Manchester United Soccer School(UK) က ဖွင့်လှစ်မည့် ဘောလုံးပညာ လေ့ကျင့်သင်ကြားမှုနှင့် အင်္ဂလိပ် စာသင်ကြားမှု ပူးတွဲသင်တန်းသို့ အသက် ၁၁ နှစ်မှ ၁၈ နှစ်အတွင်း လူငယ်များ တက်ရောက် သင်ယူနိုင်မည်ဖြစ်သည်။ သင်တန်း ကာလ နှစ်ပတ်ကြာမြင့်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ၏ နွေရာသီကျောင်း ပိတ်ရက်ဖြစ်သော ဧပြီလနှင့် အင်္ဂလန်နိုင်ငံ၏ နွေရာသီ ဇူလိုင်လတို့တွင် တက်ရောက်နိုင်သည်။ သင်တန်းကာလမှာ ၁၄ ရက် ဖြစ်သည်။ ယင်းသင်တန်းတွင် ကျွမ်းကျင်သော နည်းပြများနှင့် ဘောလုံးလေ့ ကျင့်မှုများ၊ Oxford University press ၏ အင်္ဂလိပ်စာလေ့ကျင့်မှုများ၊ Old Trafford ရှိ Manchester United ကွင်းသို့ လေ့လာရေးခရီးစဉ်များ ပါဝင်မည်ဖြစ်သည်။ ယင်းသင်တန်းသို့ တက်ရောက်ရန် သင်တန်းကြေး၊ အဆောင်၊ တစ်နေ့သုံးကြိမ် အကျွေးအမွေး၊ လေဆိပ်သို့ လာရောက်ကြိုဆိုခြင်းနှင့် အာမခံကြေးအပါအဝင် စုစုပေါင်း စတာလင်ပေါင် ၂၈ဝဝ ပေးသွင်းရမည်ဖြစ်သည်။ ထို့ပြင် အားကစားဝတ်စုံနှစ်စုံ၊ အပေါ်ဝတ် အနွေးထည် တစ်ထည်၊ ရေဘူး၊ အားကစား လမ်းညွှန်စာအုပ်များ၊ အင်္ဂလိပ်စာသင်ခန်းစာ စာအုပ်များကိုပါ အခမဲ့ပေးအပ် မည်ဖြစ်သည်။ Old Trafford ဘောလုံးကွင်းအပါအဝင် Blackpool နှင့် Sandcastles Water Park တို့ကိုပါ သွားရောက် လေ့လာခွင့်ရမည်ဖြစ်သည်။ အားကစားစိတ်ဓာတ်အပြင် အင်္ဂလိပ်စာနှင့် စကားတတ်ကျွမ်းစေမည့် ယင်းသင်တန်း သို့ တက်ရောက်လိုသူများသည် မိဘအုပ်ထိန်းသူနှင့်အတူ N.L.E.C တွင် လျှောက်ထားနိုင်ကြောင်း သိရသည်။
0 comments:
Post a Comment