October 21, 2012

ထူးဆန်းသောပန်းရောင်ရေကန်ကြီးဆီသို့


တကယ်လို့များ သင်ဟာ ကမ္ဘာပေါ်မှာ ထူးထူးဆန်းဆန်း တည်ရှိနေတဲ့ ပန်းရောင်သန်းနေတဲ့ရေကန်ကြီးကို မြင်ဖူး ချင်တယ်ဆိုလို့ရှိရင် ဆီနီဂေါလ်နိုင်ငံလေးကို အလည်သွားကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ အများအားဖြင့် ရေ ကန်လို့ ဆိုလိုက်ရင် ကြည်လင်တဲ့ စိမ်းပြာရောင်၊ အပြာရောင်၊ ရေနောက်တယ်ဆိုရင် အဝါရောင် စသည်တို့ သာရှိတတ်ပေမဲ့လည်း ရေကန်ကြီးတစ်ခုလုံး ပန်းရောင်ဖြစ်နေတာမျိုးကတော့ အင်မတန်မှ ရှားရှားပါးပါးဖြစ်ပါတယ်။ သဘာဝရဲ့ ထူးဆန်းအံ့သြဖွယ် ဖန်တီးချက်တွေဟာ ဆန်းကြယ်လှတယ် ဆိုတာ တွေ့ရမှာဖြစ်ပါ တယ်။ ဆီနီဂေါလ်နိုင်ငံရဲ့ မြောက်ဖက် မြို့တော် ဒါကာကနေ မိနစ်သုံးဆယ် ခရီး အကွာအဝေးမှာ ရှိတဲ့ Lake Retba ဟာ နွေးထွေး ကျယ်ဝန်းတဲ့ ကန်ရေပြင်ကြီးတစ်ခုလုံး ပန်းရောင် သန်းနေတာ ကို တွေ့ရမှာဖြစ် ပါတယ်။ ပုံမှာမြင်ရတဲ့အတိုင်းပါဘဲ။ ကန်ကြီးထဲက ရေတွေအားလုံးဟာ အခြားသော ဘယ်ရေကန်နဲ့မှ မတူအောင်ပန်းရောင်ဖြစ်နေတာကို တွေ့ရမှာပါ။ ဒီရေကန်ကြီးဟာ ဘာကြောင့်များ ပန်းရောင်ဖြစ်နေရ တာလဲဆိုတော့ ရေကန်ထဲမှာ ထူးဆန်းတဲ့ ရေညှိပင်တစ်မျိုး ( Dunaliella salina ) ဟာ ရှင်သန်ပေါက်ဖွားနေတဲ့ အတွက်ကြောင့်လို့ဆိုပါတယ်။ အဲဒီ Dunaliella salina တွေဟာ ဆားငံရေတွေမှာ ရှင်သန်တဲ့ သေးငယ်လှသော ရေညှိအမျိုးဖြစ်ပါတယ်။ အဲဒီရေညှိတွေကြောင့် ရေကန်ရဲ့အရောင်ဟာ ပန်းရောင်ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။ Lake Retba လို့ခေါ်တဲ့ပန်းရောင် ရေကန်ဟာလည်း ( ပင်လယ်သေလို) အင်မတန်မှ များပြားတဲ့ ဆားတွေပျော်ဝင်မှု သိပ်သည်းဆများလွန်းတဲ့အတွက် လူကို ရေပေါ် ပေါ်စေနိုင်စွမ်း ရှိပါတယ်။ နိုင်ငံတကာ ခရီးသွားဧည့်သည်များနဲ့ ပြည်တွင်းခရီးသွားများကို အလွန်ဆွဲဆောင်နိုင်တဲ့ ပန်းရောင်ရေ ကန်ကြီးဟာ ကန်ထဲမှာ ရေစိမ်ရင်း