
ဗြိတိန်နိုင်ငံသား ကွန်ပျူတာဟက်ကာ တစ်ဦးကို အမေရိကန် ပြည်ထောင်စုသို့ လွှဲပြောင်း ပေးအပ်ရေးတွင် ဗြိတိနိုင်ငံအစိုးရက တားဆီးလိုက်ခြင်းဖြင့် အမေရိကန် စစ်ဖက်ရေးရာနဲ့ အမျိုးသားလေကြောင်းနှင့် အာကာသ အုပ်ချုပ်ရေးအဖွဲ့ (NASA) တို့ရဲ့ ကွန်ပျူတာနက်ဝပ်ထဲသို့ ဝင်ရောက်ပြီး အချက်အလက်များ ခိုးယူမှုနဲ့ ပတ်သက်လို့ စွပ်စွဲခံရတဲ့အပေါ် တရားရင်ဆိုင်ရေးကို ရှောင်လွှဲနိုင်ရေးအတွက် ဆယ်စုနှစ် တစ်ခုအကြာ လှုပ်ရှားဆောင်ရွက်နေမှုများ အဆုံးသတ်သွားပြီ ဖြစ်ကြောင်း အယ်ဂျာဇီးယား သတင်းမှာ ဖော်ပြထားပါတယ်။ ဗြိတိသျှပြည်ထဲရေး ဝန်ကြီး သီရယ်ဆာမေက အောက်တိုဘာလ ၁၆ ရက် အင်္ဂါနေ့မှာ အောက်လွှတ်တော်၌ ပြောကြားခဲ့ရာတွင် ၂၀၀၁ ခုနှစ်နဲ့ ၂၀၀၂ ခုနှစ်များ အကြား ကျူးလွန်ခဲ့တဲ့ ကွန်ပျူတာ ရာဇဝတ်မှုများအတွက် အသက် ၄၆ နှစ်အရွယ်ရှိ ဂါရီမက်ကင်နော်မ်းကို တရားစွဲဆိုရန် အမေရိကန် ပြည်ထောင်စုရဲ့ တောင်းဆိုချက်ကို သူ့အနေဖြင့် ငြင်းပယ်လိုက်တယ်လို့ ပြောကြားခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်ကတည်းက အမေရိကန် ပြည်ထောင်စုသို့ လွှဲပြောင်းပေးရန် တောင်းဆိုခြင်း ခံနေရတဲ့ ကွန်ပျူတာဟက်ကာ မက်ကင်းနော်မ်းက အမေရိကန် ပြည်ထောင်စုရဲ့ ကွန်ပျူတာဖိုင်များအတွင်း ဝင်ရောက်ကြည့်ရှုခဲ့မှုကို ဝန်ခံခဲ့သော်လည်း သူ့အနေဖြင့် အခြားပြင်ပ ကမ္ဘာဂြိုလ်များမှ လာသော လူသားများနဲ့ ပတ်သက်တဲ့ အချက်အလက် အထောက်အထားများကို ရှာဖွေ စူးစမ်းလိုမှုအတွက် အမေရိကန်အစိုးရရဲ့ ကွန်ပျူတာ ဖိုင်များအတွင်းသို့ ဝင်ရောက်ပြီး အချက်အလက်များ ခိုးယူရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ မက်ကင်နော်မ်းဟာ အထီးကျန်စိတ်ဝေဒနာကို ခံစားနေရပြီး၊ စိတ်ကျရောဂါကို အပြင်းအထန် ခံစားနေရတဲ့အပေါ် သံသယမရှိတဲ့အတွက် အမေရိကန် ပြည်ထောင်စုရဲ့ တောင်းဆိုချက်ကို ငြင်းပယ်လိုက်ရခြင်း ဖြစ်တယ်လို့ ဗြိတိသျှ ပြည်ထဲရေး ဝန်ကြီး ကပါလီမန်ကို ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
0 comments:
Post a Comment