October 22, 2012

ဆေးလိပ်သောက်ခြင်း အန္တရယ်


လက်ဖက်ရည်ကြမ်းက ဆေးလိပ်သောက်လို့ ဖြစ်တဲ့ကင်ဆာပေါ် သက်ရောက်မှု (ပြုပြင်မှု) ရှိနိုင်တာကို တိုင်ဝမ် ကျွန်းဆေးရုံ တစ်ရုံက အမေရိကန် ပြည်ထောင်စု၊ ကင်ဆာ သုတေသန အသင်းရဲ့ ယခုနှစ်စာတမ်းဖတ်ပွဲမှာ တင်ပြထားပါတယ်။ တိုင်ဝမ်းဆေး တက္ကသိုလ်က ဒေါက်တာလင်က “ အဆုတ် ကင်ဆာဆိုတာ တရုတ်(တိုင်ပေ) မှာ သေနှုန်းများ တဲ့ ရောဂါဖြစ်ပါတယ်၊ လက်ဖက်ရည်ကြမ်းက စိတ်ဝင်စားဖို့ ကောင်းတယ်၊ သူမှာပေါ် လီဖီနာလို့ခေါ် တဲ့ အင်တီအောက်စီဒင့်ပါတယ်၊ သူက အလုံး၊ အကြိတ်ဖြစ်တာကို တားတယ် ” လို့ ဆိုပါတယ်။ ဒေါက်တာလင်နဲ့ သူ့အဖော်တစ်စုက အဆုတ်ကင်ဆာဖြစ်ပြီး လူနာ ၁၇၀ နဲ့ ပကတိ ကျန်းမာသူ ၃၄၀ ကို မေးခွန်းတွေမေးပြီး သုတေသနပြုပါတယ်။ သူတို့ရဲ့ နေထိုင်ရာဒေသ၊ စီးကရက်သောက်သုံးမှု၊ လက်ဖက်ရည်ကြမ်းသောက်သုံးမှု၊ နေ့စဉ်စားသုံးမှု (အသီးအ နှံ၊ ဟင်းသီးဟင်းရွက်)၊ ချက်ပြုတ်ပုံ၊ မိသားစုမှာ ကင်ဆာမျိုးရိုး ရှိမရှိ တို့နဲ့ဆက်စပ်ပြီး စူးစမ်းပါတယ်။ သုတေသနပြုခံရသူ အုပ်စုထဲပါ၊ ဆေးလိပ်သောက်သူရော၊ မသောက်သူရော တစ်နေ့ လက်ဖက် ရည်ကြမ်း တစ်ခွက်ကလေးတောင် မသောက်ဘူးဆိုရင် ကင်ဆာဖြစ်ဖို့ (ရဖို့) ၅.၁၆ ဆဖြစ်နိုင်ခြေရှိကြောင်း သိရပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3