October 22, 2012

တတိယအကြိမ် ပြန်လည်က်တွဲခဲ့သည့် ဂျွန်မေယာနှင့် ကေတီပယ်ရီ


နှစ်ကြိမ် တိုင်တိုင် လမ်းခွဲခဲ့သည့် ရော့ခ် အဆိုတော် ဂျွန်မေယာနှင့် ပေါ့ပ်ဘုရင်မ ကေတီ ပယ်ရီတို့သည် တတိယ အကြိမ်မြောက် ပြန် လည် လက်တွဲ နေပြီဖြစ်ကြောင်း သိရသည်။ ဂျွန်မေယာနှင့် ကေတီ ပယ်ရီတို့ နှစ်ဦးသည် အောက်တိုဘာ ၁၆ ရက် ညက နယူး ယောက်မြို့ တွင် ညစာအတူ စားခဲ့ကြ သည်ဟု သိရ သည်။ ၎င်းတို့ နှစ်ဦး၏ တွေ့ဆုံမှု၌ ဂျွန်မေယာသည် အဖြူရောင် ရှပ်အင်္ကျီ လက်ရှည်ကို ဂျင်းအနွေးထည် တစ်ထည်နှင့် ဝတ်ဆင် ထားပြီး အနက် ရောင် လည်စည်းကို စည်းထားခဲ့သည်။ ကေတီ ပယ်ရီကမူ လှပသော ပန်းပွင့်များ ပါရှိသည့် ဂါဝန်ကို မီးခိုးရောင် သိုးမွေး ဂျာကင်ဖြင့် တွဲဖက် ဝတ်ဆင်ထားပြီး လိမ္မော်ရောင် ဒေါက်မြင့် ဖိနပ်ကို လှပစွာ စီးထားခဲ့သည်။ ဂျွန်မေ ယာသည် ရပ်ဆဲလ် ဘရန်းနှင့် လမ်းခွဲ ပြီးနောက် ကေတီပယ်ရီ လက် တွဲ ခဲ့သည့် ပထမဆုံး ချစ်သူ ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3