မြန်မာဗီဒီယိုဇာတ်ကားများ ငှားရမ်းပြသသော ဗီစီဒီအခွေငှားဆိုင်များအတွက် အခွေဝယ်ယူခြင်းအား ၂၅ ရာခိုင် နှုန်းအထိလျှော့ချထားပေးကြောင်းကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ၄-၉-၂၀၁၂ ရက်တွင်ပြော ကြားသည်။ ယင်းကဲ့သို့ အခွေဝယ်ယူခြင်းများ လျှော့ချမှုအပေါ် ဥက္ကဋ္ဌဦးဇင်ဝိုင်းက ''အရ င်ကအခွေငှား ဆိုင်တစ်ဆိုင် ကို တစ်နှစ်လုံးရဲ့ ထုတ်လုပ်ဖြန့်ဖြူး သမျှမြန်မာဗီဒီယို ဇာတ်ကားတွေရဲ့ ၄၀ ရာခိုင်နှုန်း ၀ယ်ယူရတယ်။ အခု ၂၅ ရာခိုင်နှုန်းအထိပဲ ၀ယ်ယူဖို့လျှော့ချလိုက်တာပေါ့ ''ဟုပြော ကြားသည်။ အခွေငှားဆိုင်များက သတ်မှတ် ရာခိုင်နှုန်းပြည့် မီအောင် မ၀ယ်ယူသည့်အခွေဆိုင်များကို လိုင်စင်သက်တမ်း တိုးမြှင့်ခွင့် မရရှိခြင်းအပြင် အခွေငှားဆိုင်များ အတွက်လည်း သတ်မှတ်ရာနှုန်း ပြည့်မီအောင် ၀ယ်ယူရာ၌ အခက်အခဲများ ရှိခြင်းကြောင့် ယခုကဲ့သို့ လျှော့ချ လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ''တစ်လမှာ ဇာတ်လမ်း ၂၀ လောက်ပဲ ၀ယ်ရတော့တာပါ။ ဒီလိုလျှော့ ချ ဖို့ကိုလည်း ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးကပဲ လုပ်ခဲ့ရတာ။ လိုင်စင်သက်တမ်း တိုးမြှင့်တဲ့ ကိစ္စ ကိုတော့ ပြန်ကြားရေးကပဲ ချပေးတာပါ'' ဟု ယင်းကပြောကြားသည်။ အခွေငှားဆိုင်တစ်ဆိုင်၌ တစ်လလျှင်မြန်မာ ဗီဒီယို ဇာတ်ကား ၂၀ ခန့်မှ မ၀ယ်ယူဘဲ အခွေငှားဆိုင်ဖွင့်သည်မှာ အဓိပ္ပာယ်မရှိနိုင်ကြောင်း၊ မည်သည့် အခွေငှား ဆိုင်မဆို တစ်လလျှင် အခွေ ၂၀ ခန့် ၀ယ်ယူရန်မခက်ခဲသင့်ကြောင်း ယင်းက ပြောပြခဲ့သည်။
0 comments:
Post a Comment