October 22, 2012

ဖမ်းဆီးခံဆီးရီးယား အများအပြား ပျောက်ဆုံးနေ

ဆီးရီးယားနိုင်ငံမှာ လူပေါင်းအနည်းဆုံး ၂၈၀၀၀ လောက်ကိုအစိုးရကနေ ဖမ်းဆီးထိန်းသိမ်း ထားပြီးနောက် အခုတော့ အဲဒီ လူတွေ ပျောက်ဆုံး နေတယ်လို့ အတိုက် အခံ တွေနဲ့ နီးစပ်တဲ့ ဆီးရီးယား လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။ ဆီးရီးယား အစိုးရဟာ အကြမ်းဖက် သမားတွေကို တိုက်ခိုက် နေတယ် ဆိုပြီး အတိုက် အခံတွေ အပေါ် ရည်ရွယ်ချက် ရှိရှိနဲ့ ချေမှုန်း နေတာ ဖြစ်တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ အွန်လိုင်း အဖွဲ့ ဖြစ်တဲ့ Avaaz ကနေ သတင်း ထုတ်ပြန် ထားပါတယ်။ အဲဒီ အဖွဲ့က သူတို့မှာ ပျောက်ဆုံးနေတဲ့ လူပေါင်း ၁ သောင်း ၈ ထောင်လောက် ရဲ့ အမည်စာရင်းတွေ ရှိတယ်လို့ ပြောပါတယ်။ နောက်ပြီး တခြား လူပေါင်း ၁ သောင်း လောက် ပျောက်ဆုံး နေတာကိုလည်း သိတယ်လို့ ဆိုပါတယ်။ ဒီကိစ္စရပ်တွေကို သက်သေ အထာက် အထားတွေနဲ့ တကွ ကုလသမဂ္ဂ လူ့အခွင့် အရေး ကောင်စီကို စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ် နိုင်ဖို့ တင်ပြမှာ ဖြစ်တယ်လို့ Avaaz အဖွဲ့က ပြောပါ တယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ဆီးရီးယား အစိုးရဘက် ကတော့ ခုချိန်ထိ ဘာမှ တစုံ တရာ ပြောကြားခြင်း မရှိသေး ပါဘူး။ ဒါပေမယ့် အရင် ကတော့ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ လုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်လာတိုင်း ဆီးရီးယား အစိုးရဟာ ငြင်းဆန်လေ့ ရှိခဲ့ပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3