October 22, 2012

ကြော်ငြာသစ်ရိုက်ကူးခဲ့သည့် ကင်ထယ်ဟီး


တောင်ကိုရီးယား နိုင်ငံ၏ အပြုံး အလှပိုင်ရှင် မင်းသမီးချော ကင်ထယ် ဟီးသည် သူမ၏ တူမများ နှင့် အတူ ကြော်ငြာသစ် ရိုက်ကူး ခဲ့ကြောင်း သိရသည်။ အဆိုပါ အိပ်ရာခင်း ကြော်ငြာတွင် ကင်နှင့်အတူ သူမ၏ တူမများက ချစ်စဖွယ် ကောင်းသော   ဟန်ပန်မူရာ များဖြင့် သရုပ်ဆောင် ခဲ့ သည်။ အိပ်ရာ ပေါ် တွင် ပျော်ရွှင်စွာ ကစားနေသော အဒေါ်နှင့် တူမများ၏ သရုပ်ဆောင် ကောင်းမှုက အိပ်ရာခင်း သစ်ကို ပိုမို အရောင်း သွက် စေမည်ဟု  ကြော်ငြာ ဒါရိုက်တာက ပြောကြား ခဲ့သည်။ ကြော်ငြာ ဓာတ်ပုံများကို ကင်ထယ်ဟီး၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့ရာ ကြည့်ရှုသူ ပရိသတ် များက ကင်၏ တူမများသည် ကင်၏ ခြေရာ ကို နင်းမည့် သရုပ်ဆောင် လေးများ ဖြစ်လာ နိုင်ကြောင်း မှတ်ချက် ပေးကြသည်ဟု သိရသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3