ရေပေါ်မှာ ပေါ်နေတဲ့ အရသာကိုခံ စားချင်သူ တွေအတွက် အလွန်နှစ်သက်ဖွယ် ဖြစ်ပါတယ်။ရေထဲကို နှစ်မြုပ်သွားတာမျိုး မဖြစ်နိုင်တဲ့အတွက် ရေကူးသင်ချင်သူများ အတွက်လည်း အလွန်အဆင်ပြေပါတယ်။ရေကန်ရဲ့အရောင်ဟာ စတော်ဘယ်ရီသီးကို နို့နဲ့ဖျော်ထားသလို ပန်းရောင် သန်းနေတဲ့ အရောင် ဖြစ်နေပါတယ်။နေရောင်ခြည် အတက်အကျပေါ် မူတည်ပြီးလည်း ပန်းနုရောင်ကနေ ပန်းရင့်ရောင်အထိ မြင်တွေ့နိုင်ပါတယ်။ဆားပါဝင်မှုနှုန်း များပြားလှတဲ့ ပန်းရောင်ရေကန်ကြီးမှာ ယောက်ျား၊ မိန်းမ စတဲ့ ဆားစုဆောင်းသူတွေမနည်းမနော ရောက်လာပြီး တစ်ရက်ကို ၆နာရီထိ ကန်ရေထဲမှာ စိမ်ကာ ရေကန်အောက်ခြေက ဆားပွင့်များကို သယ်ယူစုဆောင်းကြပါတယ်။ ဒေသခံများအတွက်တော့ ပန်းရောင်ရေကန်ကြီးဟာ အသက်မွေး ဝမ်းကြောင်း ပြုကြတဲ့နေရာကြီးတစ်ခု ဖြစ်နေပါတယ်။ ၅-ကီလိုမီတာ ရှည်လျားတဲ့ ကမ်းစပ်တစ်လျှောက်မှာ ဆားစုဆောင်းသူများရဲ့ ဆားပုံများ၊ နေအိမ်များကို အစီအရီ တွေ့ရနိုင်ပါတယ်။ အထူးသဖြင့်တော့ အမျိုးသမီး များဟာ ရေအောက်က ဆားပွင့်များကို စုဆောင်းကြပြီအမျိုးသား များကတော့ ဆားတွေကို ရောင်းချတာ၊ လိုအပ်တဲ့နေရာတွေကို ပို့ဆောင်ပေးတာ စသဖြင့် ပြုလုပ်ကြပါ တယ်။ ၄င်းအပြင် ပန်းရောင်ရေကန်ကြီးဟာ ပင်လယ်ငါးနဲ့ ပင်လယ်သတ္တဝါမျိုးစုံတို့ ရောင်းဝယ်ဖောက်ကားရာနေရာလည်း ဖြစ်ပါတယ်။ ပင်လယ်နက်ထဲသို့ ညကတည်းက ငါးဖမ်းသွားကြတဲ့ ငါးဖမ်းလှေ များစွာတို့ဟာ နေ့လည်ခင်းတွေမှာ ပြန်ရောက်လာကြပြီး မိမိတို့ ဖမ်းမိလာတဲ့ ငါး၊ ပုဇွန်စတဲ့ ပင်လယ်သတ္တဝါ တိန်ချိန် များစွာတို့ကို ပန်းရောင်ရေကန် ရဲ့ ကမ်းခြေ မှာ ရောင်းချကြပါတယ်။ ပန်းရောင် ရေပြင်ရဲ့ ဆားပါဝင်မှု နှုန်းဟာ တစ်လီတာကို ၃၈၀ ဂရမ်ထိ ပါဝင်တာကြောင့် အလွန်မြင့်မားတဲ့ နှုန်းထားဖြစ်ပါတယ်။ ရေကန်ရဲ့ အနီးတစ်ဝိုက်မှာတော့ ဒေသခံတွေရဲ့ ရွာတွေနဲ့ သစ်တောတွေ ရှိပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3