October 22, 2012

ဂျပန်နိုင်ငံမှာဇာတ်လမ်းတိုပြိုင်ပွဲပြိုင်ဖြစ်သူ ယွန်းယွန်း

Photo


ကလေးသရုပ်ဆောင် နေရာတစ်ခုကနေ အနုပညာ လောကထဲကို ဝင်ရောက်လာတဲ့ ယွန်းယွန်းက ပရိသတ်တွေရဲ့  လက်ခံအားပေးမှုကို ခုချိန်အထိ ရရှိထားသူလည်း ဖြစ်ပါတယ်။ ယွန်းယွန်းက လူငယ်ဒါရိုက်တာ ပြိုင်ပွဲကို ဝင်ပြိုင်ဖြစ် ရင်းက ရွေးချယ်ခံ လိုက်ရကြောင်းလည်း သိရပါတယ်။ "ရုပ်ရှင် အစည်းအရုံးကနေပြီးတော့ လူငယ်ဒါရိုက်တာ ပြိုင်ပွဲ "သုံးပွင့်ဆိုင်" ဇာတ်လမ်းတို ပြိုင်ပွဲကို ခေါ်နေတယ်လို့ သတင်းရတယ်ပေါ့နော်။ မေမေကလည်း လုပ်ကြည့်မလားပေါ့။ သမီးကလည်း အရင်ကတည်းက ကလေးသရုပ်ဆောင်ကို ငယ်ငယ်တုန်းက လုပ်လာတာဆိုတော့ ဒါရိုက်တာ လုပ်တာကို စိတ်ဝင်စားတယ်။ အဲဒီအလုပ်ကို ဝါသနာပါတယ်။ လုပ်ကြည့်ချင်တယ်။ ၃ မိနစ်စာ ဇာတ်လမ်း ဆိုတော့လည်း ကိုယ်လုပ်နိုင်မယ်လို့ ထင် တယ်ပေါ့နော်။ ဇာတ်လမ်းကြီးလည်း မဟုတ်တော့ အဓိကကတော့ စိတ်ဝင်စားလို့ ဝင်ပြိုင်ဖြစ်သွားတယ်။ သရုပ်ဆောင် ကျတော့ ယွန်းယွန်းရယ်၊ မေမေရယ်ပဲ သရုပ်ဆောင် လိုက်တာပါ။ သိပ်ပြီးတော့ ထွေထွေ ထူးထူး ပြင်ဆင် ရတာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ အဲဒီကားတင်ဖို့အတွက် နောက်ဆုံး ဖောင်ပိတ်တဲ့ရက်မှ စရိုက်တာပေါ့နော်။ အကုန်လုံးက ဖုတ်ပူ မီးတိုက်ပဲ။ အရမ်း မြန်မြန် ဆန်ဆန်ကြီး လုပ်လိုက်ရတယ်။ မထင်မှတ်ဘဲနဲ့ ရွေးချယ်ခံ လိုက်ရတယ်" လို့ ဇာတ်လမ်းတို ရိုက်ဖြစ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး ပြောပြသွားခဲ့ပါတယ်။ ယွန်းယွန်းက မြန်မာနိုင်ငံ ကိုယ်စားပြု လူငယ်အနေနဲ့ နိုဝင်ဘာ ၁၈ ရက်နေ့မှာ ဂျပန်နိုင်ငံကို သွားရောက်ပြီး ဇာတ်လမ်းတို ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ခုလိုသွားရတဲ့အတွက် ဗဟုသုတတွေ အများကြီး ရမယ်လို့လည်း မျှော်လင့်ထားပီး ဝမ်းသာပီတိ ဖြစ်ရကြောင်း ပြောပြလာတာကတော့ "စိတ်ဝင်စားတာ တစ်ခုတည်းနဲ့ ကြိုးစားလိုက်တာပေါ့။ အဲဒါလေးက အမှတ်တရလေး ဖြစ်သွားတော့ တကယ်ဝမ်းသာပါတယ်။ အဲဒီကို သွားရမှာဆိုတော့ ဗဟုသုတတွေ အများကြီး ရမှာဖြစ်တယ်လို့ မျှော်လင့်ထားတဲ့ အတွက် ပျော်ပါတယ်။ မြန်မာနိုင်ငံကို ကိုယ်စားပြု လူငယ်အနေနဲ့ သွားရတဲ့ အတွက်ကိုလည်း ဝမ်းသာပါတယ်" လို့ ပြောပြသွားပါတယ်

2 comments:

anonymous said...

ပြိုင်ပွဲမှာ အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်

anonymous said...

ယွန်းယွန်း ဒီထက်မကအောင်မြင်ပါစေလို့
ဆုတောင်းပေးပါတယ်

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3