
အသက် ၂၄ နှစ်အရွယ် အမေရိကန်နိုင်ငံမှ ရေကူးမယ် DanaVollmer ဟာလန်ဒန်အိုလံပစ်ပြိုင်ပွဲ၊ မီတာ၁၀၀ လိပ်ပြာကူးပြိုင်ပွဲမှာ စံချိန်တင်ပြီး ရွှေတံဆိပ်ဆု ရရှိသွားကြောင်း သတင်းရရှိပါတယ်။ သူမဟာ ၅၆ စက္ကန့် ထက် လျော့နည်းပြီး ပန်းဝင်နိုင်တာကြောင့် ကမ္ဘာ့ပထမဆုံး အမြန်ဆုံးလိပ်ပြာကူးမယ် ဖြစ်သွားပါတယ်။ လွန်ခဲ့တဲ့လေးနှစ်က သူမအနေနဲ့ ပေကျင်းအိုလံပစ်ပွဲတော်မှာ အားကစားအရည်အချင်း မပြည့်ဝတဲ့အပြင် နှလုံးရောဂါ အခြေအနေကြောင့် ပြိုင်ပွဲဝင်ဖို့ စံချိန်မမီခဲ့ပါဘူး။ သူမအသက် ၁၅ နှစ်အရွယ်မှာ လေ့ကျင့်ခန်း ပြု လုပ်ရင်း ခေါင်းမူး တဲ့ဝေဒနာ ခံစားရတာကြောင့် ဆရာဝန်နဲ့ ပြကြည့်ရာမှ သူမမှာနှလုံးရောဂါ ရှိမှန်း သိခဲ့ရပါတယ်။ သူမရဲ့ လုံးခုန်နှုန်းဟာ ပုံမမှန်တာ ဖြစ်နေတာကြောင့် ပြုပြင်ခဲ့ပေမယ့် သူမမှာ မျိုးရိုးလိုက်တဲ့ LongQT Syndrome ခေါ်တဲ့ နှလုံးလျှပ်စီးကြောင်း ပြဿနာဖြစ်နေမှန်း တွေ့ရှိခဲ့ပြီး အဲဒါကြောင့် အချိန်မရွေး ရုတ်တရက် နှလုံးရပ်တန့် သွားနိုင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒိုနာနဲ့ သူ့မိသားစုတွေဟာ နှလုံးအတွင်း စက်ပစ္စည်း (Defibrillator) ထည့်ဖို့ ဆုံးဖြတ်ခဲ့ပြီး သူမနဲ့ လက်လှမ်းမီရာမှာလည်း စက်ပစ္စည်း (Defibrillator) တစ်ခုထားကာ ဆက်လက်လေ့ကျင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူမရဲ့ အသက် ၁၆ နှစ်အရွယ် ၂၀၀၄ ခုနှစ်မှာလည်း မီတာ ၂၀၀ အလွတ်ကူးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးခဲ့ပါတယ်။ မေရိုးကလင်းနစ်မှ လေ့လာမှုအရ LongQTSyndrome ရှိပေမယ့် အားကစား ဆက်လက်ပြုလုပ်သူ ၁၃၀ ယောက်မှာ တစ်ယောက်သာ ကစားနေ စဉ် နှလုံးပြဿနာဖြစ်ခဲ့တယ်လို့ တွေ့ရှိခဲ့ပါတယ်။
0 comments:
Post a Comment