October 22, 2012

ချစ်မေတ္တာ အတွက် ကံကောင်းသူတစ်ယောက် ဖြစ်ချင်သည့် တေလာဆွစ်ဖ်


ချစ်မေတ္တာရေးတွင် ကြာရှည် ခိုင်မြဲမှု မရှိခြင်း အတွက် စိုးရိမ်ပူပန် လျက်ရှိကြောင်း ကန်ထရီး အဆိုတော် တေလာ ဆွစ်ဖ်က ထုတ်ဖော်ပြောကြား ထားသည်။ အသည်းကွဲ ဝေဒနာကို ကုစားရန် ခံစားချက် များကို သီချင်းအဖြစ် အသက်သွင်း တတ်သူ တေလာသည် ဂျွန်မေယာ၊ ဂျိတ်ဂေး လန် ဟောလ်၊ ဂျိုးဂျိုးနက်စ် တို့နှင့်  ချစ်ကြိုက် ခဲ့ဖူးသူ ဖြစ်သည်။ အသက် ၂၂ အရွယ် အသည်းကွဲ အဆိုတော် မလေး တေလာသည် ယခုအခါ ချစ်ခြင်း မေတ္တာ အပေါ် ယုံကြည်လိုက်၊ မယုံကြည်လိုက် ဖြစ်နေပြီး သူမ၏ အတွေး ထဲတွင်အစဉ်ဒွိဟ ဖြစ်နေကြောင်း၊ တစ်စုံ တစ်ယောက်နှင့် ချစ်ကြိုက်ပါက  ချစ်သူ သက်တမ်းသည် တိုလွန်း သောကြောင့် သူမအတွက် အချစ်စစ် ရရှိရန်မှာ စိုးရိမ်စရာ ပင်ဖြစ်ကြောင်း ပြောကြား ထားသည်။ တေလာသည် ၁၉ နှစ် အရွယ် လူငယ်လေး တစ်ဦးနှင့် ချစ်ကြိုက် နေကြောင်း၊ လက်ရှိတွင် သတင်းများ ထွက်ပေါ်နေပြီး သူမ လတ် တလော ပိုင်ဆိုင်ထားသော ချစ်မေတ္တာသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အိပ်မက်အဖြစ် ပြီးဆုံး သွားမည်ကို စိုးရိမ် မိကြောင်း၊ ယုံကြည် မှုနှင့် ယုံကြည်မှု မရှိခြင်း ထိုအရာ နှစ်ခုကြားတွင် သူမသည် ဘယ်ဘက် ကိုမှ အလေးမ သာခဲ့ကြောင်း၊ လူတစ်ယောက်၏ စိတ်ကို အချိန် အတော် ကြာအောင် ဖမ်းစား ထားနိုင်ရန် ကြိုးပမ်း သွားမည် ဖြစ်သော်လည်း ကံမကောင်း တတ်သည့် မိမိ၏ မေတ္တာ ရေးအတွက် အလွန် ပူပန် မိကြောင်း တေလာက သူမ၏ ခံစားချက် များကို ရင်ဖွင့် ပြောကြားခဲ့ သည်ဟုသိ ရသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3