October 22, 2012

ညအိပ်ပျော်နေစဉ် အသားအရေ ပြုပြင်နိုင်ရန်


လက်နဲ့ ခြေထောက် မှာနူးညံ့ ချောမွေ့တဲ့ အသား အရေ ရရှိ စေဖို့ လက်နဲ့ ခြေထောက် မှာ အစိုဓာတ် ထိန်းနိုင်တဲ့ ခရင်မ် လိမ်းပြီး ပါးလွှာတဲ့ပိုးသားခြေအိတ်၊ လက်အိတ်စွပ်ကာ အိပ်စက်ပါ။ အခန်းတွင်း ရှိ လေထုစိုစွတ်နေစေဖို့အတွက် အေးမြတဲ့ရာသီ မှာ ညစဉ် အိပ်စက်တိုင်း အိပ်ခန်းထဲမှာ လေထုစိုထိုင်းစက် (Humidifier)ကို တပ်ဆင် ထားပါ။ လေထုစိုထိုင်းဆဟာ လေကို စိုစွတ်နေအောင် လုပ်ဆောင်ပေး တာကြောင့် အရေပြား ခြောက် သွေ့ယားယံမှုကို သက်သာစေရုံ သာမက စိုစွတ်နေတဲ့ လေကို လည်း အလွယ်တကူ ရှူရှိုက် လွယ်စေနိုင် ပါတယ်။ အိပ်ခန်းထဲမှာ အိပ်ခန်းကို မှောင်သွားစေမယ့် လိုက်ကာချ ထား ပါ။ ညအိပ်ချိန်မှာ လိုက်ကာချထားပေးရင် ပြင်ပ ညအလင်း ရောင်ကြောင့် အိပ်မပျော် တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင် ပါတယ်။ အိပ်ရေးဝ၀ အိပ်စက် အနားယူတာက အသားအရေ ကျန်းမာ ရေးအတွက် အရေးပါ ပါတယ်။ အကြောင်းကတော့ အရေပြားဆဲလ် တွေ ပြန် လည်ပြုပြင်မှုနဲ့ အသစ်ဖြစ်ပေါ် မှုဟာ အိပ်ပျော်နေချိန်မှာ ဖြစ်နေလို့ပါ။ အိပ်ချိန် အလုံအလောက် မရရှိရင် အရေပြားဟာ အသစ်ပြန် လည် ဖြစ်နိုင်ခြေ နည်းပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3