October 22, 2012

မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုပမာဏ ယခုနှစ် တစ်ဝက်မှာ အမေရိကန်ဒေါ်လာ ၉ ဘီလျံခန့် လျော့ကျဟုဆို


Photo

ဘဏ္ဍာရေးနှစ်ဝက် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၉ ဘီလျံနီးပါးရှိ  ယခင်နှစ်ကထက် ၁ ဘီလျံနီးပါး နည်းပါးပြီး ပို့ကုန်၊ သွင်းကုန် ပမာဏ နှစ်ရပ်စလုံး လျော့ကျခြင်းဖြစ် ယခုဘဏ္ဍာနှစ်၏ မြန်မာနိုင်ငံ ကုန်သွယ်မှု ပမာဏမှာ နှစ်တစ်ဝက်ထိ စာရင်းအရ အမေရိကန် ဒေါ်လာ ၉ ဘီလျံနီးပါး ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပို့ကုန်သွင်းကုန် စာရင်းများအရ သိရသည်။ယခင်ဘဏ္ဍာရေးနှစ်၏ နှစ်တစ်ဝက် ကုန်သွယ်မှုနှင့် နှိုင်းယှဉ်ပါက ယခု နှစ်ဝက် ကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ ၁ ဘီလျံနီးပါး လျော့နည်းနေပြီး ပို့ကုန်၊ သွင်းကုန် နှစ်ရပ် စလုံးတွင် လျော့ကျခြင်း ဖြစ်သည်ဟု သိရသည်။ ယခု ဘဏ္ဍာနှစ်၏ ဧပြီလမှ ယခုအထိ ၆ လအတွင်း ပြည်ပသို့ တင်ပို့သည့် ပမာဏမှာ အမေရိကန် ဒေါ်လာ ၄ ဒသမ ၆၄ ဘီလျံကျော်ရှိပြီး သွင်းကုန် ပမာဏမှာ အမေရိကန် ဒေါ်လာ ၄ ဒသမ ၃၂ ဘီလျံရှိကြောင်း၊ စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ ၈ ဒသမ ၉၆ ဘီလျံကျော် ဖြစ်ကြောင်း သိရသည်။ ယခင်နှစ်က ယခုကဲ့သို့ ၆ လ အတွင်း ပြည်ပသို့ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၅ ဘီလံကျော်ရှိပြီး သွင်းကုန်ပမာဏမှာ အမေရိကန် ဒေါ်လာ ၄ ဒသမ ၆ ဘီလျံကျော် ဖြစ်သည့်အတွက် ဘဏ္ဍာနှစ်ဝက် ကုန်သွယ်မှု ပမာဏ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၉ ဘီလျံကျော် ၁၀ ဘီလျံ နီးပါး ဖြစ်သည့်အတွက် ယခုနှစ် ဘဏ္ဍာရေး နှစ်ဝက် ကုန်သွယ်မှု စုစုပေါင်းထက် ၁ ဘီလျံနီးပါး ပိုမိုများပြားခဲ့သည်။ ယခုနှစ် ပို့ကုန်ပမာဏ ကျဆင်းရသည့် အဓိကအကြောင်းရင်းမှာ ကျောက်စိမ်း တင်ပို့မှု ကျဆင်းရခြင်းကြောင့်ဖြစ်ပြီး သွင်းကုန်ပမာဏ ကျဆင်းရခြင်းမှာ ပြည်ပမှ စက်သုံးဆီ တရားဝင်တင်သွင်းမှု ကျဆင်းခြင်း၊ ယန္တရား တင်သွင်းမှုနှင့် စားသုံးဆီ တင်သွင်းမှုများ ကျဆင်းခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ ပို့ကုန်ပမာဏမှာ ပုံမှန်အတိုင်း ဆိုပါက ယခုထက်ကျဆင်းမည့် အနေအထား ဖြစ်သော်လည်း ယခုနှစ်တွင် ဆန်၊ ပဲတင်ပို့မှုများမှာ ယခင်နှစ်ထက် မြင့်တက်ခဲ့သည့် အတွက်လည်း ကျဆင်းမှု သက်သာခဲ့ခြင်း ဖြစ်သည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3