
အိန္ဒိယနိုင်ငံမှ EXIM ဘဏ်သည် မြန်မာနိုင်ငံကို အိန္ဒိယအစိုးရက ပေးအပ်မည့် ချေးငွေဒေါ်လာသန်း ၅၀၀ အတွက် ဘဏ်ရုံးခွဲတစ်ခုကိုလာရောက် ဖွင့်လှစ်သွားရန် ရှိနေကြောင်း စက်တင်ဘာလ တတိယပတ်က သတင်း ထုတ်ပြန်လိုက်သည်။ မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၅၀၀ ချေးငွေပေးရန် နှစ်နိုင်ငံ ခေါင်းဆောင်များ သဘောတူညီထားခဲ့ပြီးနောက် EXIM ကယင်းကဲ့သို့ ချေးငွေကို ပေးအပ်လုပ်ဆောင်ခွင့်ကို အိန္ဒိယအစိုးရထံမှ ရရှိထားခဲ့သည်ဟုသိရသည်။ နိုင်ငံပေါင်း ၁၀ နိုင်ငံတွင် ဘဏ်ခွဲများရှိထားသော အစိုးရ ရှယ်ယာဝင် EXIM ဘဏ်အနေဖြင့် နှစ်ကုန်ပိုင်းတွင် စတင်၍ ဘဏ်ခွဲဖွင့်ခွင့်ရရေး ကြိုးပမ်းသွားမည်ဟုသိရကာ မြန်မာနိုင်ငံက ၂၀၁၃ ခုနှစ်တွင် နိုင်ငံတကာဘဏ်ခွဲများကို ဖွင့်ပေးနိုင်မည့် အလားအလာကြောင့် ယခု နှစ်ကုန်ပိုင်း မှစတင် ပြင်ဆင်မည်ဖြစ်ကြောင်းသိရသည်။ ''အိန္ဒိယကုမ္ပဏီအများစုက ဖက်စပ်ပဲဖြစ်စေ ရင်းနှီးမြှုပ်နှံမှုတွေ သွားရောက်လုပ်ကိုင်ဖို့ တာစူနေကြသလို ကျွန်တော်တို့ဘက်က အဲဒီလုပ်ငန်းစုတွေကို ကူညီပေးဖို့ အဆင်သင့် ရှိနေပါတယ်'' ဟု EXIM ဘဏ်မှ အမှုဆောင်ဒါရိုက်တာ PrabhakarDalal က ပြောကြားသည်။ ဗဟိုဘဏ် မှသတင်းများအရ လတ်တလောတွင် ပြည်ပနိုင်ငံများမှ ဘဏ်ကိုယ် စားလှယ်ရုံးခွဲသာ ဖွင့်ခွင့်ပြုထားသေးကြောင်းနှင့် ၂၀၁၃ တွင်ဖွင့်ပေးနိုင်မည့် အလားအလာရှိနေကြောင်း လည်းသိရသည်။
11:44 PM
ကျော်စွာစစ်သူ
Posted in:






0 comments:
Post a Comment