October 17, 2012

ဆင်ကာကူကျွန်းအနီး ရေအမြောက်များဖြင့် ပစ်ခတ်တားဆီးခဲ့


တရုတ်နိုင်ငံ အရှေ့ဘက်ပင်လယ်အတွင်းရှိ ဂျပန်နှင့်တရုတ် ပိုင်ဆိုင်ခွင့် အငြင်းပွားနေကြသည့် ဆင်ကာကူ ကျွန်းအနီးတွင် နှစ်ဖက်မကျေနပ်ချက်များကို ထုတ်ဖော်သည့်အနေဖြင့် စက်တင်ဘာ ၂၅ရက်နေ့က ဂျပန် ကမ်းခြေစောင့်စစ် သင်္ဘောများက တရုတ်(တိုင်ပေ)ဘက်မှ ငါးဖမ်းသင်္ဘောများ ကင်းလှည့်ရေယာဉ် ကို ရေအမြောက်များဖြင့် ပစ်ခတ်ခဲ့မှုများ ဖြစ်ပွားခဲ့သည်ဟုသိရသည်။ အဆိုပါနေ့မနက်က တရုတ်ငါးဖမ်းသင်္ဘော အစင်း၄၀နှင့် ကင်းလှည့်ရေယာဉ်တို့သည် ဆင်ကာကူကျွန်းအနီးသို့ ချဉ်းကပ်ဝင်ရောက်လာသောအခါ ဂျပန် ကမ်းခြေစောင့် အာဏာပိုင်များက ၎င်းတို့၏ပိုင်နက်အတွင်း မ၀င်ရောက်ရန် သတိပေးသည်ကို မသိကျိုးကျွန်ပြု ခဲ့ခြင်းကြောင့် ထိုတရုတ်သင်္ဘောများ နောက်ပြန်ဆုတ်သွားစေရန်အတွက် ရေအမြောက်များဖြင့် ပစ်ခတ်တားဆီးခဲ့သည် ဟုသိရသည်။ ပြီးခဲ့သည့် နှစ်ပတ်ကျော်က ဂျပန်အစိုးရက ပုဂ္ဂလိကပိုင်ရှင်များဆီမှ အဆိုပါကျွန်းကို ပြန်လည် ၀ယ်ယူခဲ့ပြီး နောက်ပိုင်းတွင် ကျွန်းနှင့်ပတ်သက်သော တင်းမာမှုများ ပိုမိုပြင်းထန်လာခဲ့သည်။ တရုတ်နိုင်ငံ တွင် ရောင်းချနေသော ဂျပန်ပစ္စည်းများကို တရုတ်နိုင်ငံသားများက မ၀ယ်ယူဘဲ သပိတ်မှောက်ခဲ့ကြသည်။ ဂျပန်နိုင်ငံ သို့ သွားရောက်လည်ပတ်မည့် ၎င်းတို့၏ခရီးစဉ်များကို ဖျက်သိမ်းခဲ့ကြသောကြောင့် ဂျပန်နိုင်ငံအနေဖြင့် စီးပွားရေးအရ များစွာအထိနာလျက်ရှိသည်။ စက်တင်ဘာ၂၇ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ဂျပန်နှင့် တရုတ်တို့ကို အဆိုပါကျွန်းကိစ္စနှင့် ပတ်သက်ပြီး ခေါင်းအေးအေးထား၍ ဆုံးဖြတ်ကြရန် တိုက်တွန်းခဲ့ပြီး အမေရိ ကန်အနေဖြင့် ၎င်းနှစ်နိုင်ငံကြားတွင် ၀င်ရောက်စွက်ဖက်မည် မဟုတ်ကြောင်း ပြောကြားလိုက်သည် ဟုသိရသည်။ 

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3