October 22, 2012

အမျိုးသမီးများ စားသင့်သောအစားအစာများ


အနက်ရောင် ဘယ်ရီသီး
အင်ဒီအောက်ဆီးဒင့်တွေ ကြွယ်ဝစွာ ပါဝင်ပြီး Phenolic Acids ဓာတ်တွေပါဝင်ပါတယ်။ အရသာရှိတဲ့ ဖျော်ရည်အဖြစ် သောက်သုံးနိုင်ပြီး ကင်ဆာနဲ့ နှလုံးရောဂါတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေနိုင်ပါတယ်။ ကယ်လိုရီလည်း လောင်ကျွမ်းစေနိုင်ပါတယ်။

ကန်စွန်းရွက်
ရင်သားကင်ဆာကို တိုက်ထုတ်နိုင်တဲ့ အရွက်တစ်မျိုးဖြစ်တယ်လို့ British အာဟာရဆိုင်ရာ ပညာရှင်တွေကဆိုပါတယ်။ ကန်စွန်းရွက်မှာ ဗီတာမင်စီ၊ ဘီဝမ်း၊ ဘီစစ်၊ ဗီတာမင်ကေနဲ့ အီး၊ သံဓာတ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်ဓာတ်နဲ့ ပိုတက်စီယမ်တွေပါဝင်ပြီး ပန်းသီး အစိမ်းရောင်၊ ပန်းဂေါ်ဖီစိမ်းနဲ့ ခရမ်းချဉ်သီးတွေလည်း စားသုံးပေးနိုင်ပါတယ်။

မုန်လာဥနီ
အင်ဒီအောက်ဆီးဒင့်တွေ ကြွယ်ဝပြီး အာဟာရပြည့်ဝတဲ့ အရောင်ရင့် အစားအစာတစ်မျိုးဖြစ်ကာ မျက်စိကျန်းမာရေးကို ကောင်းစေပြီး နှလုံးကို ကျန်းမာစေပါတယ်။ သက်ကြီးအတိတ်မေ့ရောဂါနဲ့ မှတ်ဉာဏ်ပျက်စီးမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အနီရောင် ဂရိတ်ဖရုသီး
ကင်ဆာနဲ့ နှလုံးရောဂါကို ကာကွယ်နိုင်ပြီး ကယ်လိုရီကို လောင်ကျွမ်းစေကာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်ပါတယ်။ အရေပြားကို ကျန်းမာလှပစေတဲ့ ဂရိတ်ဖရုသီးအနီရောင်က ဖျော်ရည်အဖြစ် နေ့စဉ်သောက်ပေးသင့်ပါတယ်။

ဗာဒံစေ့
ပရိုတင်းဓာတ်၊ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အဆီ၊ ဗီတာမင်အီး၊ အမျှင်ဓာတ်နဲ့ တခြားဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်ပါတယ်။ ခန္ဓာကိုယ် အလေးချိန်ကျစေဖို့ ကူညီပေးပြီး ကြွက်သားတည်ဆောက်မှုကို ကောင်းမွန်စေကာ ကင်ဆာရောဂါနဲ့ ဆီးချို သွေးချိုကို သက်သာစေနိုင်ပါတယ်။

ဒိန်ချဉ်
ပရိုတင်း၊ ကယ်လ်စီယမ်၊ ပိုတကဆီယမ်၊ ဗီတာမင် B12 နဲ့ အကျိုးပြု ဘက်တီးရီးယားတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဝမ်းဗိုက်ချပ်ရပ်စေကာ ခန္ဓာကိုယ် သွယ်လျစေပါတယ်။ အဆီထုတ်ပြီးသားနဲ့ အချိုလျှော့ထားတဲ့ဒိန်ချဉ်ကို လတ်ဆတ်တဲ့ အသီးတွေနဲ့ရောပြီး တစ်နေ့ကို တစ်ခွက်လောက် သောက်ပေးပါ။

ဆယ်လ်မွန်ငါး
နှလုံးရောဂါနဲ့ သက်ကြီး အတိတ်မေ့ရောဂါ၊ ကင်ဆာ၊ အရိုးအဆစ်နာကျင်မှုနဲ့ စိတ်ကျရောဂါတွေကို ကုစားနိုင်တဲ့ သဘာဝဖက်တီး အက်စစ်တွေ ပါဝင်ပါတယ်။ အမေရိကန် နှလုံးရောဂါဌာနရဲ့ လေ့လာမှုတွေအရ တစ်ပတ်ကို ငါးတစ်ကြိမ် ပါဝင်အောင်စားတဲ့ အမျိုးသမီးတွေမှာ နှလုံးရောဂါဖြစ်နှုန်းကို လျော့ကျစေတယ်လို့ ဆိုပါတယ်။

ပဲနီလေး
အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး အသားဓာတ်နဲ့ တခြားသံဓာတ်တွေ၊ ဗီတာမင်ဓာတ်တွေ ပါဝင်ပါတယ်။ သွေးသကြားဓာတ်ကို တိုးတက်စေပြီး ခန္ဓာကိုယ်အလေးချိန်ကိုလည်း ထိန်းချုပ်နိုင်ပါတယ်။

သံလွင်ဆီ
ဗီတာမင်အီး ကြွယ်ဝပြီး နှလုံးကျန်းမာစေတဲ့ အဆီအဖြစ် လူသိများပါတယ်။ သံလွင်ဆီဟာ လေ့လာမှုတွေအရ အမျိုးအစား ၂ ဆီးချိုရောဂါကို တိုက်ထုတ်နိုင်ခြင်း၊ ရင်သားကင်ဆာကို လျော့ပါးစေခြင်း၊ သွေးတိုးတာကို သက်သာစေခြင်း၊ ဦးနှောက်ကျန်းမာစေခြင်း၊ အဆုတ်ရဲ့ လုပ်ဆောင်ချက်ကို ကောင်းမွန်စေခြင်း၊ ရောင်ရမ်းမှုကို လျော့ကျစေခြင်း၊ ခန္ဓာကိုယ်အလေးချိန် ကျစေခြင်းနဲ့ ဝမ်းဗိုက် ချပ်ရပ်စေခြင်းစတဲ့ အကျိုးတွေရှိပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3