
ဟားဗက်ချစ်သူ ''တစ်ခါတုန်းက တက္ကသိုလ်'' ဇာတ်ကားမှ မင်းသမီးချော ကင်ထယ်ဟီးနှင့် မင်းသား ဟာဂျောင်ဝူးတို့ ချစ်ကြိုက် နေကြ ပြီဟု မကြာခင်က သတင်းများ ထွက်ပေါ် ခဲ့သည်။ သို့သော် အဆိုပါ သတင်းသည် ဟုတ်မှန်ခြင်း မရှိကြောင်း ဟာဂျောင်ဝူးက ပြန်လည် ငြင်းဆို ထားသည်။ ကင်ထယ်ဟီးနှင့် မိမိတို့ နှစ်ဦးသည် ပြီးခဲ့သည့် နှစ်က နှစ်ကြိမ်သာ တွေ့ခဲ့ဖူးကြောင်း၊ အခမ်းအနား နှစ်ခုတွင် တွေ့ဆုံ ခဲ့ခြင်း ဖြစ်ပြီး မိမိတို့နှင့် အတူ ဂေါင်ယိုနှင့်ယိုဂျင်းတို့လည်း ပါဝင်ကြောင်း၊ မိမိတို့ တွေ့ဆုံခြင်းသည် မိတ်ဆွေ ကဲ့သို့ သာမန် တွေ့ဆုံမှုသာ ဖြစ်ကြောင်း ဟာဂျောင်ဝူးက ရှင်းလင်း ပြောကြား ထားသည်ဟု သိရသည်။
0 comments:
Post a Comment