO တပ်ဖွဲ့ကို တောင်းဆိုခဲ့ သည်ဟု ရုရှား ဒုတိယ ဝန်ကြီးချုပ် ဒီမီထရီ ရိုဂိုဇင်က အောက်တို ဘာလ ၁၈ ရက် နေ့တွင် ပြောကြားခဲ့ ပါသည်။ NATO တပ်ဖွဲ့ အနေဖြင့် အာဖဂန် နစ္စတန် နိုင်ငံတွင် ရှိနေချိန်တွင် သာမက အဆိုပါ နိုင်ငံမှ တပ်ဖွဲ့များ ရုပ်သိမ်း သွားပြီး နောက်ပိုင်း တွင်လည်း ၎င်း၏ တာဝန် ဝတ္တရားများကို အလုံးစုံ ဖြည့်ဆည်း သွားရေး ရုရှား နိုင်ငံက တောင်းဆို သွားမည် ဖြစ်ကြောင်း ရိုဂိုဇင်က အလည်အပတ် ရောက်ရှိ နေသော NATO လွှတ်တော် ကိုယ်စားလှယ် အဖွဲ့ကို ပြောကြားခဲ့ ပါသည်။ အာဖဂန်တွင် စစ်ရေး ရည်မှန်း ချက်များ အကောင် အထည်ဖော် ဆောင်ရွက်သည့် ပုံစံမှ အာဖဂန် ပြည်သူများ အတွက် ကောင်းမွန်သော ဘဝနှင့် ငြိမ်းချမ်းရေး အတွက် အခြေခံ အုတ်မြစ်များ ကို ချမှတ် ပေးသည့် ပုံစံသို့ ပြောင်းလဲ ပုံဖော်သွားရန် ရိုဂိုဇင်က NATO တပ်ဖွဲ့ကို တောင်းဆိုခဲ့ ပါသည်။ ထို့အပြင် ရုရှားနိုင်ငံ အနေဖြင့် အလယ် အာရှ ဒေသတွင် အကျိုးစီးပွား များစွာ ရှိနေသည့် အတွက်ကြောင့် အာဖဂန် နစ္စတန်နှင့် ပတ်သက်၍ NATO တပ်ဖွဲ့နှင့် ဆက်လက် ပူးပေါင်း ဆောင် ရွက် သွားမည် ဖြစ်ကြောင်းနှင့် အာဖဂန် နစ္စတန် လုံခြုံရေးသည် မိမိတို့၏ နယ်စပ် ဒေသများ လုံခြုံရေးနှင့် ဆက်စပ်မှု ရှိနေကြောင်း ၎င်းက ထပ်လောင်း ပြော ကြားခဲ့ ပါသည်။
0 comments:
Post a Comment