October 22, 2012

ဘရာဇီးလ်နှင့် FAO ၏ ဒေါ်လာသန်း ၂ဝ တန်ဖိုးရှိ သဘောတူညီချက်


ဘရာဇီးလ် နိုင်ငံ အနေဖြင့် ကုလ သမဂ္ဂ စားနပ် ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ (Food and Agriculture Organisation- FAO) နှင့် အမေရိကန် ဒေါ်လာ သန်း ၂ဝ တန်ဖိုးရှိ သဘော တူညီချက် တစ်ခု အား အောက်တိုဘာလ ၁၇ ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့ပြီး ၎င်းသဘော တူညီချက်သည် ဘရာဇီးလ် နိုင်ငံရှိ ချည်မျှင် ထုတ်လုပ်ရေး ပညာရှင် များအား ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ သွားရောက်ရန် အတွက် အထောက်အကူ ပြုမည် ဖြစ်ပါသည်။ ၎င်းစီမံကိန်းအား ဟေတီ နိုင်ငံနှင့် တောင် အမေရိက နိုင်ငံ များ၌ အဓိကထား ဆောင်ရွက် သွားမည်ဖြစ်ပြီး နောက် ပိုင်းတွင် လက်တင် အမေရိက၊ သို့မဟုတ် အာဖရိက နိုင်ငံများသို့ တိုးချဲ့ဆောင်ရွက် သွားမည် ဖြစ်ပါသည်။ ၎င်းစီမံ ကိန်း၏ ရည်ရွယ်ချက်မှာ အဖွဲ့ဝင် နိုင်ငံများသို့ ဝါစိုက်ပျိုးခြင်း ဆိုင်ရာ သင်ကြားပေးမှု များနှင့် နည်းပညာ ဆိုင်ရာ အထောက် အကူများ ပေးရန် ဖြစ်ကြောင်း သိရှိ ရပါသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3