
ရက်စွဲအတိကျပါတယ်၊ အိမ်လိပ်စာပါတယ်၊ အသက် ပါတယ်။ နာမည်တစ်ခုသာကျန်တော့တယ်။ သို့သော်ဘယ်သူလဲ ဆိုတာ အားလုံးသိပြီ။ စတုတ္ထမန်းတပ်ကြီးရဲ့ လုပ်ရပ်က ဘေးထွက်ဆိုးကျိုးဘယ်လောက်ရှိမယ်လို့ ထင်ပါသလဲ မတွေ့ဝံ့စရာပါ။ ဒီသတင်းကိုဖတ်ပြီး လူထုက ဘာတွေရမှာလဲမသိပါ။ အသုံးမကျတဲ့ စတုတ္ထမန်း တပ်ကြီးကြောင့် မြန်မာ စာဖတ် ပရိတ်သက်များ အသိဆိုးတွေ ဝင်ကုန်ကြပါပြီ။ ကင်မရာလေးနဲ့ ဓာတ်ပုံလေး ရုပ်ထွက်အောင် ရိုက်တတ်၊ မြန်မာ စာလေး မတောက်တခေါက် ရေးတတ်ရင် သတင်းထောက် ဖြစ်ပြီ ဆိုတဲ့ ခေတ်ရောက်နေပြီဖြစ်သည်။ ပေါလိုက်တဲ့ သတင်းထောက်များ။ ထွက်လိုက်တဲ့ ဂျာနယ်များ။ ဆန္ဒပြပွဲတွေမှာ သတင်းယူသလိုလိုနဲ့ ဆန္ဒက ဝင်ပြသေးတယ်။ ကျင့်ဝတ်မသိတဲ့ သတင်းထောက်တွေ၊ ကျင့်ဝတ်မသိတဲ့ အယ်ဒီတာတွေ၊ စောင်ရေတက်ဖို့ပဲ အားသန်နေတဲ့ ထုတ်ဝေသူတွေ စုထားတဲ့ မြန်မာ့ မီဒီယာ လောကကြီး။ အစိုးရနဲ့ တာဝန်ရှိသူတွေကို ပုပ်ခတ်ရေးသားတာတွေ၊ ထိခိုက်ပျက်ဆီး သေကြေကြတာတွေ ကို ဂျာနယ်မျက်နှာဖုံးမှာတင်ပြီး စောင်ရေတတ်အောင် လုပ်နေတာ ကြာလာရင် လူထုရဲ့ ခေါင်းထဲမှာ အစိုးရကို ဆန့်ကျင်ချင်စိတ်နဲ့ မိုက်ရူးရဲစိတ်တွေသာ တိုးလာပြီး ဘာမှ အသိပညာ တိုးမလာ တဲ့အပြင် လူနေမှု အဆင့်အတန်း ပိုဆိုးလာ၏။ လမ်းမှာ အမှိုက်တွေ့လျှင် အမှိုက်ပစ်သူကို အပြစ်မ တင်ပဲ အမှိုက် မသိမ်းတဲ့ စည်ပင်ကို အပြစ်တင်ရေး၏။ ယဉ်စီးကမ်းမလိုက်နာသူများကို ရဲဖမ်းလျှင် စည်းမဲ့ကမ်းမဲ့ လမ်းဖြတ်ကူးသူကို အပြစ်မရေးပဲ ယဉ်ထိန်းရဲကို အပြစ်ရေး၏။ ထူးဆန်းလိုက်တဲ့ မြန်မာ့ စတုတ္ထမန်းတပ်ကြီး။
Source : http://www.myanmarexpress.net
Source : http://www.myanmarexpress.net
0 comments:
Post a Comment