October 22, 2012

မြန်မာနှင့် ကင်မရွန်းအသင်း ခြေစမ်းပွဲကစားဖွယ်ရှိ


မြန်မာ အသင်းသည် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကစားရမည့် နိုင်ငံတကာ ခြေစမ်းပွဲ အတွက် အာဖရိကမှ ကင်မရွန်း လက်ရွေးစင် အသင်းနှင့် ကစားရန် ယခုလ ၁၉ ရက်နေ့က ကင်မရွန်း ဘောလုံး အဖွဲ့ချုပ် ထံသို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ဖိတ်ကြား ထားကြောင်း သိရသည်။ ကင်မရွန်း အသင်းသည် လက်ရှိ ဖီဖာအဆင့် သတ်မှတ်ချက်တွင် အဆင့် (၇၁) ဖြစ်ပြီး ကမ္ဘာ့ ဖလားတွင် (၆) ကြိမ် တက်ရောက် ကစားထားသော အသင်း ဖြစ်သည်။ မြန်မာ အသင်းနှင့် ခြေစမ်းပွဲ ကစားဖွယ် ရှိနေသော ကင်မရွန်း အသင်းမှာ ယခင် အင်တာနှင့် ဘာစီလိုနာ တိုက်စစ် မှူးဟောင်း ဖြစ်သည့် အပြင် ယခု ရုရှား ကလပ် အန်ဇီ အသင်းမှ တိုက်စစ်မှူး အီတူးက အသင်း ခေါင်းဆောင် အဖြစ် တာဝန်ယူ ထားပြီး ယခုတွင် လာမည့် ၂၀၁၃ အာဖရိက နိုင်ငံများ ဖလား ခြေစစ်ပွဲစဉ်များ ယှဉ်ပြိုင် ကစားနေသည့် အသင်း ဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် ယခုနှစ် ဆူဇူကီး ဖလား အုပ်စု ပွဲစဉ်များ ယှဉ်ပြိုင် ကစားမည့် မြန်မာ့လက်ရွေးစင် အသင်း အတွက် ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားရန် ပြီးခဲ့သည့် အပတ် အတွင်းက တရုတ်၊ ယူအေအီး၊ ဘာရိန်း၊ တက်ခ်မင် နစ္စတန်၊ အိန္ဒိယ စသည့်အသင်း (၅) သင်းကို ဖိတ်ကြား ထားခဲ့ရာ ကင်မရွန်း အသင်း သည် (၆) သင်းမြောက် ဖိတ်ကြားသည့် အသင်း ဖြစ်သည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3