October 22, 2012

ချစ်ခြင်းမေတ္တာ၊ ငြိမ်းချမ်းမှုကို ပေးတယ်ဆိုတဲ့  ဆရာမဂျင်းနီ ယောဂသင်တန်းအကြောင်း


မြန်မာနိုင်ငံမှာ ယောဂကျင့်လိုသူများ အတွက် တရုတ်နိုင်ငံက ဆရာမဂျင်းနီ က ယောဂသင်တန်းကို လာရောက် ဖွင့်လှစ် သင်ကြားပေးနေပါတယ်။ ယောဂ ကို တက္ကသိုလ်ကျောင်း သူဘဝက တည်းက လေ့ကျင့်ခဲ့တာဖြစ်ပြီး အခု ဆိုရင် ၇နှစ်ရှိပြီ ဖြစ်ကြောင်းသိရပါ တယ်။ ယောဂဆိုတဲ့ အဓိပ္ပာယ်နဲ့ ယောဂရဲ့ အကျိုးကျေးဇူးတွေ ကိုတာ့ ဆရာမဂျင်းနီက ”ယောဂရဲ့အစက ရှေး အိန္ဒိယကပါ။ ကိုယ်၊ စိတ်၊ နာမ် အတူကျင့် ကြံတဲ့ လေ့ကျင့် စဉ်တစ်ရပ် လည်းဖြစ်ပါတယ်။ သူကနေပြီး ရုပ်နဲ့ စိတ်ကို ပေါင်းစည်းစေတယ်။ လတ်တလောအတွင်းမှာ အာရုံပျံ့လွင့်မှု မရှိ စေဘဲ မိမိအတ္တ ကိုကျော်လွှားနိုင်တယ်။ သူကနေ ကျန်းမာလှပမှု၊ ချစ်ခြင်းမေတ္တာ၊ ငြိမ်းချမ်း မှုကို ပေးစွမ်းတယ်။ သဘာဝတရားနဲ့ ကျန်းမာစေတဲ့နည်းလမ်း လည်းဖြစ်တယ်။
ယောဂ ကျင့်ခြင်း ရဲ့အကျိုးအာနိသင်ကတော့ ...
(၁)ယောဂ ဟာ ခန္ဓာကိုယ်ကို ကျင့်ကြံပြီး စိတ်ထား မွေးမြူစေတဲ့ နည်းဖြစ်တယ်။ မိမိရဲ့ ခန္ဓာကိုယ် ကိုညီမျှအောင် အကောင်းဆုံး ထိန်းညှိပေး နိုင်တယ်။
(၂)ယောဂဟာ ကိုယ်စိတ်နှစ်ပါး ကို ပြုစုစောင့် ရှောက် တယ်၊ ဖိအားနဲ့ အိပ်ရေးပျက် မှုကို ပြေပျောက်စေတယ်။ စိတ်ကို ကြည်နူးစေတယ်၊ စိတ်ကို အေးချမ်း တည်ငြိမ်စေတယ်။
(၃)စည်းစနစ်တကျလေ့ကျင့်ရင် ကိုယ်အလေး ချိန် ထိန်းချုပ်နိုင်တယ်၊ ခန္ဓာကိုယ်ပုံစံ လှပစေ တယ်။
(၄)ရေရှည် လေ့ကျင့်ရင် စိတ်ဓာတ် ကို မြှင့်တင်ပေး တယ်။ကိုယ်စိတ် နှစ်ပါးပေါင်း စပ်ပေးတယ်။ အသွင်အပြင် ဆန်းသစ်စေတယ်။
(၅)ယောဂကို လေ့ကျင့်ရတဲ့ ရလဒ် ကို ကျေးဇူးတင်ပြီး တန်ဖိုးထားတတ်မယ်။ အေးချမ်း တည်ငြိမ်စွာနဲ့ ပြော ဆိုတတ်မယ်။ မိမိရဲ့စောင့်စည်းမှု သီလ အပေါ် ခိုင်မာစွာ ရပ်တည်နိုင် မယ်။ မိမိကိုယ်ကိုကျိုးနွံ၊ စာရိတ္တကောင်း မွန်မယ်” လို့ ရှင်းပြခဲ့ပါတယ်။
