October 21, 2012

စတုတ်ခ်ကိုမန်ယူ စိုးရိမ်ထိတ်လန့်သင့်ဟု ဝီလ်ကင်ဆင် သုံးသပ်



စတုတ်ခ် စီးတီး၏ တိုးတက်လာသော ကစားဟန်ကို မန်ချက်စတာ ယူနိုက်တက် အနေဖြင့် စိုးရိမ်ကြောင့်ကြသင့်ကြောင်း  စတုတ်ခ် နောက်ခံလူ အန်ဒီ ဝီလ်ကင်ဆင်က ပြောကြားလိုက်သည်။ အသက်(၂၈)နှစ်ရှိ ကစားသမားက စတုတ်ခ်သည် မန်နေဂျာ တိုနီပူးလစ် လက်အောက်တွင် မည်သည့် ပရီးမီးယားလိဂ် အသင်းအတွက် မဆို စိုးရိမ်စရာ ပြိုင်ဘက် ဖြစ်လာကြောင်း မှတ်ချက်ပြုခဲ့ပြီး စနေနေ့တွင် တွေ့ဆုံမည့် အိမ်ရှင်များလည်း အပါအဝင်ဟု ကြွေးကြော်ခဲ့သည်။ ကာယအားပြု ကစားဟန်ကြောင့် ထိပ်တိုက် ရင်ဆိုင်ရန် ခက်ခဲကြောင်း အသိအမှတ်ပြု ခံထားရသည့် စတုတ်ခ်သည် အိုးလ်ထရက်ဖို့ဒ်တွင် မန်ယူ အသင်းအား ရင်ဆိုင် ကစားမည် ဖြစ်သည်။ ဝီလ်ကင်ဆင်က အိမ်ကွင်းတွင် ယခုရာသီ တစ်ပွဲသာ အရေး နိမ့်ထားသော မန်ယူကို မိမိနှင့် အသင်းဖော်များက နောက်ထပ်တစ်ကြိမ် အံ့ဩ စိတ်ပျက်စရာ ကြုံသွားစေရန် အသင့်ရှိနေကြောင်း ဆိုသည်။ Sky Sports နှင့် အင်တာဗျူးတွင် ဝီလ်ကင်ဆင်က "အိုးလ်ထရက်ဖို့ဒ်လို နေရာမျိုးမှာ ကစားဖို့ဆိုတာက ခင်ဗျား မက်နေတဲ့ အိပ်မက်တစ်ခု ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲဒီကွင်းကြီးရဲ့ အရှိန်အဝါအောက်မှာ အကောင်းဆုံး လုပ်ပြဖို့ လိုပါတယ်။ ကျွန်တော်တို့ အသင်းဟာ လွန်ခဲ့တဲ့ (၅)နှစ်အတွင်း မယုံနိုင်လောက်စရာ တိုးတက်လာတယ်။ အသင်းမှာ ကစားသမားကောင်းတွေလည်း စုဖွဲ့ထားနိုင်ပါပြီ။ ခုဆိုရင် ကျွန်တော်တို့ဟာ အနိုင်ယူဖို့ သိပ်ခက်တဲ့ အသင်းတစ်ခု ဖြစ်လာခဲ့တယ်။ အသင်းက ကစားသမားတွေ အားလုံး အစွမ်းကုန် ပေးဆပ်ထားတာကလည်း အားတက်စရာပါ။ မန်ယူ အပါအဝင် ပရီးမီးယားလိဂ် အသင်းတိုင်းကို ကျွန်တော်တို့ အကောင်းဆုံး ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပါပြီ" ဟု ပြောကြားသွားသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3