October 22, 2012

ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေး ပိုမို ဆိုရွားနိုင်ချေ ရှိတယ်လို့နိုင်င်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့က ပြောကြား


ယူရိုငွေကြေး သုံးစွဲတဲ့ ယူရိုဇုန် နိုင်ငံများမှာ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေ ဆက်လက် ဖြစ်ပေါ်နေမယ် ဆိုရင်ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ကို ခန့်မှန်းရာမှာ လျော့ချ သတ်မှတ်ရမှုတွေ ဖြစ်ပေါ်လာပြီး အဆိုးရွားဆုံး အခြေအနေတွေ ကြုံတွေ့ရနိုင်ချေ ရှိတယ်လို့ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) ရဲ့ ပြောကြားချက် ကို အယ်ဂျာဇီးယား သတင်းမှာ ဖေါ်ပြထားပါတယ်။ (IMF) အဖွဲ့ရဲ့ လေးလပတ် အစီရင်ခံစာကို အောက်တိုဘာလ ၈ ရက် တနင်္လာနေ့က ထုတ်ပြန်ရာမှာ ပြဿနာပေါင်းများစွာ အဆက်မပြတ် ဖြစ်ပေါ်နေတဲ့ အတွက် ကမ္ဘာလုံး ဆိုင်ရာ ဘဏ္ဍာရေး အခြေအနေတွေဟာ အလွန်တရာ ကျိုးပျက် လွယ်တဲ့ အခြေအနေမှာပဲ ရှိနေသေးတယ်လို့ ဖေါ်ပြထားပါတယ်။ ၂၀၁၂ ခုနှစ် အတွက် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်မှု ကို ခန့်မှန်းရာမှာ ဇူလိုင်လ က ၃.၅ ရာခိုင်နှုန်း တိုးတက်မယ်လို့ ခန့်မှန်းခဲ့ရာမှ ၃.၃ ရာခိုင်နှုန်းသာ တိုးတက်မယ် လို့ လျော့ချ သတ်မှတ်လိုက်စဉ်မှာပင် ဥရောပနိုင်ငံများ ရဲ့ စီးပွားရေး တိုးတက်မှု ၀.၄ ရာခိုင်နှုန်း လျော့ချ သတ်မှတ် လိုက်ရပေမယ့် အာရှစီးပွားရေးကတော့ ပိုမိုအားကောင်းနေဆဲ ရှိတယ်လို့ ဖေါ်ပြထားပါတယ်

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3