ယောဂကို ကျင့်ကြံချင်တဲ့ သူတွေက ယောဂမကျင့် ခင်မှာ ယောဂရဲ့ အဓိကအချက် အလက်ကို အရင် လေ့လာရမှာဖြစ်ကြောင်း၊ ယောဂ ကျင့်ဖူးတဲ့ သူတွေကို အကြံဥာဏ် တောင်းရမှာ ဖြစ် ကြောင်း၊ သင်တန်းသွားရောက်လေ့ ကျင့် သင်ယူပြီးမှ ကိုယ့်ဘာသာ ကိုယ် လေ့ကျင့်ရမှာ ဖြစ်ကြောင်း၊ ယောဂ ကိုလေ့ကျင့်ရင် အကျိုး အာနိသင် များစွာရရှိမှာဖြစ်ကြောင်း ဆရာမ ဂျင်းနီကပြောပါတယ်။ ယောဂကိုကျင့်တဲ့အခါ အသက်အရွယ် ကန့်သတ်မှု ရှိလား လို့မေး တော့ ဆရာမဂျင်းနီက “ကလေးတွေဆိုရင် ကန့်သတ်မှုရှိ တယ်။ ယောဂကို သာမန်လေ့ကျင့်မယ်ဆိုရင် အသက် ၆ နှစ်ကစပြီး လေ့ကျင့်လို့ ရတယ်။ ယောဂရဲ့ လှုပ်ရှားမှုတွေက အစပိုင်းဆိုရင် အချိန်ပိုင်း တစ်ခုလောက်တော့ နည်းနည်း ဇွဲရှိဖို့လိုတယ်။ တအားငယ်တဲ့ကလေးတွေ ဆိုရင် အရိုး၊ အဆစ်တွေထိသွားမှာကြောက်တယ်၊ စိုး ရိမ်တယ်။ အသက် ၆ နှစ်အထက် ကစပြီး လေ့ကျင့်လို့ရပါတယ်” လို့ ပြောပါတယ်။ ယောဂကို အမျိုးသားေ ရာ၊ အမျိုးသမီးပါ လေ့ကျင့်လို့ရပြီး အမျိုးသမီးတွေက ခန္ဓာ ကိုယ်လှပချင်တာရယ်၊ ကိုယ့်ရဲ့ နေ့စဉ် သွားလာ လှုပ်ရှားမှုထဲမှာ တစ်ခုအပါ အဝင်တွက် ချက်ထားကြပြီး ယောဂဆော့ရင် အကြောတွေ၊ ခန္ဓာ ကိုယ် တွေ ပျော့ပျောင်းသွားမှာဖြစ်တဲ့ အတွက် ယောဂကို အမျိုးသမီးတွေ က ပို နှစ်သက်ကြကြောင်း ဆရာမဂျင်းနီကပြောပါတယ်။ ဆရာမဂျင်းနီက ဗုဒ္ဓဘာသာ ကိုးကွယ် သူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံကလည်း ဗုဒ္ဓ ဘာသာ ထွန်းကားတဲ့ နိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံကို လည်း နှစ်သက်ကြောင်း ၊ မြန်မာ နိုင်ငံကိုရောက်တာ ၆ လရှိနေပြီဖြစ်ကြောင်း၊ ဒီနိုင်ငံမှာ ယောဂ ကိုလေ့ကျင့်တာ သိပ်ထိထိ ရောက်ရောက်မရှိသေး တဲ့အတွက် သင်တန်း ဖွင့်လှစ်သင် ကြားပေးတာဖြစ်ကြောင်း ပြောပါ တယ်။ ယောဂ သင်တန်း ချိန်က မနက် ၇ နာရီမှ ၈ နာရီ၊ ညနေ ၆ နာရီမှ ၇ နာရီထိ အမှတ်-၂၃၇၊ ၃- အေ၊ အနော်ရထာလမ်း၊ (ရွှေပုဇွန်ရှေ့)၊ လမ်းမတော်မြို့နယ်၊ ရန်ကုန် မြို့မှာ သင်တန်း ဖွင့်လှစ်ထားတာဖြစ်ပါ တယ်။ ယောဂကို လေ့ကျင့် တဲ့နိုင်ငံ တွေထဲမှာ တော့ မြန်မာနိုင်ငံက အနည်းဆုံးနိုင်ငံပဲဖြစ် ကြောင်း၊ သြစတြေးလျ၊ စင်ကာပူ၊ တရုတ် နိုင်ငံတွေက ယောဂကျင့်တာ အများဆုံး နိုင်ငံတွေ ဖြစ်ကြောင်း ပြောပါတယ်။ 

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3