အစ္စရေးနိုင်ငံ၏ ကွန်ပျူတာ ကွန်ရက်ထဲသို့ နေ့စဉ်ဝင်ရောက် မွှေနှောက်ကာ နှောင့်ယှက်နေသော ကွန်ပျူတာဟက်ကာများမှာ အီရန်လူမျိုးများ ဖြစ်သည်ဟု အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုမှ ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့က ပြောဆိုခဲ့သည်။ “ကျွန်တော်တို့ရဲ့ ဆိုက်ဘာကွန်ရက်ထဲကို တိုက်ခိုက်ခံရတာတွေ ပိုပိုများလာတယ်။ ကျွန်တော့်တို့ အစိုးရပိုင် ကွန်ပျူတာတွေကို ဖျက်ဆီးဖို့ ကြိုးစားတဲ့ဖြစ်ရပ်တွေ နေ့တိုင်းရှိနေတယ်” ဟု နေတန်ယာဟုက အစ္စရေးအစိုးရအဖွဲ့ဝင် သီတင်းပတ် အစည်းအဝေး၌ ပြောကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်က “ပြီးခဲ့တဲ့နှစ်က ကျွန်တော် အမျိုးသားဆိုက်ဘာ အင်တာနက်ဌာနချုပ်ကို တည်ထောင်ခဲ့တယ်။ ဒီလို အနှောက်အယှက်တွေကို တားဆီးနိုင်ဖို့ပေါ့။ အစောကြီးကတည်းက ဒီလိုဖျက်ဆီးလာမယ့် အဖွဲ့တွေကို ပြန်ပြီး ကာကွယ် တိုက်ခိုက်နိုင်အောင် Iron Dome ဆိုတဲ့ တန်ပြန်တိုက်ခိုက်ရေးအဖွဲ့ကို ကြိုဖွဲ့ထားခဲ့တယ်။ နောက်ပြီး ဂါဇာကမ်းမြောင်ဒေသနဲ့ တောင်ဘက်ပိုင်းက မြို့တွေကို ကာကွယ်ဖို့ ချိန်ရွယ်ထားတဲ့ ဒုံးပျံ ထိန်းချုပ်မှုစနစ်တွေကို မထိခိုက်ရအောင် ရည်ရွယ်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အခုအဲ့ဒီ Iron Dome အဖွဲ့ရဲ့ ကာကွယ်ရေး ကွန်ရက်စနစ်တွေကို ချိုးဖောက်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အခုဆိုရင် ဆိုက်ဘာ စစ်ပွဲတစ်ခုနဲ့ ကြုံနေရပြီလို့ ပြောလို့ ရပါတယ်။ ဒါကို ကျွန်တော်တို့ ခုခံ တိုက်ခိုက်နေရပါတယ်” ဟူ၍ ပြောဆိုခဲ့သည်ဟု ဆင်ဟွာသတင်းဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
Source : http://www.yatanarpon.com.mm/

0 comments:
Post a Comment